မဟာမုနိကေလဇာတီစေတီတော်မြတ်ကြီးသည် တောင်ငူမြို့အမှတ်(၅)ရပ်ကွက်၊ ဘုရားလမ်းနှင့်(၂)လမ်းထောင့်တွင် တည်ရှိပါသည်။
မဟာမုနိကေလဇာတီဘုရားတည်ထားတော်မူသော ကေလာသကုန်းတော်သည်ရှေးယခင် နှစ်ပေါင်းများစွာက တောင်ဖြစ်ခဲ့သည်၊၊
မဟာမုနိကေလဇာတီဘုရားကြီးကို ဆင်ဖြူရှင်ဘုရင့်နောင်နှင့် မိဖုရားသခင်ကြီးတို့မှ ကေလာသကုန်းတော်၌တည်ထားကိုးကွယ်ခဲ့ပြီးမြန်မာသက္ကရာဇ်(၉၁၄)ခုနှစ်၊တော်သလင်း လပြည့်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့ပါသည်။ မူလဘွဲ့တော်မှာ မဟာမုနိကေလဘုရား ဟုတွင်ခဲ့လေသည်။
သက္ကရာဇ်(၉၃၂)ခုနှစ်တွင် သီဟိုဠ်ဘုရင်ထံမှရရှိသောဓာတ်တော်များကို ကေတုမတီမြို့ဆီသို့ ခမ်းနားစွာပင့်ဆောင်လာပြီးဌာပနာတည်ကာဉာဏ်တော်(၇)တောင်မြင့်သောစေတီအဖြစ်ပြုပြင်တည်ထားတော်မူခဲ့ပါသည်။
မူလဘွဲ့တော်ဖြစ်သော မဟာမုနိကေလဘုရားမှ မဟာမုနိကေလစေတီ ဟူ၍ ပြောင်းလဲသမုတ်ခဲ့လေသည်။
ဉာဏ်တော် ၈၁ ပေ
အမျိုးအစား မြေပေါက် စေတီအမျိုးအစားဖြစ်ပါသည်။
ထိန်းသိမ်းမှု အလှည့်ကျဂေါပကအဖွဲ့ဖြင့် ထိန်းသိမ်းစောင့်ရှောက် လျက်ရှိပါသည်။
တည်နေရာ အရှေ့-မက္ကမံလမ်း အနောက်-ဘုရားလမ်း
တောင်-ဦးပန်းဖြူလမ်း မြောက်-နံပါတ်(၂)လမ်း