မြစည်းခုံစေတီတော်မြတ်ကြီး

ဘုရားသမိုင်း

ကိုလိုနီခေတ်ဘုရားသမိုင်း

၁၅၄၀ ခုနှစ်တွင်တပင်ရွှေထီးသည် မင်းကြီးဆွေအား တောင်ငူဘုရင်ခံအဖြစ် မင်းရဲ သီဟသူဘွဲဖြင့် ခန့်အပ်ခဲ့သည်။ ထီးနန်းကို တောင်ငူမှ ပဲခူးသို ပြောင်းရွေ့ပြီး တစ်နှစ်ခန့်အကြာတွင် တပင်ရွှေထီးဘုရင်က ပထမဆုံး ခန့်အပ်သော ဘုရင်ခံ ဖြစ်သည်။ တပင်ရွှေထီးသည် အခြားအစေခံတစ်ဦးဖြစ်သော ရှင်နီတာအား ပြည်ဘုရင်ခံအဖြစ် နောင်နှစ်နှစ်အကြာတွင် ခန့်အပ်ခဲ့သေးသည်။နောက်ပိုင်းနှစ်များတွင် တပင်ရွှေထီးသည် မင်းကြီးဆွေအား ရိုသေလေးစားစွာဖြင့် ဆက်လက် ဆက်ဆံခဲ့သည်။ ၁၅၄၅ ခုနှစ်တွင် ပြုလုပ်သော ပဲခူးနန်းတက်ပွဲတွင် မင်းကြီးဆွေသည် ဘုရင်၏ အယုံကြည်ရဆုံး လူယုံတော်အဖြစ် ဘုရင်၏ ညာဘက်တွင် နေရာပေးခြင်း ခံခဲ့ရသည်။၉၀၇ခုနှစ်မှာပင် မင်းကြီးဆွေသည် တောင်ငူတွင် မြစည်းခုံစေတီတော်ကို တည်ထားခဲ့သည်။ကောဇာ ၉၇၄ ခုနှစ်တွင် ကေတုမတီမြိုတော် ပျက်စီးပြီး‌နောက် ညောင်ရမ်းခတ်၊ကုန်းဘောင်ခေတ်များတွင် မြစည်းခုံဘုရားသည် တိမ်မြုပ်ပျောက်ကွယ်နေခဲ့သည်။ကောဇာ ၁၂၁၄ ခုနှစ်(AD 1852) ခုနှစ်တွင် တောင်ငူကိုဗြိတိသျှတိုသိမ်းယူပြီးနာက် မြစည်းခုံစေတီ‌တော်ကိုဖြိုဖျက်၍ ဌာပနာတိုက်ကို ယူဆောင်သွားကြသည်။မြေအောက်ဌာပနာတိုက်ကိုဖုံးအုပ်ထားသော ဧရာမ ကျောက်ဖျာကြီး(၃)ခုကို ဆင်နှင့်ဆွဲယူရသည်။ကျွဲဖြင့်ဆွဲယူနိုင်သော ကျောက်ဖျာငယ်ငါးချပ်ကို ဘုရားကုန်းတော်ပေါ်တွင်တွေ့မြင်နိုင်ပါသည်။ထိုကြောင့် ၁၈၇၃ ခုနှစ်က မြေပုံတွင် ဘုရားနေရာပျောက်နေသည်ကိုတွေ့ရပါသည်။ကျွဲဖြင့်ဆွဲယူနိုင်သော ကျောက်ဖျာငယ်ငါးချပ်ကို ဘုရားကုန်းတော်ပေါ်တွင်တွေ့မြင်နိုင်ပါသည်။ထိုကြောင့် ၁၈၇၃ ခုနှစ်က မြေပုံတွင် ဘုရားနေရာပျောက်နေသည်ကိုတွေ့ရပါသည်။

ကြေးရုပ်ကြီးများသမိုင်း

ဘုရားရင်ပြင်တော်ပေါ်တွင် ပြသထားသော ကြေးရုံကြီး ၄ ခုရှိသည်။ မက်တပ်ရပ်လူရုပ်ကြီးနှင့် ခေါင်း၃လုံးပါဧရာဝဏ် ဆင်ရုပ်တို့မှာယိုးဒယားမှ ယူဆောင်လာခြင်း ဖြစ်သည်။ ကောဇာသက္ကရာဇ် ၉၂၅ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီး အယုဒ္ဓယမြို့ကို အောင်မြင်သောအခါကြေးရုပ်ကြီးများကို ဟံသာဝတီသို့ သယ်ဆောင်လာခဲ့သည်။ ကြေးရုပ်ကြီးများမှာ ခမာနိုင်ငံ အန်းကော မြို့တော်မှ ဖြစ်သည်။ အယုဒ္ဓယဘုရင် ခမာကို စစ်နိုင်သောအခါ အယုဒ္ဓယသို့သယ်ဆောင်လာခြင်းဖြစ်သည်။ ထိုမှတဆင့် ဟံသာဝတီသို့ရောက်လာခြင်းဖြစ်သည်။ AD 1599တွင် တောင်ငူမင်းရဲသီဟသူ နှင့် ရခိုင်ဘုရင် မင်းရာဇာကြီးတို့ ဟံသာဝတီကို တိုက်ခိုက်သောအခါ တောင်ငူသို့ ထိုင်းကြေးရုပ်ကြီး ၂ ခုယူဆောင်လာခဲ့သည်။ ကျန်ကြေးရုပ်များမှာ ရခိုင်ဘုရင်က ယူဆောင်သွားသည်။ ဘိုးတော်ဘုရားလက်ထက် ရခိုင်ကို သိမ်းပိုက်သောအခါ မဟာမုနိရုပ်ပွားတော် နှင့် အတူ ကြေးရုပ်ကြီးများကို အမရပူရသို့ ယူဆောင်လာခဲ့သည်။ ယခုမဟာမုနိ ဘုရားမြောက်ဘက်တွင် တန်ဆောင်းနှင့်ထားရှိသည်။ ကျန်ရှိသော ထိုင်လျက် ကြေးရုပ် ၂ ခုမှာဂျာမန်လူမျိုး ဗုဒ္ဓဘာသာကိုးကွယ်သူ မစ္စတာရော်ဘင်က မြစည်းခုံဘုရားအရှေ့ဘက်ရှိ ရွှေကျောင်းတွင် လှူဒါန်းခဲ့သော ကြေးရုပ်များဖြစ်သည်။ တခုမှာ ဆင်ပေါ်တွင်ထိုင်လျက်၊ နောက်တခုမှာ ခြင်္သေ့ပေါ်တွင်ထိုင်လျက်ဖြစ်သည်။ ရွှေကျောင်းမှာ ယခုသာသနာ့ဗိမာန်နေရာရှိ ကျောင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက ပျက်စီးသွားခဲ့သည်။

‌မြစည်းခုံစေတီတော်မြတ်ကြီး၏ မူလဒါယိကာ၊ဒါယိကာမ

၁၅၄၀ ခုနှစ်တွင်တပင်ရွှေထီးသည် မင်းကြီးဆွေအား တောင်ငူဘုရင်ခံအဖြစ် မင်းရဲ သီဟသူဘွဲဖြင့် ခန့်အပ်ခဲ့သည်။ ထီးနန်းကို တောင်ငူမှ ပဲခူးသို ပြောင်းရွေ့ပြီး တစ်နှစ်ခန့်အကြာတွင် တပင်ရွှေထီးဘုရင်က ပထမဆုံး ခန့်အပ်သော ဘုရင်ခံ ဖြစ်သည်။ တပင်ရွှေထီးသည် အခြားအစေခံတစ်ဦးဖြစ်သော ရှင်နီတာအား ပြည်ဘုရင်ခံအဖြစ် နောင်နှစ်နှစ်အကြာတွင် ခန့်အပ်ခဲ့သေးသည်။နောက်ပိုင်းနှစ်များတွင် တပင်ရွှေထီးသည် မင်းကြီးဆွေအား ရိုသေလေးစားစွာဖြင့် ဆက်လက် ဆက်ဆံခဲ့သည်။ ၁၅၄၅ ခုနှစ်တွင် ပြုလုပ်သော ပဲခူးနန်းတက်ပွဲတွင် မင်းကြီးဆွေသည် ဘုရင်၏ အယုံကြည်ရဆုံး လူယုံတော်အဖြစ် ဘုရင်၏ ညာဘက်တွင် နေရာပေးခြင်း ခံခဲ့ရသည်။ယင်းနှစ်မှာပင် မင်းကြီးဆွေသည် တောင်ငူတွင် မြစည်းခုံစေတီတော်ကို တည်ထားခဲ့သည်။