ဘုရားသမိုင်းအကျဉ်း
မြတ်စွာဘုရားရှင်သည် ဂဝံပတိရဟန္တာအရှင်မြတ်ကြီး၏ ပင့်ဖိတ်ချက်အရ ဝါတော်ရှစ်ဝါမြောက်တွင် သုဝဏ္ဏဘူမိ တိုင်းကို ရဟန္တာအရှင်သူမြတ်များခြံရံ၍ ကြွချီတော်မူခဲ့ပါသည်။ ဘုရားရှင်က မင်းနှင့်တကွသော တိုင်းသူပြည်သား များကို တရားရေအေးများတိုက်ကြွေးတော်မူခဲ့ပါသည်။ သီတင်းသုံးတော်မူနေစဉ် ရသေ့ကြီးများ၏ တောင်းပန် လျှောက်ထားချက်အရ မြတ်စွာဘုရားရှင်က ရသေ့ခေါင်းဆောင်ထဲက တိဿ နှင့် ဒိဗ္ဗ ရသေ့ကြီးတို့ကို ဆံတော် (၂) ဆူဆီ ချီးမြှင့်ခဲ့ပါသည်၊။ တိဿ ရသေ့ကြီးက သိကြားမင်းအကူအညီဖြင့် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ် ကြီးကို တည်ထားကိုးကွယ်ခဲ့ပြီး ရသေ့ကြီး ဖိုးဒိဗ္ဗက စေတီမတည်သေးဘဲ ဆံတော်မြတ်တွေကို ထိန်းသိမ်း စောင့်ရှောက်ခဲ့ပါသည်။
ကောဇာသက္ကရာဇ် ၁၈၇ ခုနှစ်၊ ဟံသာဝတီပြည်တွင် သမလမင်း ထီးနန်းစိုးစံပြီး ညီတော် ဝိမလကို အိမ်ရှေ့စံအရာ ထားခဲ့ပါသည်။ နန်းသက် ၂ နှစ်အကြာတွင် ရွှေဖရုံပွင့်ထဲတွင် သန္ဓေတည်၍ မွေးဖွားခဲ့သော မွန်ဘာသာဖြင့် ကပိထော မြန်မာဘာသာဖြင့် ရွှေဖရုံမယ်အမည်ရှိ မိန်းမပျိုကို မိဖုရား တင်မြှောက်ခဲ့ပြီး သားတော် တစ်ပါး ဖွားမြင်ခဲ့ရာ အသမင်းသားဟု အမည်တွင်ပါသည်။ နန်းသက် ၁၂ နှစ်တွင် ညီဖြစ်သူ ဝိမလက နောင်တော် သမလမင်းကြီးကို လုပ်ကြံသဖြင့် သမလမင်း ကံတော်ကုန်ပြီး အိမ်ရှေ့စံ ညီတော် ဝိမလ နန်းတက်လာခဲ့ပါသည်။ ရွှေဖရုံမယ်ကိုဘဲ မိဖုရား မြှောက်ခဲ့သော်လည်း မွေးကင်းစအရွယ် တူတော်သူ အသကုမ္မာမင်းသားကို သတ်ဖြတ်စေ ဟု အမိန့်တော်ချရာ မိခင်ဖြစ်သူ ရွှေဖရုံမယ်က ခလေးကို ယူဆောင်ကာ ကျွဲကျောင်းရာအရပ်နှင့် နီးသော တောစပ် တွင်ဖုန်းကွယ်ကာ ဝှက်ထားခဲ့ပါသည်။ နန်ကရိုင်းဟု အမည်ရှိ ကျွဲမကြီးက နို့ချိုတိုက်ကျွေး၍ ပြုစု စောင့်ရှောက် မွေးမြူခဲ့ပါသည်။ အသကုမ္မာမင်းသားလေးသည် နယ်စွန်နယ်ဖျားတွင်ကြီးပြင်းခဲ့ပြီး အရွယ်ရောက်ခဲ့ပါသည်။ အရွယ်ရောက်ချိန်တွင် ဘုန်းလက်ရုံး ခွန်အားဗလနှင့် ပြည့်စုံပြီး ဟံသာဝတီကို ကျူးကျော်လာသည့် အရပ် (၇)ပေရှိ ဘင်္ဂလားလူမျိုးကို လှံဖြင့် ထိုးသတ်အနိုင်ယူနိုင်ခဲ့ပါသည်။ ဝိမလမင်းက သူရဲကောင်း အသကုမ္မာမင်းသားကို တူတော်မှန်းသိရှိသွားပြီး သက္ကရာဇ် (၂၁၆) ခုနှစ်တွင် ဟံသာဝတီ ထီးနန်းကို လွှဲပြောင်းပေးခဲ့တဲ့အတွက် အသကုမ္မာဆိုသော အမည်ဖြင့် ဟံသာဝတီပြည်ကြီးကို စည်ပင်ဝပြောအောင် အုပ်ချုပ်မင်းလုပ်ခဲ့ပါသည်။ ဟံသာဝတီထီးနန်းကို စိုးစံပြီး ရှေးဦးစွာ ရွှေမောဓောစေတီတော်ကြီးကို ဉာဏ်တော် တိုးမြှင့်ပူဇော်ခဲ့ပြီး ထီးတော်အသစ်တင်ခြင်း၊ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ခမည်းတော် သမလမင်းကြီးနှင့် ဘိုးတော် ဒိဗ္ဗ ရသေ့ကြီးတို့ ကိုးကွယ်ခဲ့သည့် မြတ်စွာဘုရားရှင်၏ ဆံတော်မြတ်ကို စေတီတည်ဖို့ရန် ဘူမိနက်သန် ရှာဖွေခဲ့ရာ ငယ်စဉ်က ၎င်းနေထိုင် ကျက်စားခဲ့သော တောတောင်စိမ့်စမ်းနှင့် အံ့မခန်းလှပတဲ့ အနောက်ရိုးမ တောင်ထွဋ် တစ်ခုတွင် တောင်ကံ့ကော်ပင်များထူးထူးခြားခြား စုဝေး ပေါက်ရောက် နေတဲ့တောင်မှာ စေတီတော်တစ်ဆူတည်ခဲ့ပြီး ဒေးစွန်ပါလို့ အမည်တွင်စေခဲ့ပါသည်။ ယခုအခါ ဒေးစွန်ပါစေတီ တော်သည် နှစ်ပေါင်း တစ်ထောင်ကျော် ကြာမြင့် ခဲ့ပြီဖြစ်ပါသည်။
ထင်ရှားရသောအကြောင်းရင်း
ရှေးက ဒေးစွန်ပါအရပ်သည် တောတောင်ထူထပ်ကာ လူသူတိတ်ဆိတ် အရောက်အပေါက် နည်းသော ကြောင့် သူတော်စင်များ လာရောက်ခိုအောင်းကာ တရားအားထုတ်ကြပါသည်။ သူတော်စင်များ တရားအားထုတ် ကြသည့်ဒေသဖြစ်ပြီး ဒေးစွန်ပါနယ်မြေသည် သိုက်နန်းရှင်များနှင့် မမြင်အပ်သည့် ပရလောကသားများရှိနေသည်ဟု ကြော်ကြားရာ အရပ်လည်းဖြစ်ပါသည်။ ဒေးစွန်ပါအရပ်ရှိ ဒေသခံများ အမြဲကြုံတွေ့ရသည့် သဘာဝလွန်ဖြစ်ရပ်များ ကြောင့်လည်း ဒေးစွန်ပါသည် ထင်ရှားပါသည်။ သမာဓိအားစမ်းလိုသူများနှင့် သိုက်ဆက်ရှိရာပုဂ္ဂိုလ်များ အထူး စိတ်ဝင်စားရာနေရာဖြစ်ခဲ့ပြီး သာသနာပြုနတ်များ၊ ဝိဇ္ဇာ၊ ဇော်ဂျီ တပသီများ နှစ်ပေါင်းများစွာ မဟာဂန္ဓာရီဖြစ်ဖို့ ကျင့်ကြံနေထိုင်ကြရာဒေသလည်းဖြစ်ပါသည်။ ဒေးစွန်ပါအနီးရှိ တောနက်များတွင် ဆင်ရိုင်းများ ခိုအောင်းနေထိုင် ကြပြီး ဆင်ပုန်းတောရဘေးမှ ယခုအခါ တိမ်ကောစပြုနေပြီဖြစ်သော စံချောင်းရေထွက်မှာ ရေစီးသန်တဲ့အတွက် ဆင်မကြီးတစ်ကောင် ပြုတ်ကျသေဆုံးခဲ့လို့ ဆင်မကျချောင်းလို့ ခေါ်ခဲ့ကြပါသည်။ လွန်ခဲ့သော နှစ်အတော်ကြာက လယ်သမားဦးကြီးတစ်ယောက်တောထဲသွားရင်း ဆင်ရိုင်းအနင်းခံရ၍ သေဆုံးခဲ့ဘူးပါသည်။ ဒီလို ဆင်ကျားသားရဲ ပေါတဲ့ တောထဲမှာပေမယ့် သူတော်စင်များ အန္တရာယ်ကင်းစွာ တရားအားထုတ်နိုင်ကြကြောင်း သိရှိရပါသည်။
ယခုလက်ရှိဒေးစွန်ပါသာသနာမြေတွင် ဘုန်းကြီးကျောင်းပေါင်း ၁၀၀ ကျော်အထိတိုးတက်ပြီး လူနေအိမ်များ ဖြင့် စည်ကားလာနေပါသည်။
ဂန္ဓာရီ ဆိုသည်မှာ ရှေးတုန်းက ဆင်များ ကျက်စားခဲ့ရာ ပဲခူးရိုးမ တောင်စပ်၊ ဒေးစွန်ပါ တောင်ခြေမှ ဆင်ပုန်းတောရ ဆရာတော် အလိုအရ ဂန္ဓရီ ဆိုသည်မှာ ထူးခြားသော အတတ်ပညာရှိသူ၊ အသိပညာရှိသူ လို့ ဆိုသည်။
(Facebook က စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)
ဂန္ဓာရီ မှာ စူဠ နဲ့ မဟာ နှစ်မျိုး ရှိပြီး ၃၇ မင်း စသော ယက္ခ၊ ဂုမ္ဘာန် အောက်နတ်များကို စူဠခေါ်ပြီး၊ သာသနာစောင့် အထက်နတ်များ နဲ့ ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီများကို မဟာခေါ်သည်။
မဟာ ဂန္ဓာရီဖြစ်ဖို့ ကျင့်ကြံသူများသည် လူသူတိတ်ဆိတ်၍ ထူးခြားဝိသေသရှိသော တောတောင်တွေဆီ ဧကစာ သွားရောက်ကာ မိမိတို့ သိဒ္ဓိ မဟိဒ္ဓိ ကိစ္စများ ပြီးမြောက်ရန် လပေါင်း နှစ်ပေါင်း များစွာ ကျင့်ကြံ အားထုတ်ကြရသည်။ ဒေးစွန်ပါ သည် မဟာဂန္ဓာရီ ဖြစ်ဖို့ ကျင့်ကြံသူများသည် လူသူတိတ်ဆိတ်၍ ထူးခြားဝိသေသရှိသော တောတောင်များ(၁၂ ဌာန) တွင် တစ်ခု အပါအဝင်ဖြစ်သည်။
ဒေးစွန်ပါ သည် ပဲခူးရိုးမ တောင်တန်းကြီး၏ တောင်ဆုံး အစွယ်အပွား တောင်ကုန်းငယ်လေး တစ်ခု အပေါ်တွင် တည်ရှိပါသည်။ မြတ်စွာ ဘုရားရှင်က “ ဟံသာဝတီပြည်ကြီး ပေါ်ထွန်းမည်။ အရှေ့အရပ်မှ မင်းညီနောင် နှစ်ပါး သာသနာ ပြုကြမည်၊ ရွှေမော်ကျောက်စွန်း ဝနျဓောစတေီ တည်ရှိရာ ကျောက်စွန်း ဝနျးကငြျတှငျ တောင်ကုန်းပေါင်း ၅၇ ကုန်း ပေါ်ပြီး လူအများက စေတီ တည်ထား ကိုးကွယ်လိမ့်မည်” ဟု ဗျာဒိတ်ပေးခဲ့ကြောင်း ရှေးစာများအရ သိရသည်။ ထို ဗျာဒိတ်ကုန်း များအနက် ဒေးစမ္ပာ မှာ ယနေ့ ဒေးစွန်ပါ ဖြစ်ပါတော့သည်။
(Facebook က စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)
ဒေး စွန် ပါ
ဒေး ဆိုသည်မှာ မွန် ဘာသာလို တောင်ကုန်း၊ စမ္ပာ ဆိုသည်မှာ ကံ့ကော်ပင် “တောင်ကံ့ကော်ပင် တွေ ပေါက်ရာ တောင်တော်” လို့ အဓိပ်ပ္ပါယ် ရပါသည်။ နောက်တနည်း ပအို့ဝ်လို ဒေး က ဖား၊ သွန် က သုံး ၊ ပါ (သို့) ဖရာ က ဘုရား လို့ မှတ်သားဖူးပါသည် ။ အခုလမ်းသည် နောက်မှ ဖောက်လုပ်ထားသောလမ်း ဖြစ်ပီး ပွဲတော် အခါရက်များမှာ ဝိဇ္ဇာများ တက်သော လမ်းက ဆင်ဖြူ ရတနာဓမ္မရိပ်သာနဲ့ သီဟိုဠ်ခြံ အကြားက လမ်းလေးဟု သိရပါသည် ။
ညောင်လေးပင်, ပြွန်တန်ဆာ, ဒိုက်ဦး သုံးပွင့်ဆိုင် ဘက်က လာရင် လမ်းမှာ ဖားသုံးကောင် တွေ့ရမည်ဖြစ်သည်။ တစ်ကောင်မှာ ရွှေစေတီ၊ တစ်ကောင်က သုံးဆယ့်တစ်ဘုံနား နှင့် နောက်တစ်ကောင် ကိုတော့ စရဏ ကောင်းရင် တွေ့ရလိမ့်မယ်လို့ ဆရာတစ်ပါး မိန့်ဆိုထားတာ မှတ်သားဖူးပါသည်။
ဒေးစွန်ပါနယ်မြေသည် သိုက်နန်းရှင်တွေအပြင် မမြင်အပ်သော ပရလောကသား တွေပါ ရှိနေသည့်အတွက် သမာဓိအား စမ်းလိုသူများ နဲ့ သိုက် နဲ့ ဆက်နွယ်နေသူများအတွက် စိတ်ဝင်စားဖွယ် နေရာတစ်ခု ဖြစ်ပါသည်။
ဝိပဿနာ အားထုတ်သူများ နဲ့ တောဆင်ရိုင်း
ရှေးက တောတောင်ရိပ် နက်ရှိုင်းထူပြောမှု၊ တောင်တော်နဲ့ စေတီတော် တည်ရှိမှုတွေကြောင့် တရား အားထုတ်လိုသူ သူတော်စင် အများအပြားတို့ဟာ ဒေးစွန်ပါကို လာကြသည်။ ဒီဒေသဝန်းကျင်က တောအုပ် တောစွယ် တောင်ကြိုချပ်ကြားမှာ ခိုအောင်းပြီး တရားအားထုတ်လေ့ ရှိကြသည်။
ရှေးက ဒေးစွန်ပါ တစ်ဝိုက် တောနက် တောင်နက်ထဲမှာ တောဆင်ရိုင်းတွေ ကျက်စား နေထိုင်ခဲ့ကြသည်။ ဆင်ပုန်းတောရ ဘေးက ယခုအခါ တိမ်ကောစပြုနေတဲ့ စမ်းချောင်းရေထွက်မှာ ရှေးက ရေစီးသန်တဲ့ ချောင်းကျယ်ကြီး ဖြစ်ခဲ့ပုံပါ။ ကြီးမားတဲ့ ထိုချောင်းမှာ ရှေးက ရေစီးသန်လို့ ဆင်မကြီး တစ်ကောင် ပြုတ်ကျ သေဆုံးခဲ့ဖူးလို့ “ဆင်မ ကျ ချောင်း” လို့တောင် ခေါ်ခဲ့ကြသည်။ မာန်အောင်စည် ကျောင်းအစ်မကြီးရဲ့ ဆွေးမျိုးနီးစပ်ထဲမှ လယ်သမားဦးကြီး တစ်ယောက် တောသွားရင်းနဲ့ ဆင်ရိုင်း နဲ့ တိုးပြီး ဆင်နင်းခံ သတ်ခံခဲ့ ရဖူးသည်။ ဒါပင်လျှင် နှစ်ရာချီ ထိုရှေးက ဒီဒေသမှာ ဆင်တွေပေါများ ကျက်စားခဲ့ကြောင်း သာဓကဖြစ်ပါသည်။
ယခုကဲ့သို့ ဆင်ပေါ ကျားပေါ သားရဲပေါသော ရိုးမ အစွယ်တောဖြစ်တိုင်း ရှေးက သူတော်စင်တွေဟာ ဒေးစွန်ပါ ဒေသတစ်ကြောမှာ တစ်တောဝင် တစ်တောင်တက်ပြီး တရားအားထုတ် ကျင့်ကြံခဲ့ကြသည်။ လက်ရှိမှာ လွန်ခဲ့သော နှစ် ၂၀ အတွင်းက ပုံရိပ်တွေပင်လျှင် ပြောင်းလဲကာ ဝမျးဘဲအငျး အထွက်မှ တောင်ခြေအထိတိုင် လမ်းဘေး တစ်လျှောက်မှာ လူနေအိမ်ခြေတွေ တိုးချဲ့တန်းစီ အဆက်မပြတ် ရှိနေပါသည်။ တောင်ခြေ သွားလမ်းမှသည် တောင်တစ်ဝိုက်အထိ ဘုန်းတော်ကြီးကျောင်း ၁၀၀ ကျော် ရှိနေပါသည်။
(Facebook က စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)