ကဆုန်လ - ကဆုန်ညောင်ရေသွန်းပွဲတော် နှင့် ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲ

ကဆုန်သည် မြန်မာပြက္ခဒိန်၏ဒုတိယလ  ဖြစ်သည်။ ကဆုန်လတွင် ရက် ၃၀ ရှိသည်။ ရက်စုံသောလ ဖြစ်သည်။’ကု’ သည် ‘ရေ’ ဟုအဓိပ္ပာယ်ရပြီး ‘ဆုန်’ မှာ ‘သွန်းလောင်းခြင်း’ အဓိပ္ပာယ် ရှိသည့်အတွက်ကြောင့် အလွန်ပူပြင်းသည့်နွေရာသီ၏ အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တိုကို ရေလောင်းပေးရသည်ဟု ယူဆပါသည်။ ထိုကဲ့သိုပင် မဟာစေတီတော် မြတ်ကြီးတွင်လဲ ညောင်ရည်သွန်းပွဲများ ဓမ္မစကြာ ရွတ်ဖတ် ပူစော် ပွဲများကို စည်းကားစွာ ကျင်းပ လေ့ ရှိသည်။

 

[ဤစာများသည် ကျောင်းသားများ ထည့်သွင်းထားသောစာများသာဖြစ်ပါသည်။]

ဝါဆိုလ - ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ

ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။မဟာ စေတီတော် မြတ်ကြီးတွင်လဲ သင်္ကန်ကပ်လှူ ပူဇော်ပွဲ များ စည်ကားစွာ ကျင့်ပလေ့ရှိသည်။

[ဤစာများသည် ကျောင်းသားများ ထည့်သွင်းထားသောစာများသာဖြစ်ပါသည်။]

သီတင်းကျွတ်လ - ဆီမီးပူဇော်ပွဲ

သီတင်းကျွတ်လသည် မြန်မာလများတွင် သတ္တမလဖြစ်၏။ မိုးဥတုတွင်ပါဝင်သည်။ ရှေးအခါကသီတင်းကျွတ်လဟူ၍ မခေါ်ကြဘဲ သန်တူလဟု ခေါ်ဆိုရေးသားကြသည်ကို တွေ့ရသည်။မဟာစေတီတော် မြတ်ကြီးတွင်လဲ ဆီမီးပူဇော်ပွဲများ ၊ ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲများ ကျင်းပ စည်းကားသိုက်မြိုက်စွာ ကျင့်ပလေ့ရှိသည် ။J

[ဤစာများသည် ကျောင်းသားများ ထည့်သွင်းထားသောစာများသာဖြစ်ပါသည်။]

တန်ဆောင်မုန်းလ - မသိုးသင်္ကန်းရက်လုပ် လှူဒါန်းပွဲ

တန်ဆောင်မှုန်း ခေါ် တန်ဆောင်မုန်းသည် မြန်မာပြက္ခဒိန်၏  ရှစ်လမြောက်လသည် အောက်တိုဘာလ၊ နိုဝင်ဘာလ အတွင်း ကျရောက်သည်။’တန်ဆောင်’ မှာ ‘မီးတိုင်’ ဖြစ်ပြီး ‘မှုန်း’ မှာ ‘ပျံနှံ့စေခြင်း’ အဓိပ္ပာယ်ရပြီး ထိုဝေါဟာရနှစ်ခု ပေါင်းလိုက်လျှင် ‘မျက်စိတစ်ဆုံး ဆီမီးတိုင်များ ပွားများ ထွန်းလင်းနေသည်’ ဟုဆိုလိုသောကြောင့် မီးထွန်းပွဲကို ရည်ညွှန်းပါသည်။မဟာစေတီတော်မြတ်ကြီးတွင်လဲ မီးထွန်းပွဲတော်များ ၊ မသိုးသင်္ကန် ကပ်လှူ ပူဇော်ပွဲများ ကျင်းပလေ့ရှိသည်။

[ဤစာများသည် ကျောင်းသားများ ထည့်သွင်းထားသောစာများသာဖြစ်ပါသည်။]

တပို့တွဲလ - မဟာစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ

တပိုတွဲ (ရှေးမြန်မာစာ: တပိုဝ်တွဲ/တပ္အိုတွဲ) သည် မြန်မာပြက္ခဒိန်၏ ဧကာဒသမလ သိုမဟုတ် ၁၁ လမြောက်လဖြစ်ပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ အတွင်း ကျသည်။တပိုတွဲလတွင် ထမင်းနှဲပွဲ  ကျင်းပကြသည်။ ကောက်ညှင်းစပါးသစ် ပေါ်ချိန်တွင် အရပ်ရပ်၌ ထမင်းနှဲထိုး၍ ကျွေးမွေးလှူဒါန်းလေ့ရှိကြသည်။ထို့ ကဲ့ သို့သော လတွင် မဟာစေတီကြီး ရှိ ကျင်းပသော ထမင်းနှဲပွဲ တော်များ၌ ဝင်ရောက်ဆင်နွဲရသည်မှာ ပျော်ရွင်ဖွယ်ကောင်းလှပါသည်။

[ဤစာများသည် ကျောင်းသားများ ထည့်သွင်းထားသောစာများသာဖြစ်ပါသည်။]