ဒေးစွန်ပါစေတီတော်သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းရွာ၏ အနောက်ဘက် သုံးမိုင်ခန့်အကွာရှိ ဒေးစွန်ပါတောင်ပေါ်တွင် တည်ရှိသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်က တည်ထားကိုးကွယ်တဲ့ဘုရားဖြစ်ပါသည်။
ဘုရားရှင်၏ ဗျာဒိတ်ပေးခံရသောအရပ်၌ ဟံသာဝတီဘုရင်တစ်ပါးက တည်ထားခဲ့ပြီး ပဲခူးရိုးမတောင်တန်းကြီး၏ အဆုံးအစွယ်ပွား တောင်ကုန်းငယ်ပေါ်တွင်တည်ရှိပါသည်။
ဒေးစွန်ပါ၏ အဓိပ္ပါယ်မှာ မွန်ဘာသာဖြင့်
ဒေး = တောင်ကုန်း
စွန်ပါ = ကံ့ကော်ပင်
တောင်ကံကော်ပင်များပေါက်ရောက်ရာတောင်တော်ဟု အဓိပ္ပါယ်ရပါသည်။
မြတ်စွာဘုရားရှင်က “ နောင်တွင် ဟံသာဝတီပြည်ကြီးပေါ်ထွန်းကာ အရှေ့အရပ်မှ မင်း ညီနောင် ၂ ပါး သာသာနာပြု ကြပြီး ရွှေမော်ဓောစေတီတည်ရှိရာ ကျောက်စွန်း ဝန်းကျင်က တောင်ကုန်းပေါင်း ၅၂ ခုတွင် လူအများ စေတီတော် များတည်၍ ကိုးကွယ်ကြမည် “ ဟု ဗျာဒိတ်ပေးတော်မူခဲ့ကြောင်း သိရှိရပါသည်။ ဒေးစွန်ပါသည် ၎င်း စေတီများ အနက် တစ်ဆူဖြစ်ပါသည်။