မြန်မာသက္ကရာဇ် ခု၊ ခရာဇ်သက္ကရာဇ် ၂၀၀၆ ခုနှစ်တွင် မူလထီးတော် ပျက်စီးလာမှုအတွက် အသစ်ပြန်လည်ပြုပြင် လှူဒါန်းနိုင်ရန် အလှူရှင် ဦးပီတာစိန်လင်း+ဒေါ်နီနီအေး မိသားစု၊ ရွှေသန့်စင် လုပ်ငန်း၊ ကန်တော်လမ်း၊ တောင်ငူမြို့မှ ပြုပြင်လှူဒါန်းခဲ့ပါသည်။ ထီးတော်နှင့်အတူ စိန်ဖူးတော်၊ ငှက်မြတ်နားတော်များကို အသစ်တစ်ဖန် ပြန်လည်ပြုပြင် လှူဒါန်းပူဇော်ခဲ့ပါသည်။ ထီးတော်တင်လှူပွဲကို ပဲခူးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်မှူးကြီးသိန်းလွင်မှ လာရောက်၍ ထီးတော်တင်လှူပေးခဲ့ပါသည်။
ကောင်းမှုတော်ဘုရားတွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်း တပေါင်းလဆန်း ၁၃ ရက်နေ့မှ လပြည့်ကျော် (၂)ရက်နေ့အထိ ငါးရက်တိုင်တိုင်ကျင်းပလေ့ရှိပါသည်။
ကဆုန်ညောင်ရေသွန်းပွဲတော်ကိုနှစ်စဉ်ကဆုန်လပြည့်နေ့တိုင်းကျင်းပပါသည်။ကဆုန်လပြည့်နေ့ညောင်ရေသွန်းပွဲတော်တွင်ရပ်ဝေး၊ရပ်နီးမှဘုရားဖူးလာပြည်သူများမှ မဟာဗောဓိပင်အားညောင်ရေများသွန်းလောင်း၍ ဆုတောင်းပူဇော်ကြပါသည်။
ကောင်းမှုတော်ဘုရားတွင် ဆီမီးတစ်ထောင်ပူဇော်ပွဲကိုနှစ်စဉ်သီတင်းကျွတ် လပြည့်နေ့တိုင်းကျင်းပပါသည်။ ဆီမီးတစ်ထောင်ပူဇော်ရာတွင် စေတီတော်ရင်ပြင်၌ဂေါပကအဖွဲ့များနှင့်ဓမ္မစင်္ကြာဝတ်အသင်းသူ၊အသင်းသားများမှစုပေါင်း ပူဇော်ကြပါသည်။
ကောင်းမှုတော်ဘုရားတွင် ဆွမ်းတော်ကြီးတင်ကပ်လှူပွဲကို နှစ်စဉ် တပို့တွဲလဆန်း(၁၄) ရက်တွင် ကျင်းပပါသည်။ နှစ်စဉ် တပို့တွဲလဆန်း (၁၃)ရက်နေ့ နံနက်တွင် ထမနဲများထိုး၍ တပို့တွဲလဆန်း(၁၄)ရက်နေ့တွင် ဆွမ်းတော်ကြီးတင်ကပ်လှူပူဇော်ပါသည်။