တောင်ငူမြိုသည်မြန်မာ့သမိုင်းတွင် ထင်ရှားသော မြိုကြီးတမြို ဖြစ်ပါသည်။ မြန်မာ တနိုင်ငံလုံးကို စုစည်းနိုင်ခဲ့သော ပုဂံခေတ်အပြီးတွင် မြိုပြနိုင်ငံငယ် အများအပြား ပေါ်ပေါက်လာကြသည်။ မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ ပြည်၊ တောင်ငူစသဖြင့် ဒေသအလိုက် အုပ်ချုပ်ခဲ့ ကြသည်။ မင်းကြီးညိုလက်ထက်တွင် တောင်ငူထီးနန်းသည် အင်အား ကြီးထွားလာကာ သားတော် တပင်ရွှေထီးနှင့် ဘုရင့်နောင်တို လက်ထက်တွင် တနိုင်ငံလုံးသာမက အရှေ့တောင်အာရှအထိ စည်းရုံး သိမ်းသွင်းနိုင်ခဲ့ကာ ဒုတိယမြန်မာနိုင်ငံတော်ကြီး (တောင်ငူ အင်ပါယာ) ကိုတည်ထောင်နိုင်ခဲ့သည်။ ထိုမျှသာမက ဘုရင့်နောင်၏ သားတော် တပါးဖြစ်သော . ညောင်ရမ်းမြိုစားမင်းသားက ခမည်းတော် ဘုရင့်နောင်၏နိုင်ငံတော်ကြီးကို ဆက်လက်ထိန်းသိမ်းကာ ညောင်ရမ်းခေတ် အဖြစ် နှစ်ပေါင်း နှစ်ရာခန့်တည်တံ့ခိုင်မြဲခဲ့သည်။ကောဇာသက္ကရာဇ် ၉၀၇ ခုနှစ်တွင် ကေတုမတီမြိုအတွင်း တောင်ငူဘက်မြိုရိုးအနီး မောင်းမကန်အနောက်ဘက်ကုန်းတော်ဇောင်ချမ်းတောင်ရပ်၊(၁၄)ရပ်ကွက်၊ တောင်ငူမြိုတွင် မြစည်းခုံစေတီတော်ကို တောင်ငူဘုရင်ခံ မင်းရဲသိင်္ခသူ (မင်းရဲသီဟသူ)က တည်ထားကိုးကွယ်သည်။ဉာဏ်တော် သံတောင် ၉၀ လုံးပါတ်တော် သံတောင် ၁၅၀ ရှိသည်။ မြတ်စွာဘုရား၏ သရီရဓါတ်တော်မွေတော်များ ထူးမြတ်သော ရတနာပေါင်းစုံကို ဌာပနာ၍ စေတီတော်တည်သည်။ ဌာပနာသော ရတနာများထဲတွင် အထက်ဌာပနာတိုက်တွင် ထူးမြတ်သော “မြဘုရား”၊ အောက်ဌာပနာတွင် “မြပုခက်” တိုပါဝင်သည်ကို အကြောင်းပြု၍ စေတီတော်ကြီးကို “မြစည်းခုံ” ဟု ဘွဲတော်တွင်ခြင်း ဖြစ်ပါသည်။
ဂန္ဓကုဋီတိုက်အတွင်း ဂြိုလ်တိုင်(၈)တိုင်တွင် ရုပ်ပွားတာ်အားပူဇော်ရန် ဆီးမီး၊ရေချမ်းများ ကပ်လှူနိုင်ပါသည်။ရွှေသက်န်းများကိုလည်း အမျိူးသားများ ကိုယ်တိုင်ကိုယ်ကျကပ်လှူနိုင်ပါသည်။အရှေ့ဘက်အာရုံတန်ဆောင်း၌ မှန်စီရွှေချပုထိုးတာ်ကြီးအဖြစ် ၁၃၂၆ခုနှစ်တွင် မြိုသူမြိုသားကုသိုလ်ရှင်အပေါင်းတိုမှ ဆောက်လုပ်လှူဒါန်းပါသည်။တောင်ငူမြို၏တစ်ဆူတည်းသော မှန်စီရွှေချ ပုထိုးတော်ကြီးဖြစ်ပါသည်။