မြစည်းခုံစေတီတော်မြတ်ကြီး

ဖူးမြှော်လေ့လာနိုင်သောနေရာများ

မြစည်းခုံစေတီတော်မြတ်ကြီး

စိန်ဖူးတော် ၈၀ပေ ၅လက်မ
ရင်စီး ၄၇ ပေ ၁၁လက်မ
ခေါင်းလောင်းအနား ၅၉ ပေ ၈ လက်မ
အလှူရှင် – မင်းရဲသိင်္ခသူ(ခ)မင်းကြီးဆွေ- ရှင်မျိုးမြတ် (၉၀၁-၉၁၀)
တည်ပြီးနှစ် – သက္ကရာဇ် – ၉၀၇
ဉာဏ်တော် – ၈၀ပေ၅လက်မ
ဖိနပ်တော် – ၃၆’x၃၆

ရုပ်ပွားတော်

ရုပ်ရှင်တော်ကြီး၏ပြုံးတော်မူသော မျက်နှာတော်အား ဖူးမြှော်၍ အရပ်မျက်နှာတွင် သစ္စာပြုဆုတောင်းပြည့်နိုင်ပါသည်။
ဉာဏ်တော် – ၁၂ပေ
လုံးပတ် – ၉ပေ၆လက်မ
တင်ပြင်ခွေလုံးပတ် – ၂၅ပေ
အလှူရှင် – အခွန်ဝန်ဦးဘေ၊ မြိုဝန်- TPS ဦးမှဲ၊ ဦးဘိုကြီး၊ အုတ်တွင်းမြိုပိုင် – ဦးသာဇံ ၊ ဇနီး ဒေါ်ကျော့ ၊ သား ကိုမောင်မောင် ၊ သမီး မမ နှင့် အများကောင်းမှု။
အလေးချိန် – ကြေးပိဿာ – (၅၅၀၀)
ကြေးသွန်းဆရာ – ရွှေတောင်ဦးဘိုးမောင်နှင့်အဖွဲ။
ပြီးစီးနှစ် – တန်ခူးလပြည့် ၁၂၅၇

သံဝေဇနိယ(၄)ဌာန

အလှူရှင် – တ.ပ.ခ တိုင်းမှူး ဗိုလ်ချုပ်ကိုကို – ဒေါ်စဝ်နွန်းခွန်ဆမ်နှင့် အရာရှိ အရာခံ အကြပ်တပ်သားများနှင့် အများကောင်းမှု။
ပြီးစီးနှစ် – ပြာသိုလပြည့်ကျော် (၆) ရက် ၁၃၆၆။ (၃၀.၁.၂၀၀၅)

ကြေးရုပ်ပြတိုက်

ဂေါပကအဖွဲမှတည်ဆောက်သည်။ ၂၀၂၁ ခုနှစ်တွင် ပြီးစီးသည်။
ကမ္ဘောဒီးယား (ခမာ) ကြေးရုပ်၊ ယိုးဒယားခေါင်းသုံးလုံး (ဧရာဝဏ်) ဆင်ရုပ်
ဂျာမဏီဆင်ခံကြေးရုပ်နှင့် ခြူး (ခြင်္သေ့)ခံကြေးရုပ်

စောင်းတန်း(၄)သွယ်

အများကောင်းမှုဖြင့် တည်ဆောက်ပြီးစီးသည်။
အရှေ့ဘက်စောင်းတန်း – တော်သလင်းလပြည့် ၁၃၆၅ (၁၀.၉.၂၀၀၃)
အနောက်ဘက်/မြောက်ဘက်/တောင်ဘက် – ၂၀၀၉ ပြီးစီး

ပါဒစေတီ

ခြေရာတော်-မတည်-ဦးထွန်း၊ဒေါ်မြမြဝင်း(ထွန်းစာပေ) ၈/စတီးလမ်း။
အလှူရှင်များ – ဦးကျော်သန်း-ဒေါ်မော်မော်လွင်-သားမောင်ရန်ဝေးမောင်
ကြီးစိန် ပွဲရုံနှင့်အများကောင်းမှု။
မြစည်းခုံဘုရားဂေါပကအဖွဲမှ ကြီးကြပ်တည်ဆောက်သည်။
၂၀၂၂ ခုနှစ်တွင် ပြီးစီးသည်။

မြမြင့်မိုရ်ရွှေကြေးစည်

ဂေါပကအဖွဲမှ အများကောင်းမှုဖြင့်တည်ဆောက်သည်။ (၁၃၈၃) (၂၀၂၁)

မဟာဗောဓိပင်

၁၃၁၂ ခုနှစ် အိန္ဒိယမှ ဝန်ကြီးချူပ်ဦးနု ကိုယ်တိုင် မဟာဗောဓိပင် (၁၀၀)ကိုသယ်ယူခဲ့ပြီး တောင်ငူမြိုအတွက် (၂)ပင်လှူဒါန်းခဲ့သည်။မြစည်းခုံစေတီတော်မြတ်ကြီး၏ အင်္ဂါထောင့်တွင်(၁) ပင် စိုက်ပျိူးလှူဒါန်းပြီး ကျန်(၁)ပင်မှာ ရွှေဂူကြီး ဘုရားတွင်စိုက်ပျိူးလှူဒါန်းခဲ့သည်။နှစ်စဉ် ကဆုန်လပြည့်နေ့တိုင်း ညောင်ရေသွန်းပွဲ ကျင်းပပါသည်။

သာသနာ့ဝိပုလကာရီသိမ်တော်

အလျား ၆၃ပေ အနံ ၄၅ပေ
အလှူရှင် – Dr. ကြည်ကြည်ဝင်း၊ မောင်- ဦးရဲဝင်း+ဒေါ်စမ်းစမ်းမြင့် သား Dr. ရဲလင်း၊ Dr. မင်းမင်းယု၊ သမီး Dr. ဝင်းဝင်းသွယ် ၊ သား မောင်စုထွေး
မြေး- မောင်ရဲသန့် (ရွှေဝါပဲဆီသန့်နှင့်ဝင်းစက္ကူစက်)
တည်ဆောက်ချိန် – ၁၃၇၂ ပြာသိုလဆန်း(၁၁)ရက်။ (၁.၁.၂၀၁၁)

စွယ်တော်စေတီ

မတည်အလှူရှင် – ဦးခင်မောင်အေး (ဥက္ကဌ-CBဘဏ်) + ဒေါ်ဝင့်ရည်အေး (ဥက္ကဌ-KMA ဖောင်ဒေးရှင်း)
သား မောင်ကောင်းထက်ထွန်း ၊မောင်အောင်မြတ်ဆက် ၊မောင်ကောင်းဆက်ထူး နှင့်    အများကောင်းမှု
ပြီးစီးနှစ် – (၁၃၈၂) (၂၀၂၀)

အောင်မြေ

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို ဂေါပက ဥက္ကဌ ဦးလှကျော်နှင့်အဖွဲ က သမိုင်းဝင်စေတီတော်မြတ်ကြီးပေါ်တွင် ရဟန်း၊ရှင်၊လူများအားလုံး ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်စုံစေရန် မဟာအောင်မြေကို တည်ဆောက်ခဲ့သည်။ ဗုဒ္ဓဂါယာမှ ပင့်ဆောင်လာသော ရုပ်ပွါးတော်ကို မဟာအောင်မြေတွင် ဌာပနာထားပါသည်။ ကောင်းမှုတော်စေတီတော်မှ အောင်မြေနှင့်အတူ ဗုဒ္ဓဂါယာမှ သယ်ဆောင်လာသော ညောင်ရွက်များကိုထည့်၍ ဌာပနာထားပါသည်။

ဗုဒ္ဓသာသနာတော်အား ကြည်ညိုစောင့်ရှောက်သော မိတ်ဆွေအရိယာနတ်ဘီလူးကြီးနှစ်ပါး

လူ့သက်တမ်းအနှစ်(၂၀၀၀၀)တမ်း၌ ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ရဟန်း(၂)ပါးသည် ပရိယတ္တိဓူရ စာပေသင်ကြားပိုချ ကြိုးစားအားထုတ်ရာ ပညာရှိများဖြစ်၍ မကြာမီ ပိဋကတ်(၃)ပုံအလုံးစုံ တဖက်ကမ်း တတ်မြောက်၍ သံဃာ့ကိစ္စ ဝိနည်းအဆုံးအဖြတ်ပြု မထေရ်မြတ်နှစ်ပါးဖြစ်ခဲ့ကြသည်။

 

ဘုရားစောင့်မြွေဖြူကြီးနှစ်ကောင်

နှစ်စဉ် တပိုတွဲလပြည့်နေ့ စာပြန်ပွဲအတွင်းနှင့် တန်ခူးလဆန်း ၁ရက်နေ့မှ ၆ ရက်နေ့အတွင်း ကျင်းပသော ပဌာန်းပွဲတော်အတွင်း စေတီတော်မြတ်ကြီးအား လာရောက်ဖူးမြှော်ကြသည်။