မြစည်းခုံစေတီတော်မြတ်ကြီး

သံဝေဇနိယ(၄)ဌာန

သံဝေဇနိယ(၄)ဌာန

အလှူရှင် – တ.ပ.ခ တိုင်းမှူး ဗိုလ်ချုပ်ကိုကို – ဒေါ်စဝ်နွန်းခွန်ဆမ်နှင့် အရာရှိ အရာခံ အကြပ်တပ်သားများနှင့် အများကောင်းမှု။
ပြီးစီးနှစ် – ပြာသိုလပြည့်ကျော် (၆) ရက် ၁၃၆၆။ (၃၀.၁.၂၀၀၅)

ဖွားတော်မူခန်း

မဟာသက္ကရာဇ် (၆၈)ခုနှစ် ဝိသာခပုဏ္ဏမီခေါ်ကဆုန်လပြည် ကပ္ပလဝပေနှင့် ဒေဝဒဟ လုမ္ဗိနီ အင်ကြင်းဥယျာဉ်တော်၌အလောင်းတော် မင်းသားလေးကို မီးရှူးသန့်စင်ဖွါးမြင်တော်မူ၏အလောင်းတော်မင်းသားသည်ပဒုမ္မာကြာပန်းပေါ်မှ မြောက်အရပ်သို(၇)လှမ်းလှမ်းတော်မူ၍ တလောကလုံးတွင် ငါသာလျှင် အမြတ်ဆုံးဟု ကြွေးကြော်တော်မူလေသည်။

ဘုရားဖြစ်တော်မူခန်း

မဟာသက္ကရာဇ်(၁ဝ၃) ခုနှစ် ဝိသာခပုဏ္ဏမီခေါ်ကဆုန်လပြည်နေ့ ဂါယာမြိုအနီးရှိ မဟာဗေါ်ဓိပင်အောက်၌ အရဟတ္တမဂ်ဉာဏ်ဖြင့် သဗ္ဗညုတဥာဏ်တော်ကိုရရှိပြီး ဘုရားအဖြစ်သိုရောက်ရှိတော် မူလေသည်။

ဓမ္မစင်္ကြာတရားဦးဟောတော်မူခန်း

မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ဝါဆိုလပြည် စနေနေ့ နေဝင် လထွက်သောအချိန်ဗာရာဏသီပြည်အနီးရှိ မိဂဒါဝုန်တောသိုဘုရားရှင်သည်ကြွရောက်၍ ပဉ္စဝဂ္ဂီ(၅)ဦးတိုအားဓမ္မစကြာတရားတော်ကို ဟောကြားတော် မူလေသည်။

ပရိနိဗ္ဗာန်စံတော်မူခန်း 

သက္ကရာဇ်(၁၄၈)ခုနှစ်ကဆုန်လပြည်အင်္ဂါနေ့၌ ဘုရားရှင်သည် ကုသေနာရုံပြည်မလ္လလာမင်းတို၏အင်ကြင်းဥယျာဉ်တော်တွင်မြောက်ဘက်သိုရိုးခေါ်သူ၍တွင်းတော်မူပြီး နောက်တကြိမ် မထတော့ဟုအဓိဋ္ဌာန်ပြု၍ပရိနိဗ္ဗာန်စံတော် မူလေသည် ။