“ညီနောင်မြတ်စောအရှေ့တော၊
ကျောက်ဆောက်ရှင်ပင်အနောက်ခွင်
လူရှင်ကြည်ဖြူမြို့တောင်ငူ၊
ခပေါင်းချောင်းနှင့်ပေါင်းလောင်းတခွင် လွန်စည်ပင်
ပြည်ခွင်တိုင်းကြီးတည်လတ္တံ “
သီဟသူရမဟာဓမ္မရာဇာဘွဲ့ခံ တောင်ငူဘုရင်မင်းခေါင်သည် နောင်တောင်ဘုရင့်နောင်မင်းတရားကြီးနှင့်အတူ ယိုးဒယားတစ်ပြည်လုံးကို သိမ်းကျုံးအောင်မြင်ပြီး စစ်စခန်းမှ နေပြည်တော်သို့ ပြန်ရောက်လာချိန်တွင် ဆံတော်ရှင်ဘုရားကို စတင်တည်တော်မူသည်။
သက္ကရာဇ် ၉၃၂ခုနှစ် ။ ။ တပေါင်းလပြည့်နေ့တွင်ရွှေအုတ်ငွေအုတ်ချတော်မူသည်။
သက္ကရာဇ် ၉၃၄ ခုနှစ်။ ။အောက်ပစ္စယံ၃ဆင့်ကိုတည်ဆောင်ပြီးစီးသည်။
သက္ကရာဇ်၉၃၅ခုနှစ်။ ။တန်ခူးလတွင် စပိတ်မှောက်အဆင့်ကိုစတင်ပြုလုပ်သည်။
သက္ကရာဇ်၉၃၉ခုနှစ်။ ။ကြာမှောက်ကြာလန်အဆင့်သို့ တက်၍ တည်ဆောက်သည်။
သက္ကရာဇ်၉၄၀ခုနှစ်။ ။ သီတင်းကျွတ်လပြည့်ကျော် (၈)ရက်နေ့တွင် ဆံတော်ရှင်ဘုရားကိုထီးတင်တော်မူသည်။
စိန်ဖူးတော် ပေ၂၀၀
ငှက်ပျောဖူထိပ် ၁၆၅ ပေ
ထီးတော်အောက်နား ၁၆၂ ပေ ၇ လက်မ
အထက်ကြာနု ၁၄၀ ပေ ၆ လက်မ
အောက်ကြာနုနှင့် ပေါင်းရစ်တော်ထိပ် ၁၂၂ ပေ ၇ လက်မ
ပန်းဆွဲ ၉၆ ပေ
ရင်စီး ၈၁ ပေ ၁၁ လက်မ
ခေါင်းလောင်းအနား ၆၇ ပေ ၁၀ လက်မ
အထက်ပစ္စယာ ၁၈ ပေ
အောက်ပစ္စယာ ၁၀ ပေ ဘိနပ်တော်
လုံးပတ်တော်မှာ သံတောင် – (၁၅၄ဝ)အဝန်း
ဉာဏ်တော်အရပ် သံတောင် – (၁၂ဝ)
မဟာရံတံတိုင်းအမြင့်မှာ – သံတောင် (၁၀ )
တာဝန်း- တာပေါင်း (၁၆ဝ)
သာသနသီရိ မဟာဝေပုလဓဇ တန်ခွန်တိုင် ဓမ္မစေတီတော်
တောင်ငူမြို့ ၊ မင်းကြီးညိုရင် ဦးမြင့်အောင် + ဒေါ်လှညွန့် မိသားစုတို့ မှ သမိုင်းဝင်ရွှေဆံတော် ကုန်းတော်မြတ်၌ တည်ထားစိုက်ထူ ပူ ဇော်လှူဒါန်းအပ်ပါသော သာသနသီရိ မဟာဝေပုလဓဇ တန်ခွန်တိုင် ဓမ္မစေတီမြတ်ကို တည်ထားကိုးကွယ် ပူဇော်ရခြင်း၏ အကျိုးဆုတောင်း
ဤသို့ယခုမြတ်ကောင်းမှု၏ပြုပြု သမျှဘို့ဘာဂကိုမိဘဆရာညာတကာနှင့် ဒေဝါအများနတ်သကြားနှင့်ထက်ဖျား ဗြမ္မာအောက်မှာဝီစိ တိုင်အောင်ဘိသား (၃၁) ဘုံ သား ဝေနေများကိုရငြားစေမှု မျှဝေပြုသည် များဆွေသာဓု ခေါ်နိုင်ကြပါစေ
သာသနာသက္ကရာဇ် ၊ ၂၅၅၄ ၊ ခုနှစ် ကောဇာသက္ကရာဇ် ၊ ၁၃၇၂ ၊ ခုနှစ် တပိုတွဲညွှန်း(၁၅) ရက် သောကြာနေ ခရစ်သက္ကရာဇ် ၊ ၂၀၁၁ ‘ ခုနှစ် ဖေဖော်ဝါရီလ (၁၈) ရက်
ဦးမြင့်အောင် + ဒေါ်လှညွန့် သား ၊ သမီး ၊ မြေး ၊ မြစ် ၊ မိသားစု မင်းကြီးညိုရပ် ၊ တောင်ငူမြို့