ပဋ္ဌာန်းပွဲတော်

ဓာတ်တော်ဘုရားတွင် နှစ်စဉ် တပို့တွဲလရောက်တိုင်း အသံမစဲ မဟာပဌာန်းပွဲအား (၇) ရက်တိုင်တိုင် ကျင်းပလေ့ရှိပါသည်။ ရပ်ဝေးရပ်နီးမှ သံဃာတော်များ မြတ်စွာဘုရား၏ မဟာပဋ္ဌာန်းတော်ကို ရွတ်ဖတ် ပူဇော်ကြပြီး မြို့သူမြို့သားများမှ ဆွမ်းကွမ်း ဝေယျာဝစ္စနှင့်လှူဖွယ်များ ဝိုင်းဝန်းဆက်ကပ်လှူဒါန်းကြပါသည်။

သီတင်းကျွတ်ပွဲတော်

ဓာတ်တော်ဘုရားတွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပပါသည်။ ရေတာရှည်မြို့ရှိ ရပ်ကွက်များမှ ပြည်သူများ ဓာတ်တော်ဘုရားထံ ညအချိန်လာရောက်၍ စည်ကားသိုက်မြိုက်စွာ ဆီမီးပူဇော်ကြပါသည်။

ညောင်ရေသွန်းပွဲတော်

ဓာတ်တော်ဘုရားတွင် ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ် ကဆုန်လပြည့်နေ့တွင် ကျင်းပပါသည်။ ရေတာရှည်မြိုရှိ ရပ်ကွက်များမှ ပြည်သူများ ဗောဓိညောင်ပင်ကို လာရောက်၍ နှစ်စဉ် ညောင်ရေ သွန်းလောင်း၍ ဗုဒ္ဓမြတ်စွာဘုရားအား ပူဇော်ကြပါသည်။