မြစည်းခုံစေတီတော်မြတ်ကြီး

ဗုဒ္ဓသာသနာတော်အား ကြည်ညိုစောင့်ရှောက်သော မိတ်ဆွေအရိယာနတ်ဘီလူးကြီးနှစ်ပါး

ဗုဒ္ဓသာသနာတော်အား ကြည်ညိုစောင့်ရှောက်သော မိတ်ဆွေအရိယာနတ်ဘီလူးကြီးနှစ်ပါး

လူ့သက်တမ်းအနှစ်(၂၀၀၀၀)တမ်း၌ ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ရဟန်း(၂)ပါးသည် ပရိယတ္တိဓူရ စာပေသင်ကြားပိုချ ကြိုးစားအားထုတ်ရာ ပညာရှိများဖြစ်၍ မကြာမီ ပိဋကတ်(၃)ပုံအလုံးစုံ တဖက်ကမ်း တတ်မြောက်၍ သံဃာ့ကိစ္စ ဝိနည်းအဆုံးအဖြတ်ပြု မထေရ်မြတ်နှစ်ပါးဖြစ်ခဲ့ကြသည်။ မထေရ်မြတ်နှစ်ပါး တိုသည် အဓမ္မဝါဒီရဟန်းတစ်ပါး၏ လက်ဆောင်ပရိက္ခရာ ဝတ်ကြီးဝတ်ငယ် ဖြည့်ကျင့်မှုကိုသာယာပြီး၊ ကဿပဘုရားရှင်၏ ဓမ္မလမ်းအတိုင်း မဆုံးဖြတ်သဖြင့် မထရ်ကြီး နှစ်ပါးတိုသည် ကုက္ကုစ္စဒဏ် နှိပ်စက်အပ်သော စိတ်နှလုံး ရှိကြကုန်ပြီး စုတိပြတ်သေ လွန်သောအခါ တစ်ပါးသည် ဟိမဝန္တာတောင်၌ ဟေမဝတ ယက္ခနတ်ဘီလူးဖြစ်၍ ကျန်တစ်ပါးသည် သာတတောင်၌ သာတာဂိရယက္ခ နတ်ဘီလူးဖြစ်ကြကုန်သည်။ (ဗုဒ္ဓန္တရ အသင်္ချေရ ကပ်ကျော်လွန်၍ လူအသက်(၁၀၀)တမ်း ဂေါတမဘုရားရှင် ပွင့်တော်မူသောအခါ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ဝါဆိုလပြည့် ညသန်းခေါင်ယံအချိန်တွင် ဓမ္မစင်္ကြာတရားဦးကို ကြားနာရ၍ သောတာပန် အရိယာဓမ္မယက္ခ နတ်စစ်သူကြီးဖြစ်လာကြပြီး သာသနာတော်ကို ကြည်ညိုစောင့်ရှောက်သော နတ်စစ်သူကြီး ဘီလူးသူတော်ကောင်းများဖြစ်ကြပါသည်။) ဘုရား၊တရား၊သံဃာ၊မိဘ၊ဆရာသမားများကို ရိုသေပူဇော်သော ပုဂ္ဂိုလ်များအား ငစာင့်ရှောက်စောင်မပေးသည့် နတ်ဘီလူး စစ်သူကြီးနှစ်ပါးဖြစ်ပါသည်။ မဟာဗုဒ္ဓဝင်ကျမ်း၊ဒုတိယတွဲ စာမျက်နှာ(၄၃၀)(ဟေမဝတ သုတ္တန်) ကိုကိုးကား ပူဇော်ပါသည်။