မြန်မာနိုင်ငံရှိ
တန်ခိုးကြီး
ဘုရားများ

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ သည် အဓိကအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာဖြစ်ပြီး နိုင်ငံ၏ လူဦးရေ ၈၉% ခန့် ကိုးကွယ်ကြသည်။လူဦးရေနှင့် ဘုန်းတော်ကြီးအချိုး၊ ဘာသာတရားအတွက် အသုံးပြုသည့် ဝင်ငွေအချိုးတို့နှင့် ကြည့်လျှင် မြန်မာနိုင်ငံသည် ယုံကြည်သက်ဝင်မှုအရှိဆုံး ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သည်။ဗမာလူမျိုး၊ ရှမ်း၊ ရခိုင်၊ မွန်၊ ကရင်၊ ဇို၊ နှင့် တရုတ်လူမျိုး များ အများဆုံးကိုးကွယ်ကြသည့် ဘာသာ ဖြစ်သည်။ ဗုဒ္ဓသာသနာသည် မြန်မာနိုင်ငံ တွင် ဘီစီ ၅၈၈ ကပင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်သည်။ ဗုဒ္ဓဝင်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ မြန်မာနိုင်ငံ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ကမ္ဘာပေါ်တွင်ပထမဆုံး ဆွမ်းကပ်ရသူ ကမ္ဘာပေါ်တွင်ပထမဆုံး သရဏဂုံ တည်သူများ နှင့် ကမ္ဘာပေါ်တွင် ပထမဆုံးဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့၏။ မြန်မာ့ဗုဒ္ဓသာသနာအစ- ရွှေတိဂုံ က ဖြစ်သည်။ ထိုရွှေတိဂုံစေတီတော် သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။

တိုင်းဒေသကြီး/ပြည်နယ်ရှိဘုရားများ

EDirectory

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)
ရုံးအမှတ် (၃၁)
နေပြည်တော်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု)
ရုံးအမှတ် (၃၅)
နေပြည်တော်

Zaya Htani Road, Nay Pyi Taw, Myanmar

egovernment.doa@gmail.com

+95 345 67890