ရေတာရှည်မြို့နယ်သည် တောင်ငူခရိုင်အတွင်း ပါဝင်လျက်ရှိပြီး တောင်ငူမြို့တည် နန်းတည်ချိန်တွင် နေပြည်တော်အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လျက်ရှိသည်ကို အောက်ပါစာချိုး လေးအရ သိရှိမှတ်သားရပါသည်-

ထောင်တိုင်းစပ်ရှည် ၊ မြစ်ခပေါင်း

ပေါင်းလောင်းလင်္ကျာကွေ့ ၊ နန်းမြေစံတည်

ပုပ်ပဲကဝိုက်လည် ၊ မြောက်ဆီကဆွာဖုံး

ကြက်ကျွန်းညီနောင်တို့ ၊ ထဝရမြရည်ဆို့ ၊ လွမ်းဖို့မဆုံး ။

       အထက်ပါစာချိုးအရ ရေတာရှည်မြို့နယ်အတွင်း ဆွာချောင်းအထိနယ်မြေသတ်မှတ်ပါဝင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တောင်ငူမြို့တည်နည်းတည်သမိုင်းအကျဉ်းမျှကိုလည်းဖော်ပြလိုပါသည်။

ယခင်အချိန်ကာလများကိုပြန်လည်သုံးသပ်လေ့လာကြည့်ရာတွင် ရေတာရှည်မြို့ဟူ၍ ဖြစ်တည်ပေါ်ပေါက်လာပြီးနောက် ရေတာရှည်-ကရင်ချောင်း-လိပ်သိုလမ်းမှ(၂.၅)မိုင်ခန့်သွားလျှင် ပီတူးကျေးရွာသို့ရောက်ရှိပြီး လက်ထောက်မြို့ပိုင်ရုံးစိုက်ခဲ့ကြောင်းသိရှိမှတ်သားရပါသည်။ (၁၉၁၃) ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့ထုတ်သူရိယသတင်းစာ၌ အင်္ဂလိပ်အစိုးရလက်ထက် အောက်မြန်မာပြည်အား သိမ်းယူပြီးနောက် ရန်ကုန်-ပြည်မီးရထားလမ်း၊ ရန်ကုန်-ရေနီမီးရထားလမ်းဖောက်လုပ်ခဲ့ရာ မီးရ ထားလမ်းကိုအမှီပြု၍ ပီတူးမှမြို့အုပ်ရုံးကို ရေတာရှည်မြို့နေရာတွင် မြို့တည်ပြီး ပြောင်းရွှေ့ခဲ့ပါသ ည်။

မြို့အုပ်မောင်စုကို ငွေတိုက်ဝန်အလုပ်ကြားပြီးသည်နှင့် မန္တလေး-တောင်ငူ ဒိစတြိတ် ရေတာရှည်မြို့သို့ပြောင်းသွားသူ မြို့စားမောင်အောင်ကြီး (၂)နေရာသို့ ရွှေ့ပြောင်းခန့်ထားလိုက် သည်ဟူ၍ မှတ်သားလေ့လာရပါကြောင်း ပါမောက္ခဒေါက်တာချိုချိုတင့်(မြန်မာစာ)၏ တောင်ငူမြို့တည်နန်းတည်နှစ်(၅၀၀)ပြည့် အထိမ်းအမှတ်ထုတ်ဝေသော ကေတုမတီမဂ္ဂဇင်းပါ သတင်းစာများ ကပြောသော ကိုလိုနီခေတ်တောင်ငူမြို့တည်ပုံလွှာဆောင်းပါးတွင် ဖော်ပြထားပါသည်။ လေးထားကြည်ညိုပူဇော်စိတ်ရင်းရှိကြသော ပုဂ္ဂိုလ်များစုစည်း၍ စနစ်တကျတူးဖော်မှတ်တမ်း တင်ပြီး ပြန်လည်တည်ထားကိုးကွယ်ရန်စီစဉ်ခဲ့ကြပါသည်။ ရေတာရှည် ကရင်ချောင်းလမ်းဖောက်လုပ်ရာတွင် ဘုရားပုရဝုဏ်မြေပါသွားခြင်း၊ လူနေအိမ်များ၊ လမ်းမြေများနှင့်နီးကပ်လျက်ရှိသဖြင့် မသင့်လျော်ခြင်း၊ သာသနိကအဆောက်အအုံများတိုးချဲ့ဆောက်လုပ်လှူဒါန်းရန်မသင့်လျော်ခြင်း တို့ကြောင့် ယခုဓာတ်တော်ဘုရားကြီးတည်ထားရာနေရာဖြစ်သည့် ရေတာရှည်-ကရင်ချောင်းလမ်း နှင့် ဆင်ဝ ပအင်း၏အကြားရှိ မြေကွက်လပ်တွင်ရွှေ့ပြောင်းတည်ထားရန်သတ်မှတ်ခဲ့ပါသည်။

မင်းဆက်(၃၆)ဆက်မြောက် နတ်သျှင်နောင်မင်းသည် သက္ကရာဇ် (၉၇၁) ခုနှစ်တွင်နန်းတက် ခဲ့ပါသည်။ ထိုအချိန်ကာလ အင်းဝတွင် မဟာဓမ္မရာဇာက နတ်သျှင်နောင်ထက်(၃)နှစ်မျှစော၍ နန်း တက်ခဲ့ပါသည်။ နတ်သျှင်နောင် တောင်ငူနန်းကိုစံသောအခါ မဟာဓမ္မရာဇာက တောင်ငူကိုသတိမူ မိသည်။ နတ်သျှင်နောင်က စွမ်းရည်ရှိသည်။ ပြီးတောင်ငူသည် မင်းကြီးညို၊ တပင်ရွှေထီးနှင့် ဘုရင့်နောင်ကဲ့သို့သောလျှမ်းလျှမ်းတောက်သူရဲကောင်းမင်းများထွက်ပေါ်ရာဖြစ်သည်။ သည်တော့ တောင်ငူ ကိုစောစီးစွာ ဦးနှိမ်ထားရမည်ဟူ၍ မဟာဓမ္မရာဇာ(အနောက်ဘက်လွန်မင်)က အင်းဝတပ်ပေါင်းစု နှင့် အတခေါ်ပြီး သက္ကရာဇ် (၉၇၂) ခုနှစ်တွင် သိပ်သိပ်သည်းသည်း ဝိုင်းရံပိတ်ဆို့တိုက်ခိုက်လာပါသည်။

ထိုသို့တောင်ငူကိုတိုက်ရန်တပ်များချီတော်မူရာ ဆွာချောင်းအရပ်သို့ရောက်သော် ရေအလွန်ကြီး၍ ရဲမက်တော်တို့လည်း ကုန်းတောင်ပို့မြင့်ရာအရပ်မှာနေကြရသည်။ ဆင်၊ မြင်းများလည်း မြင့်ရာအရပ်မှာထားရသည်။ ကျောက်ချက်ချောင်း၊ ရေနီချောင်းများရေလျှံနေ၍ တပ်တော်ကလည်း နေပြည်တော်သို့ သံတမန်အစေအပါးအလျင်အမြန်မရောက်နိုင်ချေ။ ရိက္ခာပို့သူများလည်းချောင်းရေ များ၍ တပ်တော်သို့မရောက်နိုင်ချေ။ အနောက်ဘက်လွန်မင်းတရားကြီးနှင့် တပ်တော်များလည်းဆွာချောင်းနှင့်ပတ်ဝန်းကျင်အရပ်တွင် တပ်ဖြန့်၍ ရက် (၂၀) ခန့်တပ်ဖြန့်နေပြီးလျှင် ရေကျလျှင်ကေတုမတီ သို့ချီတော်မူသည်။ ထိုသို့သောသမိုင်းနောက်ခံများအရ ဆွာချောင်းကမ်းပါးရှိ အမတ်ကြီးခုံကျေးရွာ၊ ရေတာရှည်ဝန်းကျင်ရှိဘိုးတော်ကုန်း၊ ကဲလင်းကုန်း၊ စစ်တောင်းမြစ်ကမ်းပါးရှိ ကဲလင်းဆိပ်ရွာတို့သည်တောင်ငူသို့စစ်ချီရာတွင်းလည်းကောင်း၊ မှူးကြီးမတ်ရာ၊ သေနာပတိစစ်ကဲများ၊ တပ်တော်များစခန်း တထောက်နားနေရာများဖြစ်နေခဲ့ပါသည်။

တောင်ငူသည် မြို့ရိုးမြို့တာခိုင်လုံသည့်အပြင် လောကီယတြာအစီအရင်တွေလည်းထားရှိ သဖြင့် အနောက်ဘက်လွန်မင်းသည် တောင်ငူကို အလွယ်တကူဝင် ရောက်တိုက်ခိုက်၍မရချေ။ အနောက်ဘက်လွန်မင်းမှာလည်း လောကီပညာအကျော် ဗားမဲ့ဆရာတော် အင်းဝမှာရှိနေသည်။ ဗားမဲ့ ဆရာတော်၏ လောကီအစီအရင်ဖြင့်ပင် တောင်ငူကို ဝန်းရံသည့်အခါ ခံတပ်ပင်ရှိရာအရပ်မှတပ်ခွဲဖို့ အမှာထား၍လွှတ်လိုက်သည်။ တောင်ငူမှာလည်း လောကီပညာကျွမ်းကျင်သော တောင်ညိုပဉ္ဇင်းရှင် မုန်ယို ရှိနေသဖြင့် တောင်ငူမြို့ပြင်ဝန်းကျင်မှာရှိသည့် ခံတက်ပင်မှန်သမျှအကုန်ခုတ်ထွင်ရှင်းလင်းစေသည်။ အနောက်ဘက်လွန်မင်း တပ်ခွဲဖို့ ခံတပ်ပင်ရှာသည့်အခါ တစ်ပင်မျှမတွေ့၊ နောက်ဆုံးသစ်တပ် တည်ဖို့ သစ်ပုံရှင်းသည့်အခါသစ်ပုံအောက်၌ ခံတပ်ပင်ကိုတွေ့ရသဖြင့် ထိုအရပ်တွင်ပင် တပ်ချလေသည်။

ရှင်မုန်ယို၏ အစီအရင်ဖြင့် ကျွဲခေါင်းရိုး၊ နွားခေါင်းရိုးများက ညဘက်များ၌ အနောက်ဘက် လွန်မင်း၏ တပ်များကို လိုက်လံဝှေ့သဖြင့် တပ်လည်းမကြာခဏ လန့်နေပြီးတောင်ငူကိုမလုပ်သာ မကြံသာရှိနေသည်။ ထို့ကြောင့် ဗားမဲ့ဆရာတော်ထံစေလွှတ်၍ အစီအမံတောင်းခံရာ ဆရာတော်က စကားတစ်လုံးမျှမပြောဘဲ ဆောင်းထားသော ဒေါက်ချာကို ပစ်ချကာအတွင်းတော်သို့ဝင်သွား၏။ သုံး ကြိမ်သုံးခါဤကဲ့သို့ပြသကြောင်း အနောက်ဘက်လွန်မင်းထံ ပြန်လည်လျှောက်တင်သည့်အခါ အနောက်ဘက်လွန်မင်းက အကင်းပါးသူပီပီ မင်းရဲသီဟသူ တည်လုပ်ရင်းဖြစ်သည့် ကောင်းမှုတော် ဘုရားထီးကို မြေသို့ချပြီးမှ တိုက်ခိုက်သည့်အခါ တောင်ငူကိုရလေသည်ဟူ၍ မှော်ဘီဆရာသိန်းကြီး၏ ရှေးဖြစ်မှတ်တမ်းမှာတွေ့ရသည်။

အနောက်ဘက်လွန်မင်းသည် တောင်ငူကိုရပြီးနောက် မင်းဆွေ၊မင်းမျိုး၊ မှူးမတ်ရှိသမျှကို သစ္စာတော်ခံစေပြီးလျှင် နတ်သျှင်နောင်မင်းတရားကို မှန်ကင်းချစေ၍ ထီးဖြူနှစ်လက်ရုတ်သိမ်းစေပြီး လက်အောက်ခံအဖြစ်သာ မင်းပြုစေခဲ့လေသည်။ ထို့နောက်အင်းဝနေပြည်တော်သို့ တပ်တော်များ ပြန်လည်ချီကြရာ ခရီးတထောက်နားရာ ဘိုးတော်ကုန်း၊ ကဲလင်းကုန်း၊ နတ်စင်ကုန်းကျေးရွာများအနီး တွင် အနောက်ဘက်လွန်မင်းတရားကြီး၏ အစီအမံဖြင့် မှူကြီးမတ်ရာများက အမှန်တရားများစည်ပင်ထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ ဘာသာ သာသနာကို အလေးထားသောမင်းများဖြစ်သည်နှင့်အညီ ဘုရားစေတီတည်ထားခဲ့ပါသည်။

ထိုသို့မိန်တော်မူချက်အရ ဘုရားတည်ရန်ဆင်တော်အား အဓိဌာန်၍စေလွှတ်ရာ ကဲလင်းကုန်းရွာ၏ အနောက်တောင်ဘက်အနီးရှိ အင်းအနီးတွင် ဆင်ဝပ်ခဲ့သဖြင့် ၎င်းအင်းအားဆင်ဝပ်အင်း ဟုခေါ်တွင်ပြီးနောက် ရေတာရှည်မြို့ဖြစ်လာသည့်အခါ မြို့ဧရိယာအတွင်းကျရောက်သဖြင့် မြို့ရွာ ဂုဏ်ကျက်သရေနှင့် ဘုရားကျောင်းကန်၊ ဇရပ်လိုက်ဖက်တင့်တယ်စေရန် ဦးကုလားအမည်ရှိ မြို့မိ မြို့ဖတစ်ဦးမှ ဦးဆောင်ပြီး ကန်တော်အဖြစ်ဆည်ဖို့ခဲ့သဖြင့် ဦးကုလားကန်ဟုအမည်တွင်ရာမှယခု အခါမင်္ဂလာကန်ဟု အမည်နာမခေါ်တွင်လျက်ရှိပါသည်။ ၎င်းဆင်တော်ဝပ်သည့်နေရာ၏ တောင်ဘက် ကိုက်(၃၀၀)ခန့်အကွာတွင် ကုန်းကျသောနေရာကိုရွေးချယ်၍ စေတီတည်ထားခဲ့ရာ အထက်တွင်ဖော်ပြသည့်ရည်ရွယ်ချက်များအတိုင်း မှန်စီလေးစေတီဟူ၍ သမုတ်ခဲ့ပါသည်။ နောင်ကာလရွှေ့လျားလာ သည့်အခါ မှန်စီလေးစေတီဟု အခေါ်အဝေါ်များပြောင်းလဲလာဟန်ရှိပါသည်။ အဆိုပါစေတီနေရာနှင့် ကိုက်(၅၀၀)ခန့်အကွာ တောင်ဘက်တွင် မှန်စီကြီးစေတီဟုရှိခဲ့ပြီး ယခုအမှတ်(၄)ရပ်ကွက်အတွင်း တည်ရှိလျှက် အစဉ်အဆက်ပြုပြင်ထိန်းသိမ်းကိုးကွယ်ကြပါသည်။

မှန်စီလေးစေတီတော်မှာ ကာလကြာမြင့်စွာပြုပြင်မွမ်းမံသူမရှိသဖြင့် ဘုရားစေတီပျက်၊ ဘုရားငုတ်တိုအဖြစ် ခြံနွယ်ပိတ်ပေါင်းများဖြင့်နေရချိန် မှန်စီကြီးစေတီနှင့် မှန်စီလေးစေတီတို့ရောင် ခြည်တော်ကွန့်မြူးပြီး အပြန်အလှန်ရောင်ခြည်တော်များဆက်နွယ်ကူးပြန့်နေကြောင်း ဖူးတွေ့ရသည်ဟု ရှေးလူကြီးသူမများအဆင့်ဆင့်ပြောစကားအရ ရေတာရှည်မြို့သူမြို့သား သက်ကြီးများမှတဆင့် ကြားသိရပါသည်။

ထိုအချိန်ကာလများကို ပြန်လည်သုံးသပ်လေ့လာကြည့်ရာတွင် ရေတာရှည်မြို့ဟူ၍လည်း  ဖြစ်တည်ပေါ်ပေါက်လာပြီးနောက် ရေတာရှည်-ကရင်ချောင်း- လိပ်သိုလမ်းမှ (၂.၅)မိုင်ခန့်သွားလျှင် ပီတူးကျေးရွာသို့ရောက်ရှိပြီး လက်ထောက်မြို့ပိုင်ရုံးစိုက်ခဲ့ကြောင်းသိရှိမှတ်သားရပါသည်။ ၁၉၁၃ခု နှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ထုတ်သူရိယသတင်းစာ၌ အင်္ဂလိပ်အစိုးရလက်ထက် အောက်မြန်မာပြည် အားသိမ်းယူပြီးနောက် ရန်ကုန်-ပြည်ရထားလမ်း၊ ရန်ကုန်-ရေနီမီးရထားလမ်းဖောက်လုပ်ခဲ့ရာ မီးရထားလမ်းကို အမှီပြု၍ ပီတူးမှ မြို့အုပ်ရုံးကို ရေတာရှည်မြို့နေရာတွင် မြို့တည်ပြီးပြောင်းရွှေ့ခဲ့ ပါသည်။

မြို့အုပ်မောင်စု ကို ငွေတိုက်ဝန်အုပ်ထားပြီးသည်နှင့် မန္တလေး တောင်ငူ ဒိစတြိတ် ရေတာ ရှည်မြို့သို့ပြောင်းသွားသူ မြို့စားမောင်အောင်ကြီး (၂)နေရာသို့ ရွှေ့ပြောင်းခန့်ထားလိုက်သည်ဟူ၍ မှတ်သားလေ့လာရကြောင်းပါမောက္ခဒေါက်တာချိုချိုတင့်(မြန်မာစာ)၏ တောင်ငူမြို့တည်နန်းတည်နှစ်(၅၀၀)ပြည့်အထိမ်းအမှတ်ထုတ်ဝေသော ကေတုမတီမဂ္ဂဇင်းပါ သတင်းစာများက ပြောသော ကိုလိုနီခေတ် တောင်ငူမြို့တည်ပုံလွှာဆောင်ပါးတွင် ဖော်ပြထားပါသည်။

မှန်စီလေးစေတီနှင့် မှန်စီကြီးစေတီတော်တို့မှာ ကိုက်(          )ခန့်ကွာဝေးပြီး မှန်စီကြီးစေ တီတော်မှာ ယခုလက်ရှိဖြစ်သည့် အမှတ်(၄)ရပ်ကွက်အတွင်းတည်ရှိပြီး ဆက်လက်ပြုပြင်တည်ထား ကိုးကွယ်ခဲ့ကြသော်လည်း မှန်စီလေးစေတီတော်မှာ ဘုရားငုတ်တိုအဖြစ်ပျက်စီးယိုယွင်းနေပြီးရောင် ခြည်တော်များကွန့်မြူးသည့်အခါမှသာ ပြည်သူအများစိတ်ဝင်စားသတိထားမိလာကြ၍ ရှေးဟောင်း အမွေအနှစ်များ ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သည့် ဓါတ်တော်မွေတော်များ ပျက်စီးပျောက်ဆုံးမှုမရှိ စေရေးအတွက် မြို့ပေါ်ရှိ ဘာသာ/သာသနာကို အလေးထားကြည်ညိုပူဇော်စိတ်ရင်းရှိကြသောပုဂ္ဂိုလ် များစုစည်း၍ စနစ်တကျတူးဖော်မှတ်တမ်းတင်ပြီး ပြန်လည်တည်ထားကိုးကွယ်ရန် စီစဉ်ခဲ့ကြပါ သည်။ ရေတာရှည်-ကရင်ချောင်းလမ်းဖောက်လုပ်ရာတွင် ဘုရာပုရဝုဏ်မြေပါသွားခြင်း၊ လူနေအိမ် များ၊ လယ်မြေများနှင့်နီးကပ်လျက်ရှိသဖြင့် မသင့်လျှော်ခြင်းတို့ကြောင့် ယခုဓါတ်တော်ဘုရားကြီး တည်ထားရာနေရာဖြစ်သည့် ရေတာရှည်-ကရင်ချောင်းလမ်းနှင့် ဆင်ဝပ်အင်း၏အကြားရှိမြေကွက်လပ်တွင် ရွှေ့ပြောင်းတည်ထားရန်သတ်မှတ်ခဲ့ပါသည်။

မြန်မာသက္ကရာဇ် (၁၂၈၀) ခုနှစ်တွင် သိမ်ကျောင်းဆရာတော်၏ဩဝါဒကိုခံယူ၍ ကုန်သည် ကြီးဦးသန့်+ဒေါ်ငွေနု ၊ ဦးအပ်+ဒေါ်ထွန်းမယ် တို့နှင့် ဦးအောင်ပွင့်၏ ဖခင်ကြီး ဦးဆားကြီးဆိုသူတို့မှ ဦးဆောင်ပြီး ရဟန်းရှင်လူအများညှိနှိုင်းတိုင်ပင်ကြလျက် ရွှေ့ပြောင်းတည်ထားကိုးကွယ်ခဲ့ကြပါသည်။ မူလမှန်စီလေးစေတီဘုရားငုတ်တိုမှ ဌာပနာ၊ ဓါတ်တော်၊ မွေတော်များပင့်ဆောင်အပူဇော်ခံ၍ စုပေါင်း ပြီး ဌာပနာထားသည့်အတွက် ဓါတ််တော်ဘုရားကြီးဟု ဘွဲ့အမည်တွင်ခဲ့ပါသည်။

စေတီတော်ရွှေ့ပြောင်းတည်ထားရာတွင် ရေတာရှည်မြို့၊ သိမ်ကျောင်းဆရာတော်ဦးဆောင်၍ မြန်မာနိုင်ငံ၏ အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့်(၁၉၂၀)ပြည့်နှစ် ဒီဇင်ဘာလ (၁၅)ရက် (၁၂၈၂)ခုနှစ် နတ်တော်လဆန်း (၅) ရက်တွင် ပန္နက်တော်တင်၍ စတင်လှူဒါန်းခဲ့ပါသည်။ (၁၉၂၁) ခု ဒီဇင်ဘာလ (၁၅) ရက်နေ့တွင်ထီးတော်တင်လှူပွဲကျင်းပခဲ့ပါသည်။

ဓါတ်တော်ဘုရားကြီးနှင့်ဓမ္မာရုံတို့ကိုတည်ထားကိုးကွယ်ခဲ့ပြီးနောက်ဂျပန်ခေတ် (၁၉၄၇) ခုနှစ်တွင် ဂျပန်တို့၏ရိက္ခာထောက်စခန်းချခဲ့မှုကြောင့်ပျက်စီးယိုယွင်းမှုများရှိခဲ့ခြင်း၊ ပြုပြင်မွမ်းမံမှု နည်းပါးသဖြင့် ကြာရှည်စွာဆက်လက်ထားရှိပါက ပျက်စီးယိုယွင်းတော့မည့်အခြေအနေသို့ရောက်ရှိ နေပါသဖြင့် (၁၃၃၂) ခုနှစ် တန်ဆောင်မုန်းလဆုတ် (၁၅) ရက် (၂၈-၁၁-၁၉၇၀)ရက်နေ့တွင် မူလဘုရား ဒါယကာ၊ ဒါယိကာမများ၏ မြေးတော်စပ်သူဖြစ်ကြသော ဦးသန့်+ဒေါ်သွဲ့တို့၏သား ဇေယျကျော်ထင်ဒုတိယဗိုလ်မှူးကြီးမောင်မောင်(ငြိမ်း)(ဆွာအထပ်သားစက်ရုံမန်နေဂျာ)နာယကအဖြစ်ဦးဆောင်သည့်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကိုဖွဲ့စည်းပြီးစေတီတော်ကြီးအားလုံးတော်ပြည့်ပြန်လည်ပြုပြင်ခဲ့ ကြပါသည်။