ရှင်ဥပဂုတ်တ မထေရ်မြတ်ကျောင်းတော်

ဓါတ်တော်စေတီတော်မြတ်ကြီး မြောက်ဘက် ကိုက်(၁၀၀)ခန့်အကွာတွင် သမိုင်းဝင် ဆင်ဝပ်အင်း(ယခုအခေါ်)မင်္ဂလာကန်တော်နှင့်မင်္ဂလာကန်တော်အတွင်းပူဇော်ထားသည့်ရှင်ဥပဂုတ်တ မထေရ်မြတ်ကျောင်းတော်သို့ လာရောက်ဖူးမျှော်လေ့လာနိုင်ပါသည်။

သန္တိသုခကပ်ကျော်ဆုတောင်းပြည့်စေတီတော်

စေတီဉာဏ်တော်အမြင့် (၂၇’)ပေရှိသည်။  ဓမ္မာရုံကြီး၏ အရှေ့ဘက်တွင်တည်ရှိပြီး အဓိဌာန်ပုတီးစိပ်လိုသူများ အာရုံနိမိတ်ယူ၍ ကြည်ညိုဖွယ်ကောင်းလှပါသည်။ ဆုတောင်း ပြည့်လိုသူများ၊ စိတ်တည်ငြိမ်အေးချမ်းမှု တည်ဆောက်လိုသူများအတွက် သုခချမ်းသာမှု ရရှိအောင် ကျင့်ကြံပွားများနိုင်သည့် နေရာလေးတစ်ခုဖြစ်ပါသည်။

 အေးချမ်းအောင်မြင် နဂါးရုံဘုရား 

အေးချမ်းအောင်မြင် နဂါးရုံဘုရား နဂါးပုလ္လင်အမြင့် (၄’၅”)ရှိပါသည်။ ဗုဒ္ဓရုပ်ပွားတော်မှာ ဉာဏ်တော်အမြင့် (၄’)ပေ ရှိပါသည်။ နဂါးပါးပြင်းတော်မှာ အမြင့် (၈’၃”)ခန့်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်ကို အုပ်မိုးပူဇော် ထားပါသည်။ နဂါးရုံဘုရားရေကန်မှာ အမြင့် (၁’)ပေရှိ၍ အကျယ်အချင်း (၁၆’)ပေခန့်ရှိပါ သည်။ အန္တရာယ်ကင်းဘေးရှင်းရန် တည်ထားကိုးကွယ်ခြင်းဖြစ်ပါသည်။ ဘေးအန္တရာယ် ကင်းရှင်းလိုသူများ အာရုံပြုဆုတောင်းပူဇော်ရန် သင့်လျော်သောနေရာတစ်ခုဖြစ်ပါသည်။ တောင်ဘက်ဘေးကပ်လျက်တွင် သန္တိသုခကပ်ကျော်စေတီရှိပြီး အရှေ့ဘက် ကပ်လျက်တွင် မူလမယ်ဒက်ကယ်ဆရာတော်ကြီးစိုက်ပျိုးခဲ့သော မဟာဗောဓိပင်ကြီးရှိသဖြင့် အေးမြသော ဗောဓိညောင်ရိပ်နှင့် ပနာသင့်လျက်ရှိပါသည်။