တောင်ငူကောင်းမှုတော်ဘုရားကြီး၏ ဒါယကာ ဒါယိကာမများဘွဲ့ (တေးထပ်ကဗျာ)
သာသနာသက္ကရာဇ်
တွက်စစ်ကြည့်သေချာ
နှစ်ထောင်က ကိုးဆယ်သာပြီ၊
လေးနှစ်ပါမှတ်ထား။
မြို့ကေတုနာဂရာမှာ၊
ဘုန်းထောက်တာ ထူးတဲ့ယောကျ်ား
ငယ်မည်က ရဲထွတ်မှန်သည်၊
ဘွဲ့နာမံထင်ရှား။
ဘုရင့်နောင်တော်ဘုရားရယ်လို၊
ကျော်ကြားသည့်ရာဇာ၊
ကောင်းမှုတော်စေတီမြတ်ကိုလ၊
ဆည်းကပ်၍ တည်ခဲ့ပြန်တာ၊
မြောက်သားမြတ်အတုလာငယ်၊
သီရိမှာ ရာဇကပ်ပါလို့၊
အဆုံးသတ်တဲ့ဘွဲ့နာမည်၊
ရာဇဒေဝီ။ ။
ကောင်းမှုတော်ဒါယိကာမည်သည်
စဉ်အရှည် မှတ်ကြတော့လေး။ ။
ဆရာဦးတင်ဆွေ
ဘီအေ-ဘီအီးဒီ
၁၃ ရပ်ကွက်တောင်ငူမြို့။
သမိုင်းအကျဉ်း
တောင်ငူမြို့၊ ကေတုမတီနန်းတော်အပြင်ဘက်၊ ကောင်းမှုတော်ရွာအတွင်းတွင် တည်ရှိ ပါသည်။ ဘုရင့်နောင်မင်းတရားကြီးက ပြည်မြို့ကို ပထမအကြိမ် တိုက်ခိုက်ရာ အောင်မြင် ခြင်းမရှိသဖြင့် တောင်ငူသို့ ပြန်လည် ဆုတ်ခွာခဲ့ရပြီး ဒုတိယအကြိမ် မတိုက်ခိုက်ခင် သက္ကရာဇ် ၁၅၅၁ ခုနှစ်၌ ဤကောင်းမှုတော်စေတီအား တည်ထားကိုးကွယ်ကာ စေတီတော်မှ အောင်မြေကိုနင်း၍ သွားရောက်တိုက်ခိုက်ရာ အောင်မြင်သဖြင့် ကောင်းမှုတော် စေတီ (သို) ဘုရင့်နောင်အောင်မြေဟု ခေါ်တွင်သည်ဟု သိရပါသည်။ ခရစ်နှစ် ၁၆၀၂ ခုနှစ် တွင် ဘုရင့်နောင်၏တူတော် ရွှေနန်းတည်မင်းတရားနှင့် မိဖုရားတို့မှ ဉာဏ်တော် ငါးတောင် နှစ်မိုက်မြှင့်၍ ပြုပြင်မွမ်းမံခဲ့သည်။ ဗြိတိသျှလက်ထက်တွင် စေတီတော်သည် ပျက်စီး ယိုယွင်း၍ ခြုံနွယ်များ ဖုံးလွှမ်းနေခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၄၁ ခုနှစ် (အေဒီ ၁၈၇၉) တွင် ရခိုင်စုရွာသား ဦးဖိုးချွန်းက ချုံနွယ်များဖုံးလွှမ်းနေသော စေတီတော်ကို ပြန်လည်တွေ့ ရှိခဲ့သဖြင့် မြို့သူမြို့သားများက ဝိုင်းဝန်းပြုပြင်မွမ်းမံ၍ ထီးတော်သစ် တင်လှူပူဇော်ခဲ့ကြ ပါသည်။