ငါးထပ်ကြီးဘုရားကြီးသည်ပဲခူးတိုင်းဒေသကြီး၊ဖြူးမြို့နယ်၊ကညွတ်ကွင်းမြို့၏မြို့တောင်အရပ်တွင်တည်ရှိပါသည်။အကျယ်အဝန်း(၄.၀၀၃)ဧကရှိပြီး ဉာဏ်အမြင့်မှာ(၃၂)တောင်တစ်မိုက်နှင့်အမြင့်အားဖြင့်အတောင်(၃၀)ရှိပါသည်။ထို့အပြင်အလျားအနံပါတ်လည်၃၆တောင်၁မိုက်ရှိသောဂန္ဓကုဋီတိုက်နှင့်ရုပ်ပွါးတော်မြတ်ကြီးအားတည်ထားပူဇော်ထားပါသည်။ထို့ကြောင့်ငါးထပ်ကြီးမြတ်စွာဘုရားကြီးသည်လွန်စွာကြည်ညိုသပ္ပာယ်ဖွယ်ကောင်းပါသည်။