ကောင်းမှုတော်စေတီမြတ်ကြီးရှိ ဖူးမျှော်လေ့လာနိုင်သောနေရာများ

ဗုဒ္ဓမြတ်စွယ်တော်

ဗုဒ္ဓမြတ်စွယ်တော်ကို ဝန်ကြီးချုပ်ဦးသိန်းစိန်လက်ထက်တွင် သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ စွယ်တော် အစစ်နှင့် အတူ ရင်ငွေ့ခုံလှုံခဲ့သည့် စွယ်တော်ပွားများကို နန်ချွန် သစ်တောကျောင်းအုပ်ကြီး ဦးခင်မောင်တင့်မှ ပင့်ဆောင်၍ အများပြည်သူများ ဖူးမြှော်နိုင်ရန် လှူဒါန်း ပူဇော်ခဲ့ပါသည်။

ကောင်းမှုတော်စေတီတော်၏ အရှေ့မြောက်ဖက် တနင်္ဂနွေထောင့်တွင် အများကောင်းမှုဖြင့် ဗုဒ္ဓမြတ်စွယ်တော်တိုက် ဆောက်လုပ်ပူဇော်၍ မြတ်စွယ်တော်ပွားအား အများပြည်သူများ ဖူးမျှော် ပူဇော်နိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။

 နှီးဘုရား

၂၀၂၂ခုနှစ်တွင် ဓမ္မရာမကံတိုး ဗိမာန်တော်ကြီးနှင့်ဉာဏ်တော်(၁၁)ပေရှိ နှီးဘုရားရုပ်ပွားတော်မြတ်ကြီးကို မြန်မာမှု အနုပညာလက်ရာများနှင့်တောင်ငူမြို့ကံတိုးထီဆိုင်မှ ဦးလှဝင်း+ဒေါ်နွယ်နွယ်အေးမိသားစုမှ လှူဒါန်းပါသည်။

 မင်္ဂလာကန်တော်

၂၀၂၂ ခုနှစ်တွင် မင်္ဂလာကန်တော်နှင့် ကျိုက္ခမီရေလယ်ဘုရားပုံစံ နဂါးရုံအဆောက်အဦး သစ်သားနဂါးဘုရားများကို မတည်အလှူရှင်များဖြစ်သော (ဦးရဲဝင်း + ဒေါ်စမ်းစမ်းမြင့် ရွှေဝါ ပဲဆီသန့် နှင့် လမင်းအိမ်ဟိုတယ်ပိုင်ရှင် ဦးဇော်ဝမ်း + ဒေါ်ထားထားခိုင် မိသားစုတို့မှ လှူဒါန်းသည်။)

သုမေဓာရှင်ရသေ့နှင့်ကြင်ယာတော်တို့အားဒီပင်္ကရာမြတ်စွာဘုရားမှဗျာဒိတ်ပေးဟန်

ရာမ္မာဝတီနေပြည်တော်သို့ဒီပင်္ကရာမြတ်စွာဘုရားရဟန္တာအရှင်မြတ်လေးသိန်းနှင့်အတူ ကြွလာတော်မူစဉ် ဂေါတမမြတ်စွာလုရားလောင်းလျာသုမေဓာရှင်ရသေ့နှင့် ယသော်ဓရာ မင်းသမီးလောင်းလျာသုမိတ္တာတို့ နိယတဗျာဒိတ်တော်ဆုထူးပန်ဆင်ခဲ့ကြသည်။ သုမေဓာရှင်ရသေ့သည် ရွှံ့ညွန်ထဲခန္တာကိုယ်ကို တံတားခင်းလှူနေစဉ် သုမိတ္တာအမျိုးသမီးလည်း ကြာပန်းရှစ်ခိုင်ကို ယူလာ၏။ သုမေဓာရှင်ရသေ့အား ကြာပန်းငါးခိုင်ပေးပြီး သုမိတ္တာသည် ကြာပန်းသုံးခိုင်ဖြင့် ဒီပင်္ကရာမြတ်စွာဘုရားအားပူဇော်ကြသည်။ သုမေဓာခေါ်မှတ်ရသေ့မြတ် ဤသုမေတ္တာအမျိုးသမီးသည် သင်၏ ဘုရားဖြစ်ရန် အကျိုးငှာ စိတ်တူ ကံတူ အညီအမျှပြုလုပ်သူ ကိုယ်နှုတ်နှလုံးသုံးပါးနှင့် ချစ်ခင်နှစ်သက်သူဖြစ်ပေလိမ့်မည်။နောက်ဆုံးပစ္ဆိမဘဝ၌ သင်သည်ဂေါတမမြတ်စွာဘုရားဖြစ်၍ သုမိတ္တာသည် ယသော်ဓရာထေရ်ရီမ ဖြစ်လာပေ လိမ့်မည်ဟု ဗျာဒိတ်ထား မိန့်ကြားတော်မူ၏။

ဦးကျွန်းနတ်နန်း

ကောင်းမှုတော်စေတီတော်မြတ်ကြီးအား မြန်မာတစ်ပြည်လုံး အင်္ဂလိပ်လက်အောက်ရောက်ရှိပြီး ထီးသုဉ်း နန်းသုဉ်းဖြစ်နေချိန်တွင် ကောင်းမှုတော်စေတီတော်မြတ်ကြီးမှာ ဖောင်းရစ်တော်မှ အထက်သို့ပြိုကျနေသည့် စေတီငုတ်တိုဘဝရောက်ရှိနေပြီး သစ်ပင်ခြုံနွယ်များ အုပ်ဆိုင်းနေသည့်အတွက် စေတီမှန်း လူတိုင်း မသိရှိချိန်တွင် ရခိုင်စုရွာမှ တောလိုက်မုဆိုးကြီး ဦးဖိုးချွန်မှ တောကြောင်လိုက်ရင်း တောကြောင်က စေတီငုတ်တိုပေါ်မှ စေတီအလယ်ချိုင့်ဝှမ်းထဲသို့ ဝင်ပြေးသဖြင့် ဦးဖိုးချွန်မှ ဝင်ကြည့်ရာ တောကြောင်မတွေ့တော့ပဲ စေတီငုတ်တိုမှန်း သိသွားသဖြင့် လဲဘူးရွာမှ လူကြီးမင်းများဖြစ်ကြသော ဦးဝင်း၊ ဦးမောင်ကြီး၊ ဦးနု စသည့် လူကြီးမင်းများအား အကြောင်းကြားခဲ့ရာ ကန်တော်ကျောင်းဆရာတော် ဦးနန္ဒိယ နှင့်တိုင်ပင်၍ ဆရာတော်ကိုယ်တိုင်ဦးစီးကာ စေတီတော်အား အသစ်တစ်ဖန် ပြန်လည်ပြုပြင်ခဲ့ပါသည်။

၂၀၁၇ ခုနှစ်တွင် ဗုဒ္ဓရမ္မဏ တန်ဆောင်းတော်ကြီးနှင့် ရွှေဆောင်းတန်း၊ ငွေဆောင်းတန်း၊ ပတ္တမြားဆောင်းတန်းသုံးသွယ်ဖြင့် မြတ်စွာဘုရားနှင့် နတ်ဗြမ္မာအပေါင်း နတ်ပြည်မှ လူ့ပြည်သို ပြန်လည်ကြွတော်မူလာသော ရုပ်လုံး၊ ပန်းချီ၊ ပြခန်း
(ဦးအောင်ရွှေ + ဒေါ်ဘီ (ခ) ဒေါ်ခင်ဝင်းမိသားစု (၅) လမ်းမှ လှူဒါန်းသည်။)

မဟာဗောဓိညောင်ပင်

ကောင်းမှုတော်ဘုရားရှိ မဟာဗောဓိပင်ကို လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ခန့်က စိုက်ပျိုးပူဇော်ခဲ့ပါသည်။ ကောင်းမှုတော်စေတီရင်ပြင်၏ အင်္ဂါထောင့်တွင် တည်ရှိပါသည်။ မဟာဗောဓိပင်ပတ်လည်တွင် ဂြိုဟ်ရှစ် ခွင်ဘုရားများ ပူဇော်ထားပြီး အများပြည်သူများ မြတ်စွာဘုရားအား ရေသပ္ပါယ်နိုင်ရန် စီစဉ် ဆောင်ရွက် ထားပါသည်။

သိမ်တော်မင်္ဂလာ နှင့် သိမ်တော်စေတီ

ရှေးဘုရင်များလက်ထက်က တည်ဆောက်ခဲ့သည့် သိမ်ပျက်အား ပြန်လည်မွမ်းမံခဲ့ပြီး သီတင်းကျွတ်လပြည့်နေ့တိုင်း ပဝါတဏာ ပွဲများ ကျင်းပရာ သိမ်တော်ဖြစ်ပါသည်။

ဂေါတမဘုရားလောင်းဖွားတော်မူခန်း

၂၀၁၆ ခုနှစ်(အလှူရှင် တောင်ငူမြို့ရာဇဓာတုကလျာတည်းခိုခန်းပိုင်ရှင် ဒေါ်နိုင်နိုင်အောင်မိသားစုမှ လှူဒါန်းသည်။

သိုက်ချုပ်ဘုရား

သိုက်ချုပ်ဘုရားနေရာတွင် နှစ်ပေါင်း ရာကျော်နေသော စကားဝါပင်သည် အရွယ်မပြောင်းလဲပဲ ပေါက်ရောက်နေပြီး သိုက်အဆက်ရှိသော ပုဂ္ဂိုလ်များ လာရောက်ပူဇော်ကြပါသည်။ စကားဝါပင်သေဆုံးချိန်တွင် မူလအပင်အောက်တွင် ရှိသော ပလ္လင်နှင့်ရုပ်ပွားတော် ကို ယခုဆက်လက်ပူဇော်နေကြပြီး စကားဝါပင် အသစ် စိုက်၍ ပူဇော်ထားပါသည်။

အရှေ့ဘက် အာရုံခံတန်ဆောင်းနှင့် ဗုဒ္ဓရုပ်ပွားတော်များ
အနောက်ဘက် အာရုံခံတန်ဆောင်းတော်
တောင်ဘက်အာရုံခံ တန်ဆောင်း
မြောက်ဘက်အာရုံခံတန်ဆောင်း (၇)ရက်သားသမီးများကောင်းမှု
ကောင်းမှုတော်စေတီတော်မြတ်ကြီးတွင်ရှိသော တံခွန်တိုင်
ကောင်းမှုတော်စေတီတော်မြတ်ကြီးတွင်ရှိသော ခေါင်းလောင်း
နှစ်ပေါင်း (၈၀) သက်တမ်းရှိ တရုတ်စကားပင် 
နှစ်ပေါင်း (၁၀) သက်တမ်းရှိ ခရေပင်