စိန်သာလျောင်းဘုရားကြီးသည် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများအနက် တစ်ဆူဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင်တည်ရှိသည်။

စိန်သာလျောင်းဘုရား၏ ဒါယကာများမှာ ပုဂံစောနစ်မင်းနှင့် ပဲကူးဘုရင်ခံ ဒုတိယမြောက် မိဂါဒိပ္ပတိုဖြစ်ကြ၏၊ ယင်းပုဂံဘုရင်များ၏ နန်းစံခုနှစ်များမှာ ၆၆၂ ခုမှ ၆၉၃ ခုထိဖြစ်သည်၊ ပဲကူးတိုင်းစာရေးသည် ၆၆၃ ခုမှ ၆၇၃ ခုထိ ပဲကူးကို စား၏။ သိုဖြစ်၍ စိန်သာလျောင်းကို ၆၆၃ ခုနှင့် ၆၇၃ ခုအတွင်း တည်သည်ဟု တွက်ချက်ရပါမည်။ ၎င်းဆင်းတုကို ကလျာဏီကျောက်စာ၌ ပါဋ္ဌိလို(မဟာဗုဒ္ဓရူပ)ဟု ရေးထိုးခဲ့သည်။
ပဲခူးမြို အရေးပိုင်ရုံး၊ ဝန်ထောက်ဦးဖြူနှင့် အမှုထမ်းများပါဝင်သည့် မဟာဒုက်အသင်းက ခြုံနွယ်သစ်ပင်များ ဖုံးအုပ်နေသော ရုပ်ပွားတော် ကို ပြန်လည်ပြုပြင်ပြီးသောအခါ စိန်သာလျောင်းဟု ဘွဲအသစ်ဆက်ကပ်ခဲ့ကြသည်။ ထိုနှစ်ကား ၁၂၃၉ ခုနှစ်ဖြစ်သည်။

ပဲခူးမြိုနယ်အတွင်း ဘုရားစေတီ ၇၈ ဆူ အပါအဝင် သမိုင်းဝင် သာသနိက အဆောက်အအုံများအနက် စိန်သာလျောင်းရုပ်ပွားတော်မြတ်ကြီးမှာ ထင်ရှားသောရုပ်ပွားတော်တစ်ဆူဖြစ်ပါသည်။ယခုအခါ စိန်သာလျောင်းရုပ်ပွားတော်ကြီ:၏ သံတန်ဆောင်းတော်ကြီးကို  ကွန်ကရိအစားထိုး တိုင်များဖြင့် အသစ်ပြန်လည် တည်ဆောက်ပြီးဖြစ်ပါသည်။

အမျိုးအစား    –   လျောင်းတော်မူရုပ်ပွားတော်ဖြစ်ပါသည်။

အရွယ်အစား   –    အလျား ၁၃၄ ပေ ၆ လက်မ၊ အမြင့် ၂၈ ပေ  ၉ လက်မ ရှိ                                                 ပါသည်။

ထိန်းသိမ်းမှု     –    စိန်သာလျောင်းအလှည့်ကျဂေါပကအဖွဲ့မှ ထိန်းသိမ်းစောင့်                                             ရှောက်လျှက်ရှိပါသည်။