ဓမ္မစေတီမင်းကြီးသည် အိန္ဒိယပြည်ရှိဘုရားများ၏ အတ္ထုပ္ပတ္တိစေတီများအနေအထားအတိုင်း ဟံသာဝတီ ပြည်၌ စေတီအများတည်ထားလို၍ ထိုစေတီတို့၏ အတိုင်းအတာပုံပန်းများ ရေးမှတ်ယူရန် ရဟန်းတော် (၈)ပါးနှင့်အတူ ပန်းချီ၊ပန်းရန်၊ပန်းတမော့ ပညာရှင်(၅၀)ကို သက္ကရာဇ်(၈၃၉)ခုတွင် အိန္ဒိယသို့ စေလွှတ် တော်မူသည်။
မင်းတရားကြီးစေလွှတ်သောအဖွဲ့ ပြန်လာပြီး တွေ့ရှိခဲ့သည့် မဟာဗုဒ္ဓဝင်နေရာတော်မြတ် များအား ကြားနာရစဉ် အလွန်တရာဝမ်းမြောက်တော်မူ၍ မဟာဗောဓိဂန္ဓကုဋီ(ရွှေဂူကြီး) မဟာဗောဓိ ညောင်ပင်ပုံ၊ သတ္တဌာန၊ နေရဉ္ဇရာ အစရှိသည်တို့ကို တည်တော်မူလို၍ မင်း၊မိဖုရား၊မင်းညီ၊မင်းသား၊ မှူးမတ်၊ မြို့စား၊ ရွာစား အစပြည်သူ၊ပြည်သားမကျန် အလှူငွေထည့်ဝင်စေသည်။ စုစုပေါင်း ရွှေပိဿာ (၃၅၀) ရတော်မူသည်။
၁။ မဟာဗောဓိဂန္ဓကုဋီ ကို ဓမ္မစေတီမင်းကြီး
၂။ ရာဇာယတန ကို မိဖုရားကြီး
၃။ ရတနာစင်္ကမစေတီ ကို သားတော်ဗညားရမ်း
၄။ ရတနာဃရ ကို ဝန်မြို့စားစောနုသိုင်း
၅။ အနိမိဿစေတိ ကို ပသက်မြို့စားသမိန်ရာဇ စသည့် ဗုဒ္ဗဝင်နေရာတော်မြတ်(၃၀)ကျော်အား မင်း၊ မိဖုရား၊ သားတော်၊ သမီးတော်၊ မှူးတော်၊ မတ်တော်၊ စစ်သည်သူရဲကောင်း များပါမကျန် တာဝန်ခွဲ ဝေ၍ ကြပ်မတ်တည်တော်မူစေခဲ့သည်။ ဤသို့ခန့်ထားပြီး လျင် သက္ကရာဇ်(၈၄၁)ခု၊ ကဆုန်လဆန်း (၃) ရက်၊ အင်္ဂါနေ့တွင် မဟာဗောဓိတိုက်စေတီ(ရွှေဂူကြီး) တည်တော် မူမည့် သလည်းကုန်းမြေနေရာကို စတင်မြေရှင်းလင်းစေသည်။ ဒုတိယဝါဆိုလဆန်း (၅) ရက်၊ကြာသပတေး နေ့တွင် ရွှေဂူကြီးဘုရား တည်ရန်စတင်ကျောက်မြစ်ချခဲ့သည်။
ထိုတည်ထားခဲ့သော ရွှေကူကြီးဘုရားနှင့် မဟာဗုဒ္ဓဝင်အရံဘုရားများသည် ဟံသာဝတီပြည့်ရှင် ဓမ္မစေတီမင်း၏အဖိုးတန်ဆုံးသော ကောင်းမှူတော်တစ်ခုဖြစ်သည်။ မင်းကြီးသည် မိမိ၏ကောင်းမှု ဖြစ် သောစေတီတော်ကို “ဟံသာဝတီမဟာဗောဓိ” ဟု သမုတ်ခဲ့ပါသည်။
ဘုရားသခင်၏ဓာတ်တော်များနှင့် ဆင်းတုတော်များ၊ဘုရားရှိခိုးပူဇော်ဟန် ထုဆစ်ထားသောမင်း၊ မိဖုရား၊ မင်းသား၊ မင်းသမီးများ၊ မှူးကြီးမတ်ရာများနှင့်သေနာပတိများ၏ ရုပ်ထုများကိုဌာပနာ၍ တည် ထားပါသည်။ ထို့ပြင် မဟာဗောဓိတိုက်အတွင်းတွင် မြတ်လှစွာသေညဂေါတမအဖြစ်ရောက်တော်မူပြီး ခုနှစ်ရက်ပတ်လုံးသီတင်းသုံးသည့် ဝဇီရာသနပလ္လင်တော်နှင့် ကျောက်ဆင်းတုတော်တစ်ဆူကို တည် ထားသည်။ ဂန္ဓကုဋီတိုက်အနီးတွင်လည်း အလျားအတောင်(၅၀)၊ အနံ(၂၈)တောင် ရှိသော အမိုးသုံးဆင့် တန်ဆောင်းကို ဆောက်လုပ်ခဲ့သည်။ ထိုတန်ဆောင်း၏အလယ်တွင် ပလ္လင်တော်နှင့်စန္ဒကူးဆင်းတုတော် တစ်ဆူကို တည်စေပြီး ပလ္လင်၏နောက်တွင် ရွှေ၊ ငွေ၊ သံ၊ သတ္တု တို့ဖြင့်ပြုလုပ်သည့် မဟာဗောဓိပင် သဏ္ဌာန် ဗောဓိညောင်ကိုလည်း ပြုလုပ်တည်ထားသည်။ ပလ္လင်တော်၏ ရှေ့အောက်တွင် ဝသုန္ဒရီနတ် သမီး ရုပ်ထုများဖြင့်ကာရံထားသည်။ ပလ္လင်၏ဘေးပတ်လည် ဝန်းကျင်တွင် ဗြဟ္မာရုပ်၊ သိကြားရုပ်ထုများ ထုလုပ်ထားရှိစေသည်။ တန်ဆောင်း၏အတွင်းနံရံတွင်း၌ ဘုရားရှင်အားပူဇော်နေဟန် နတ်၊ ဗြဟ္မာရုပ် စဉ့်ကွင်းများလည်း တန်ဆာဆင်လေသည်။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှ ရရှိခဲ့သော မဟာဗောဓိ အကိုင်း အရွက်များကို ဌာပနာ၍ စေတီတစ်ဆူလည်းတည်သည်။ အစေ့ကိုမူ မျိုးစိုက်ကာ “အင်္ဂါရဗောဓိပင်”ဟု ကဗ္ဗည်းတပ်တော်မူခဲ့သည်။ နေရဉ္ဇရာမြစ်၊ သတ္တဌာန စသော ဗုဒ္ဓဝင်နေရာတော်များနှင့် ပုံစံတူများကို စေတီတည်ရန် တာဝန်ချထားတော် မူသည့်အတိုင်း တစ်ပြိုင်နက် တည်တော်မူပြီးသော် သက္ကရာဇ် (၈၄၄)ခု၊ ဝါဆိုလဆန်း (၅)ရက်၊ တနင်္ဂနွေ နေ့တွင် မင်းဆရာတော်(၃၇)ပါးနှင့် သံဃာတော် သုံးသောင်း ကျော်တို့အား ပင့်တော်မူ၍ ရွှေပိဿာ သုံးရာ့ငါးဆယ်ကုန်သော ပြည်သူအပေါင်း ပါဝင်သည့် အလှူကြီး ကို ဓမ္မစေတီမင်းကြီး ရေစက်သွန်းချတော်မူသည်။
ရွှေဂူကြီး(ခေါ်) မဟာဗောဓိဂန္ဓကုဋီစေတီတော်မြတ်ကြီးနှင့်အတူ ဗုဒ္ဓဝင်နေရာဌာနများ၊ သတ္တ ဌာနနေရာတော်များအား ရည်မှန်းကိုးကွယ်သော အရံစေတီများစွာတည်ထားသည့် ကောင်းမှုတော်များ သည် ဟံသာဝတီဘုရင်ဓမ္မစေတီမင်းကြီး၏ ထူးခြားအဖိုးတန်သောသမိုင်းဝင်နေရာများ ဖြစ်ပါသည်။ သက္ကရာဇ်(၈၉၆)ခုတွင် သုရှင်တကာရွတ်ပိ၏ သေနာပတိများဖြစ်သော ဗညားလောနှင့် ဗညားကျန်း တို့၏အမိန့်ဖြင့် ရွှေဂူကြီးစေတီများမှ ဘုရားအလုပ်အကျွေးများနှင့် ရဟန်းတော်များကို စစ်မြေပြင်သို့ လိုက်ပါအမှုတော်ထမ်းရလေသည်။ သက္ကရာဇ်(၈၉၉)တွင် မင်းတရားရွှေထီးက ရွှေဂူကြီးစေတီမှ အလုပ် အကျွေးများကို ပြန်လည်ဖြည့်တော်မူသည်။ သက္ကရာဇ်(၉၂၆)ခုတွင် ငလျင်ဒဏ်ကြောင့် ရွှေဂူကြီး စေတီတော် အထက်မှ (၁၀)တောင်ခန့် ပြိုကျလေသည်။ ထိုငလျင်ကြောင့် ထိတ်လန့်ကြောက်ရွံ့ပြင်းစွာ ဖြစ်လျက် ဘုရင့်နောင်မင်းတရားကြီး၏ မိဖုရား အတုလသီရိမဟာရာဇာဒေဝီ နတ်ရွာစံတော်မူသည်။ ထို့ကြောင့် ဘုရင့်နောင်မင်းတရားကြီးသည် မိဖုရားအတုလသီရိမဟာရာဇာဒေဝီ အားရည်စူးပြီး ရွှေဂူကြီး စေတီကို ပြန်လည်ပြုပြင်တော်မူသည်။ သို့သော် သက္ကရာဇ်(၉၆၂)တွင် ပေါ်တူဂီကပ္ပတိန် ဟန်မဆင်ဂါက ဓမ္မစေတီမင်းကြီး၏ ကောင်းမှုဖြစ်သော ဗောဓိညောင်ပင်မှ ရွှေညောင်ရွက်၊ ငွေညောင်ကိုင်းတို့ကို နှုတ်ယူ ကြသည်။ ပေါ်တူဂီနောက်လိုက်များက သံညောင်ပင်စည်တို့ကို နှုတ်ယူ၍ ရခိုင်သို့ပို့ကြသည်။ သက္ကရာဇ် (၉၇၄)ခုတွင် အနောက်ဖက်လွန်မင်းတရားက ပေါ်တူဂီတို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် တစ်နှစ် အကြာတွင် ဓမ္မစေတီမင်း၏ကောင်းမှုများကို ပြန်လည်ပြုပြင်ခဲ့သည်။
အလောင်းမင်းတရား လက်ထက် တွင် အင်းဝဆင်ဝန်ဟောင်းငအောင်လူသည် ဗြမိုင်းဓိရာဇာဘွဲ့ခံကာ ဟံသာဝတီတွင်နန်းစံ၍ ပုန်ကန် သောကြောင့် မင်းတရားကြီး လာရောက်နှိမ်နင်း ခဲ့ရသည်။ အောင်မြင်ပြီးနောက် သက္ကရာဇ်(၁၁၁၈)ခု၊ ပြာသိုလဆန်း(၂)ရက်တွင် ရွှေဂူကြီးဘုရားအား “ကျိုက်သလည်း”ဟု ဘွဲ့သစ်သမုတ်တော်မူပြီး သဇင် ပန်းအစရှိသော လှူဖွယ်များဖြင့် တခမ်းတနားလှူဒါန်းတော်မူသည်။ သက္ကရာဇ်(၁၁၂၁)ခု၊ ဝါခေါင်လတွင် အလောင်းမင်းတရားကြီးကိုယ်တိုင် လာရောက်ဉီးတိုက်တော်မူသည်။ (၁၂၄၉)ခုတွင် ရွှေဂူကြီးအနီး ကျောင်းထိုင်သော ဆရာတော်ဘုရားကြီး ဦးသုမနက “ရွှေဂူကြီး”ဟုဘွဲ့အမည် စ၍သမုတ်ခဲ့သည့် အတိုင်း ယနေ့တိုင် “ရွှေဂူကြီး” ဟူ၍ပင် ဘွဲ့ အမည်တွင်လျှက်ရှိသည်။ (၁၂၅၀)ခုနှစ်(ခရစ်နှစ်-၁၈၈၈) တွင် ငလျင်ဒဏ်ကြောင့် ရွှေဂူကြီးဘုရားနှင့်အတူ ဗုဒ္ဓဝင်စေတီများအားလုံး ပြိုကျပျက်စီးခဲ့ရသည်။
ယခုအခါတွင် ရွှေဂူကြီးဂေါပကအဖွဲ့၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဉီးစီးဌာနတို့မှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။ ပဲခူးမြို့၊ ဉဿာမြို့သစ်၊ ရက်ကွက်ကြီး(၈)တွင် တည်ရှိပါသည်။
အေဒီ ၁၄၇၇
အေဒီ ၁၄၇၇- ခုတွင် ဓမ္မစေတီမင်းသည် ဗုဒ္ဓဂယာသတ္တဌာနမဟာဗောဓိရွှေဂူကြီး စေတီ တော်ကြီးကို တည်ထားရန်အတွက် ရဟန်းတော်(၈)ပါးနှင့် ပန်းချီ၊ ပန်းပု၊ ပန်းတမော့ အစရှိသော ပညာရှင်(၅၀)ဦးကို အိန္ဒိယနိုင်ငံ ဘီဟာနယ် ဗုဒ္ဓဂါယာသို့ စေလွှတ်၍ မဟာဗောဓိစေတီပုံနှင့် အခြား စေတီများကို ပုံတူကူးယူ စေခဲ့ပါသည်။
ဟံသာဝတီဗုဒ္ဓဂါယာမဟာစေတီ ရွှေဂူကြီးဘုရားနှင့် သတ္တဌာနစေတီများသည် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာမှ ပုံတူများဖြစ်ပါသည်။ စေတီတော် တစ်ဆူနှင့်တစ်ဆူ အကွာအဝေးမှစ၍ အနေအထား အားလုံး တူညီမှုယူကာ တည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်ပါသည်။
အေဒီ-၁၄၇၉
မဟာဗောဓိရွှေဂူကြီး ကျောက်စာအလိုအရ ဟံသာဝတီဗုဒ္ဓဂယာခေါ် ရွှေဂူကြီးတည်ရန် သက္ကရာဇ် ၈၄၁-ခု၊ ကဆုန်လဆန်း(၃)ရက်(အေဒီ-၁၄၇၉)တွင် စေတီတော်တည်မည့်နေရာကို စတင်သုတ်သင် ရှင်းလင်းတော်မူခဲ့သည်။ ဒုတိယဝါဆိုလဆန်း(၅)ရက်နေ့တွင် ကျောက်မြစ်ချ၍ ဂန္ဓကုဋီတိုက်ကို အစောက်ရှစ်တောင် တစ်မိုက်ကိုးသစ်ပြုပြီး ဂူအထက် စေတီ(၅)ဆူတည်၍ အင်္ဂတေကျန်သည်။ တန်ဆောင်မုန်းလဆန်း(၆)ရက်နေ့တွင် ဓာတ်တော်များကို ဌာပနာတော်မူပြီး မင်းနှင့်တကွ မိဖုရား၊ သားတော်၊ သမီးတော်၊ ဆွေတော်မျိုးတော်တို့နှင့် မှူးကြီးမတ်ကြီးတို့ ဘုရား ပူဇော်ဟန် ရုပ်တုများကို ဓာတ်တော်များထည့်ရာ စေတီပတ်လည်၌ စီရင်ကာ ဌာပနာတော်မူခဲ့သည်။
အပရာဇိတပလ္လင်ပုံကို အတုပြုလျက် ကျောက်ဘုရားဆင်းတုတစ်ဆူကိုလည်း တည်ထား ကိုးကွယ်တော်မူခဲ့သည်။ ဂန္ဓကုဋီတိုက်အနီး၌ အလျားအတောင် (၅၀)၊ အနံ (၂၈)တောင်၊ အမိုး(၃) ဆင့် တန်ဆောင်းဆောက်၍ တန်ဆောင်းအလယ်၌ ရွှေပလ္လင်ထားသည်။ ပလ္လင်နောက်တွင် သံပင် စည်၊ ငွေအရိုးတံ၊ ရွှေရောင်ခွက်တို့နှင့် မဟာဓောဓိကယူဆောင်လာသော အကိုင်းပြတ်နှင့် အရွက် များကို စေတီပြု၍ အစေ့ကိုစိုက်ပျိုးကာ “အင်္ဂါရဗောဓိ” ဟု ကမ္ဗည်းကျောက်စာထိုးသည်။ တံတိုင်း၊ တံခါးလေးရပ်အနီး၌ ဇရပ်လေးဆောင်ဆောက်၍ အတွင်းနံရံတို့၌ နတ်ဗြဟ္မာပုံများနှင့် မာရ်စစ်သည် စဉ့်ကွင်းများတည်လုပ်ခဲ့ပါသည်။
ဓမ္မစေတီမင်းကြီး၏ ထိုရွှေဂူကြီးသည် ရှေးဟောင်းသုတေသနဌာန၏ အစီရင်ခံစာအရ ၁၉၁၄-ခုပိုင်းတွင် အလွန်ပျက်စီးယိုယွင်းလျက်ရှိခဲ့ကြောင်း သိရှိရပါသည်။ ဘုရားဝင်းအုတ်တံတိုင်း ဟောင်း သည် ယခုတိုင်ကျန်ရှိနေသေးသည်။ အုတ်တံတိုင်းမှာ အလျား-၄၇၅ပေနှင့် အနံ-၄၆၅ပေ ရှိသည်။ ထိုအုတ်တံတိုင်း၏ အတွင်းဘက်၌ မုခ်ကပ်အချိုင့်များ( အလျား-၁ပေ၊ အနံ-၁ပေ ၂လက်မ၊ အမြင့်-၈ လက်မ)၂ခုတွဲလျက် ပြုလုပ်ထားပြီး ထိုမုခ်ကပ်ချိုင့်များတွင် စဉ့်ကွင်းများကပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စဉ့်ကွင်းရုပ်ကြွများမှာ မြေမီးဖုတ် အုတ်ခွက်တွင် ရုပ်ကြွဖော်ပြီး စဉ့်သုတ်ထားခြင်း ဖြစ်ပါသည်။ အရုပ် များမှာမူ နတ်ဗြဟ္မာရုပ်များနှင့် မာရ်နတ်စစ် သည်တော်ရုပ်များ ဖြစ်သည်။ ထိုအရုပ်ကို ညွှန်းဆိုသောစာကိုလည်း ပုံများအောက်တွင် မွန်ဘာသာ ဖြင့် ရေးထိုးထားသည်။
အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာပုံစံတူ ကုသိုလ်တော်ကို ပြုလုပ်လှူဒါန်းလိုသော ဓမ္မစေတီမင်းကြီးသည် ကုသိုလ်ကောင်းမှုတို့များအား မိမိတစ်ပါးတည်း ရယူလိုသော သဘောတော်မရှိမိမိမှ အခြား သော သူများကိုလည်း ကောင်းမှုကုသိုလ် ခွဲဝေရရှိစေခြင်းအကျိုးအလို့ငှာ မိဖုရား၊ မင်းညီမင်သား၊ မင်းသမီး၊ မြို့စား၊ ရွာစား၊ မှူးမတ်များနှင့် တိုင်းသူပြည်သားများကိုလည်း အလှူငွေထည့်ဝင် လှူဒါန်းပါဝင်စေခဲ့ ပြီး စုစုပေါင်း ရွှေပိဿ(၃၅၀)ရတော်မူပါသည်။ ဓမ္မစေတီမင်းကြီး၏ ပရဟိတအလုပ်(အများ၏ အကျိုးကို အထူးလိုလာတော်မူတော် စိတ်နှင့် စွမ်းဆောင်နိုင်မှု)ကို တွေ့မြင်နိုင်ပါသည်။
ထိုပုံတူစေတီများကို အေဒီ ၁၄၇၉ ခုနှစ်တွင် ဓမ္မစေတီမင်းသည် အောက်ပါအတိုင်း တာဝန်ခွဲ ဝေသတ်မှတ်၍ လှူဒါန်းစေခဲ့ပါသည်။
၁။ မဟာဗောဓိစေတီ (ဓမ္မစေတီမင်းကြီး)
၂။ အနိမိဿစေတီ (ပသက်ကိုမြို့စား သမိန်ရာဇာ)
၃။ ရတနာစင်္ကြစေတီ ( သားတော် ဗညားရံ)
၄။ ရတနာဃရစေတီ ( ဝန်မြို့စား စောနုသိုင်)
၅။ အဇပါလစေတီ ( အမတ်မဟာရာဇာ)
၆။ မုဉ္စလိန္ဒာစေတီ ( ပဲခူးစားယောဂရာဇ်)
၇။ ရာဇာယတနစေတီ ( မိဖုရားကြီး နဲတကာသင်)
ထိုနှစ်မှာပင် ဓမ္မစေတီမင်းကြီးသည် သတ္တဌာန(၇)ဆူအပြင် အထိမ်းအမှတ် စေတီများကိုလည်း အိန္ဒိယဗုဒ္ဓဂါယာမှပုံတူ အောက်ပါအတိုင်း တည်ဆောက်ခဲ့ပါသည်။
၈။ သုပ္ပတိဌစေတီ – သမီးတော်တလသင်ဇာနှင့်သားမက်တော်သန်လျင်မြို့စား သမိန်ဝါရန်။
၉။ ဒိဝါဝိဟာရစေတီ – သမီးတော်တလမေကြီးနှင့် သားမက်တော်စမြင်ဒုန်(ပန်းတနော်)မြို့စား ရာဇပုတ်။
၁၀။ ဘူမစင်္ကမနစေတီ – ဒလမြို့စား ဇေယျသူရ။
၁၁။ နဟာနစေတီ – သမီးတော်တလမေဝန္ဒာဝတီ။
၁၂။ ဥပကသမာဂမဝေတီ – မြိုင်မြို့စား အဲဝံမိန်
၁၃။ ပါဋိဟာရိယစေတီ
၁၄။ ဥရုဝေဠစေတီ
၁၅။ ဒုက္ကရစရိယစေတီ
၁၆။ သုဇာတာစေတီ
၁၇။ သောတ္တိယစေတီ
၁၈။ ရတနာ ဗျောမကစေတီ
၁၉။ ဓမစက္ကစေတီ
၂၀။ လုမ္ဗနီစေတီ
၂၁။ ကုသိနာရုံစေတီ
၂၂။ ရှင်တစ်ထောင်စေတီ
၂၃။ ရတနာဝေဒိကစေတီ
၂၄။ ဟေမဝတစေတီ
၂၅။ ရာဟုလာစေတီ
၂၆။ နာဠကစေတီ
ပဲခူးတိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံး အထူးအရာရှိ(ဒုတိယဗိုလ်မှူးကြီး) စိုးညွန့်၊ ဦးဆန်း( မြန်မာ့အလင်းသတင်းစာတိုက်)၊ ဦးတင်ဝင်း+ဒေါ်မြမြဝင်း၊ ဦးဌေးဝင်း+ဒေါ်စန်းစန်းမော်၊ ဦးမောင်မောင်သောင်း အစရှိသော ပုဂ္ဂိုလ်များကလည်း (၇)ရက်သားသမီးတို့အား နှိုးဆော်တိုက်တွန်း အလှူခံပြီး မဟာဗောဓိစေတီတော်ကြီးအား ပြန်လည်မွမ်းမံ ပြုပြင်ခဲ့ကြပါသည်။
အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိသုဒ္ဓ- ဓမ္မာလင်္ကာရဆရာတော်ဘုရားကြီးနှင့် တပည့်ဒါယိကာ၊ ဒါယိကာမများမှလည်း ပဉ္စမသတ္တာဟ အဇပါလဆိတ်ကျောင်း ညောင်ပင် စေတီ တော်ကုန်းတော်ကြီးကို ခြုံငုံ၍ ဂန္ဓကုဋီတိုက်၊ မုခ်လေးမုခ်၊ ကျောက်ဆင်းတုလေးဆူနှင့်တကွ စေတီ တော်ကြီးတစ်ဆူကိုလည်း အသစ်တစ်ဖန် ပြန်လည်တည်ထား လှူဒါန်းတော်မူခဲ့ပါသည်။
သာမညနိဗ္ဗာန်တောင်ဆရာတော် ဘဒ္ဒန္တတေဇောဘာသ၊ ဒုတိယ ဗိုလ်မှူးကြီး စိုးညွန့်တို့၏ ဦး ဆောင်မှုဖြင့် ရန်ကုန်မြို့၊ စမ်းချောင်းရပ်ကွက်နေ ဦးလှမြင့်+ဒေါ်ဖြူဖြူမိသားစုတို့မှ မုဉ္စလိန္ဒာသတ္တာဟ နဂါးရုံဘုရား၊ ဂန္ဓကုဋီတိုက်၊ ရေကန်တံတား၊ အုတ်လှေကားနှင့် မုခ်ဦးတို့ကို ကျပ်သိန်း(၃၀) အကုန် အကျခံလှူဒါန်းပြီး(၂၁-၂-၂၀၀၁)ရက်နေ့တွင် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။
မဟာဗောဓိစေတီတော်ကြီး၏ တနင်္ဂနွေထောင့်တွင် ရန်ကုန်မြို့၊ ရွှေဘုံသာလမ်းနေ ဦးအောင်မြ+ဒေါ်ကျင်လှိုင်တို့အား ရည်စူး၍ ဘုရားဒါယကာဦးထွန်းအေး+ ဘုရားဒါယိကာမ ဒေါ်ခင်မြင့် မိသားစုတို့မှ သံကူကွန်ကရက်ထောက်တိုင်များအပါအဝင် ဉာဏ်တော်(၂၀)တောင်ရှိသော အရံစေတီ တော်ကြီး တစ်ဆူကို တည်ထားကိုးကွယ်လှူဒါန်းပူဇော်ခဲ့ကြပါသည်။
ပဲခူး၊ ရန်ကုန်ကားလမ်းမဘေးရှိ မဟာဗောဓိစေတီတော်ကြီး၏ မုခ်ဦးနှင့် အဝင်လမ်းကို ရန်ကုန်မြို့၊ (၈)မိုင်ခွဲ ရွှေနှင်းဆီလမ်းနေ ဗိုလ်မှူးသန်းထွဋ်ညွန့်+ဒေါ်ယဉ်ယဉ်ထွေး မိသားစုတို့မှ ငွေ (၁၀)သိန်းကျပ် အကုန်ကျခံကာ လှူဒါန်းခဲ့ကြပါသည်။
ရတနာဃရစေတီတော်လှိုဏ်ဂူအတွင်းရှိ မူလဆင်းတုတော်နှင့် ပလ္လင်တော်မှာ မိုးရေဝင်မှု ကြောင့် အရောင်မှိန်နေခဲ့ရာ ရန်ကုန်မြို့၊ ဝင်ဆာလမ်းနေ ဦးမျိုးထွဋ်မိသားစုတို့မှ ပြုပြင်လှူဒါန်းခဲ့ပြီး ပျက်စီးနေသော ကျွန်းဆင်းတုတော်များအစား စကျင်ကျောက်သား ဆင်းတုတော်များကို ရန်ကုန်မြို့၊ ကန်တော်ကလေးနေ ဦးဝေတည်+ဒေါ်ခင်အေးဝင်း မိသားစုများနှင့် ဘက်စုံပြုပြင်ရေး ကော်မတီဝင် များမှ လှူဒါန်းပူဇော်ခဲ့ကြပါသည်။
မဟာဗောဓိပင်ကြီးပတ်လည် ဂြိုလ်ရှစ်ခွင်ရှိ မလာစတာဗုဒ္ဓရုပ်ပွားဆင်းတုတော်များ သဘာဝ ဘေးဒဏ်ကြောင့် ကွဲအက်ပျက်စီးနေရာ ဘက်စုံမွမ်းမံပြုပြင်ရေးကော်မတီဝင်များမှ ကျောက်ဆင်း တုတော်(၈)ဆူကို (၆-၅-၂၀၀၁)ရက် ကဆုန်လပြည့်နေ့တွင် လှူဒါန်းပူဇော်ခဲ့ကြပါသည်။ ရန်ကုန်မြို့(၃၈)လမ်းနေ ဦးကျော်တင့် ဦးဆောင်သော (ဆန်းဖား)ကုမ္ပဏီ သင်္ဘောသားများ အဖွဲ့မှလည်း ရောင် တော်ဖွင့်ခြင်း၊ ဆေးသုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းကုသိုလ်များကို ပြုလုပ်ဆောင်ရွက် လှူဒါန်းခဲ့ ကြပါသည်။
အဝီစီရေတွင်း၊ မော်တာနှင့်ရင်ပြင်တော်ပတ်လည် မီးတိုင်များကို ရန်ကုန်မြို့ ဝင်ဆာလမ်းနေ ဦးမျိုးထွဋ်မိသားစုတို့မှ လှူဒါန်းခဲ့ကြပါသည်။ ပရိတ်ချည်မျှင်ဆရာတော် ဘဒ္ဒန္တစန္ဒိမာနှင့် ထီးတော် တင်အဖွဲ့ တပည့်များမှ ရတနာစင်္ကြံစေတီ(ရတနာဃရစေတီ၊ လင်းလွန်းပင်စေတီ၊ ဥပကသမာဂမ စေတီတော်များအား ထီးတော်အသစ် တင်လှူပူဇော်ခဲ့ကြပါသည်။
မဟာဗောဓိစေတီတော်ကြီး၏ အင်္ဂါထောင့်တွင် ရန်ကုန်မြို့၊ ကမ္ဘောဇလမ်းနေ ဘုရားဒါယကာ ဦးခင်သိန်း+ဘုရားဒါယိကာမ ဒေါ်ခင်ထားဝင်း မိသားစုတို့မှ သံကူကွန်ကရက်ထောက်တိုင်များ အပါအဝင် ဉာဏ်တော်(၂၀)တောင်ရှိ အရံစေတီတစ်ဆူကိုလည်း (၁၂-၁၀-၂၀၀၃)ရက်နေ့တွင် ရေစက်သွန်ချ လှူဒါန်းကြပါသည်။
မဟာဗောဓိစေတီတော်ကြီး၏ အဝင်လမ်း၊ ဒုတိယမုခ်ဦးကိုလည်း ချင်စုအထပ်သား စက်ရုံမှူးမှ လှူဒါန်းပါသည်။ ဒုတိယသတ္တာဟဖြစ်သော အနိမိသစေတီကုန်းတော်ပေါ်၌လည်း ရန်ကုန်မြို့(၄၈)လမ်း၊ ဗိုလ်တစ်ထောင်မြို့နေ ဦးလှတင်(ညွှန်ကြားရေးမှူး)+ဒေါ်သက်သက်ဦး မိသားစုတို့မှ ရပ်တော်မူ ရုပ်ပွားတော်တစ်ဆူနှင့် အုတ်ညှပ်,သွပ်မိုး,ဂန္ဓကုဋီကျောင်းငယ်တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့ ကြပါသည်။
သာမညနိဗ္ဗာန်တော်ဆရာတော် ဦးတေဇောဘာသသည် ကျန်းမာရေးမကောင်းသဖြင့် သား သမီးများရှိရာ ရန်ကုန်သို့ ပြန်ကြွသွားပါသည်။ ဒုတိယဗိုလ်မှူးစိုးညွန့်သည်လည်း နိုင်ငံတော်တာဝန် များကို ထမ်းဆောင်ရင်း ပဲခူးမြို့မှ တာဝန်ကျရာမြို့သို့ ပြောင်းရွှေ့သွားခဲ့သဖြင့် ဟံသာဝတီဗုဒ္ဓဂယာ မဟာဗောဓိ(ရွှေဂူကြီး)စေတီတော်၏ ပြင်ဆင်မွမ်းမံမှုလုပ်ငန်းများကို ကျောက်ဖျာကျောင်းဆရာ တော်နှင့် ဂေါပကအဖွဲ့များက ဆက်လက်ဆောင်ရွက်လုပ်ကိုင်ခဲ့ကြပါသည်။
ကျောက်ဖျာကျောင်းဆရာတော်သည် မိမိတစ်ပါးတည်း ဦးဆောင်၍ ဆောင်ရွက်နေရသည်ကို အားမရတော့သဖြင့် ညီအစ်ကိုရင်းကဲ့သို့ ချစ်ခင်သော ပဲခူးမြို့၊ ဥဿမြို့သစ်(၈)ရပ်ကွက် သစ်တော ရိပ်သာလမ်း၊ ချမ်းမြေ့ရိပ်မြိုင်ကျောင်း၌ သီတင်းသုံးနေသည့် ဘဒ္ဒန္တတေဇောသာရ(ဝိနယာဓိက မဇ္ဈိမနိကာယပါရဂူ၊ ဓမ္မကထိက) ဆရာတော်ထံသို့ ကိုယ်တော်တိုင်ကြွရောက်သွားပြီး မိမိနှင့်အတူ မဟာဗောဓိစေတီတော်ကြီး၏ ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ပေးရန် တိုက်တွန်း နှိုးဆော်ခေါ်ယူခဲ့ပါသည်။
ပဲခူးမြို့၊ ဥဿမြို့သစ်(၇-၈-၉)၏ ရပ်/ကျေး သံဃနာယကဥက္ကဌကျောက်ဖျာဆရာတော် ဘဒ္ဒန္တဣန္ဒာစာရသည် ချမ်းမြေ့ရိပ်မြိုင်ဆရာတော်အား သုံးကြိမ်တိုင်တိုင် သွားရောက် ခေါ်ယူခဲ့ပါသည်။
ချမ်းမြေ့ရိပ်မြိုင်ဆရာတော်သည် မနေသာသည့်အဆုံး၌ မဟာဗောဓိစေတီတော်ကြီးသို့ ကြွရောက် လာပြီး၊ စေတီတော်ကြီး၏ ဘက်စုံပြုပြင်မွမ်းမံမှုလုပ်ငန်းများကို ငွေအားလုပ်အားဖြင့် တတ်စွမ်းသမျှ ပြုလုပ်ဆောင်ရွက်ပေးပါမည်ဖြစ်ကြောင်း ကတိပေးလိုက်ပါသည်။
ချမ်းမြေ့ရိပ်မြိုင်ဆရာတော်သည် ကျောင်းတိုက်ရှိ သံဃာအပါး(၂၀)ကျော်တို့အား မဟာဗောဓိ စေတီတော်ကြီးရှိရာသို့ ခေါ်ဆောင်လာပြီး ချုံနွယ်ပိတ်ပေါင်းများကို စတင်ရှင်းလင်းပါသည်။ ဘုရား ကုန်းတော်ကြီး ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးသည့်နောက်တွင် မူလဂန္ဓကုဋီအာရုံခံ တန်ဆောင်းတော်အား မျက်နှာကြက်တပ်ခြင်း၊ ကြွေပြားခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပါသည်။
ထို့နောက် ဘုရားဖူးလာပြည်သူများ ကြည်ညိုနိုင်စေရန် ရည်ရွယ်ပြီး အိန္ဒိယနိုင်ငံရှိ မဟာ ဗောဓိရုပ်ပွားတော်မြတ်ကြီးပုံစံတူ ရုပ်ပွားတော်တစ်ဆူကို ထုလုပ်ပူဇော်ပါသည်။ ထိုရုပ်ပွားတော် မြတ်ကြီးအား မြန်မာမှုပညာရှင် “ကိုမျိုုးမင်း”(တောင်သူစုရွာ)မှ ဆရာတော်စိတ်တိုင်းကျ ထုလုပ်ပေး ပါသည်။ ယခုဖူးတွေ့နေရသော ရုပ်ပွားတော် စေတီတော်များအားလုံးနှင့် မြန်မာမှုပန်းများကို “ကိုမျိုုးမင်း” မြန်မာမှုပညာရှင်ညီအစ်ကို များအဖွဲ့က တာဝန်ယူတည်ဆောက်ပေးကြောင်း သမိုင်း မှတ်တမ်းတင်ထားပါသည်။
ချမ်းမြေ့ရပ်မြိုင်ဆရာတော်၏ ဒုတိယကြိုးပမ်းမှုမှာ ဘုရားအဝင်မုခ်ဦးနှင့် စောင်းတန်းများ ဖြစ်ပါသည်။ ဓမ္မစေတီမင်းကြီးကောင်းမှုတော် မဟာဗောဓိစေတီတော်ကြီး စာတန်းပါမုခ်ဦးနှင့် စောင်းတန်းများကို (၇)ရက်သားသမီးများမှ အများပေါင်းစု ကောင်းမှုဖြင့် လှူဒါန်းကြပါသည်။
ရာဇယတနလင်းလွန်းပင်စေတီနှင့် တစ်ဝဂူစေတီတော်ကြီးနှစ်ဆူကိုလည်း ပြန်လည် ပြုပြင်ပြီး အလှူရှင်များမှ ရွှေသင်္ကန်းများကပ်လှူကြပါသည်။
ထို့နောက် မဟာဗောဓိပင်ကြီးအတွင်းရှိ ဂြိုလ်တိုင်များနှင့် ရုပ်ပွားတော်များကို အရှေ့အရပ်ရှိ ဗောဓိပင်သို့ ပြောင်းရွှေ့ပူဇော်ပြီး မဟာဗောဓိပင်ကြီးအား အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာပုံစံတူအတိုင်း ဝန်း တံတိုင်းကာရံခြင်း၊ အပရာဇိတပလ္လင်နေရာ၌ ပလ္လင်တစ်လုံးနှင့် ရုပ်ပွားတော်တစ်ဆူကို ပြုလုပ်ပါ သည်။(၇)ရက်သားသမီးများမှ ဒါနပါရမီ အနေအားဖြင့် လှူဒါန်းကြပါသည်။
ချမ်းမြေ့ရိပ်မြိုင်ဆရာတော်သည် မြန်မာပြည် အထက်အောက် တစ်နံတစ်လျားတရားဟော ကြွရောက်ပြီး တရားနာပရိတ်သတ်များမှ လှူဒါန်းလိုက်သော ဓမ္မပူဇာအလှူတော်ငွေများကို မဟာ ဗောဓိရွှေဂူကြီးစေတီတော် ပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းများ၌ မတည်ထည့်ဝင်လှူဒါန်းပြီး ကိုယ်တိုင်ကြပ်မတ်၍ ဆောင်ရွက်တော်မူပါသည်။
မဟာဗောဓိစေတီတော်ကြီး၏ ဘုရားသမိုင်းကိုလည်း ဥဿမြို့သစ်ဓမ္မရောင်ခြည်အသင်းမှ ကျင်းပသည့်တရားပွဲ၌ ထည့်သွင်းဟောကြားပေးလိုက်သဖြင့် ပဲခူးမြို့၌ ဗုဒ္ဓဂယာတည်ရှိနေကြောင်း လူတော်တော်များများ ကြားသိသွားကြပါသည်။
ချမ်းမြေ့ရိပ်မြိုင်ဆရာတော်သည် ၁၃၇၅-ခုနှစ်၊ ပြာသိုလမှ စတင်၍ ၁၂၇၈-ခုနှစ်တိုင်အောင် (၃)နှစ်တိတိ ကိုယ်ပင်ပန်းခြင်း၊ စိတ်နွမ်းခြင်းကို ဂရုမပြုဘဲ မဟာဗောဓိစေတီတော်ကြီး ဝတ္တကမြေ ပေါ်၌ သာသနိကအဆောက်အဦများစွာ၊ ဗုဒ္ဓရုပ်ပွားတော်စေတီတော်များစွာတို့ကို ကိုယ်တိုင်လည်း လှူဒါန်း၊ (၇)ရက်သားသမီးများကိုလည်း တိုက်တွန်းနှိုးဆော်ကုသိုလ်တော်ပြုခဲ့သဖြင့် ဘုရားဖူး လာရောက်ကြကုန်သော ရဟန်းရှင်လူပြည်သူအားလုံးတို့သည် ကိုယ်စိတ်နှစ်ပါးချမ်းသာ၍ ကုသိုလ် တရားများ တိုးပွားကြရပါသည်။
ချမ်းမြေ့ရိပ်မြိုင်ဆရာတော်၏ ဦးဆောင်မှု(၇)ရက်သားသမီးများ၏ သဒ္ဓါတရား ထိုနှစ်ပါး ပေါင်းစပ်မှုတို့ကြောင့် မဟာဗောဓိစေတီတော်ကြီး၏ ဝတ္တမြေပေါ်၌ ကုသိုလ်ကောင်းမှု စိုက်ပျိုးကြဲချ လှူဒါန်းမှု စုစုပေါင်း အလှူတော်ငွေ တန်ဖိုးမှာ ကျပ်သိန်းလေးထောင်ကျော်သွားပြီး ဖြစ်ပါသည်။
ချမ်းမြေ့ရိပ်မြိုင်ဆရာတော်၏ ရဟန်းဒါယကာ၊ ဒါယိကာမများဖြစ်ကြသော ရန်ကုန်မြို့နေ ဦးကျော်မိုးလှိုင်+ဒေါ်ခင်သူဇာတင်မိသားစုတို့မှလည်း ရုပ်သံလိုင်းများဖြစ်ကြသည့် မြန်မာ့အသံ၊ MRTV4,MWD,DVB,SkyNet အစရှိသော ရုပ်သံလိုင်းများကို ဖိတ်ခေါ်လာပြီး မှတ်တမ်းတင်ခြင်း အင်တာဗျူးလုပ်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။
ထိုရုပ်သံလိုင်းမှတစ်ဆင့် ထုတ်လွှင့်ပြသလိုက်သောအခါ မဟာဗောဓိစေတီတော်ကြီးသို့ မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးပြည်သူများရောက်ရှိလာပါသည်။ ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် ဦးကျော်မိုးလှိုင်+ဒေါ်ခင်သူဇာဝင်းမိသားစုတို့မှ ချမ်းမြေ့ရိပ်မြိုင်ဆရာတော်ဟောကြားထားသော မဟာဗောဓိစေတီတော်ကြီး၏ သမိုင်းခေါ် “သတ္တဌာနတူမျှစံညီ ဟံသာဝတီ”အမည်ရှိသော တရား ခွေပေါင်း(၁)ထောင်ကျော်နှင့် စာမျက်နှာ(၂၀)ပါ ဘုရားသမိုင်းစာအုပ်(၁)ထောင်ကျော်တို့အား ဓမ္ဓဒါန အဖြစ် ရိုက်နှိပ်ထုတ်ဝေပြီး ကုသိုလ်ယူ လှူဒါန်းကြပါသည်။
ယောဂီဆရာမကြီး ဒေါ်ဖွားတင်နှင့် (၇)ရက်သားသမီးများ လှူဒါန်းထားသော ရတနာစင်္ကြံ ထိပ်ရှိ စေတီတော်နှစ်ဆူမှာလည်း ညောင်ပင်များပေါက်နေပြီး အုတ်ချပ်များလည်း ကွာကျနေသဖြင့် စေတီအဟောင်းနှစ်ဆူကို ငုံပြီး မဟာဗောဓိစေတီတော်ကြီးပုံစံတူ စေတီငယ်နှစ်ဆူကို ပြုပြင်ပြီး အလှူရှင်များအား လှူဒါန်းစေပါသည်။
ထို့အတူရတနာဃယရွှေအိမ်ပေါ်ရှိ စေတီတော်လေးဆူမှာလည်း ဟောင်းနွမ်းနေပြီဖြစ်၍ မဟာဗောဓိစေတီပုံစံတူ ဘုရားလေးဆူကို ပြုပြင်ပါသည်။ နှစ်ကျိပ်ရှစ်ဆူစေတီတော်ကိုလည်း ရှစ်ဆူကပ်ကျော်စေတီတော်ဟု ဘွဲ့အမည်ဆက်ကပ်ပြီး ပြန်လည်တင်ထားပါသည်။ မဟာဗောဓိ စေတီတော်ကြီး၏ ထောင့်လေးထောင့် အောက်ပစ္စယံမှာလည်း ပွင့်တော်မူပြီး ဘုရားရှင်လေးဆူကို လည်း ထိုင်း၊ ဂျပန်၊ မြန်မာအနုပညာလက်ရာသုံးမျိုးဖြင့် တည်ထားကိုးကွယ်ပါသည်။
ဓမ္မာလင်္ကာရဆရာတော်ဘုရားကြီး ပေးအပ်ချီးမြှင့်ခဲ့သော သီရိလင်္ကာနိုင်ငံ မြတ်စွယ်တော်ပွား တစ်ဆူကိုလည်း စွယ်တော်တိုက်ပြုလုပ်ပြီး တည်ထားလှူဒါန်းစေပါသည်။ ဘုရားအလောင်းတော်အား သုဇာတာသူဌေးသမီး ဃနာနို့ဆွမ်းဆက်ကပ်နေပုံ၊ ဘုရားအလောင်းတော် ဒုက္ကရစရိယ ကျင့်နေပုံ၊ ဆံတော်ပယ်နေပုံများကိုလည်း ကျောင်းဆောင်တော်များ ဆောက်လုပ်၍ အလှူရှင်များအား လှူဒါန်း စေခဲ့ပါသည်။
ဒုတိယသတ္တာဟဟု ခေါ်ဆိုသော အနိမိဿကုန်းတော် အဟောင်းကြီးကိုငုံ၍ မဟာဗောဓိပုံစံ တူစေတီငယ်တစ်ဆူကို အိန္ဒိယနိုင်ငံ ပုံစံအတိုင်းအလှူရှင်များမှ ကျပ်သိန်း(၄၀၀)ကျော် အကုန်အကျ ခံကာ လှူဒါန်းကြပါသည်။ အိန္ဒိယနိုင်ငံ၊ ဗာရာဏသီမြို့ မိဂဒါဝုန်၌ရှိသော ဓမ္မက္ကမုဒြာရုပ်ပွားတော် ပုံစံတူ ဗုဒ္ဓဆင်းတုတော် တစ်ဆူကိုလည်း အလှူရှင်များ ဖိတ်ခေါ်၍ ထုလုပ်လှူဒါန်းစေခဲ့ပါသည်။
ချမ်းမြေ့ရိပ်မြိုင်ဆရာတော်သည် စေတီတော်ရင်ပြင် တိုးချဲ့ခြင်း၊ မြေထိန်းနံရံများပြုလုပ်ခြင်း၊ ကြွေပြားခင်းခြင်းစသည့် လုပ်ငန်းများကို မတည်လှူဒါန်းပါသည်။ ဓာတ်တော်တိုက်တန်ဆောင်း၊မြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ သက်ဆင်းကြွလာပုံနှင့် ဖွား၊ ပွင့်၊ ဟော၊ စံ ဟု ဆိုရိုးစကားရှိသည့်အတိုင်း ဖွားတော်မူပုံ၊ ပွင့်တော်မူပုံ၊ တရားဦး ဓမ္မစကြာဟောတော်မူပုံ၊ ပရိနိဗ္ဗာန်စံတော်မူပုံ ရုပ်ပွားတော်များကိုလည်း ထုလုပ်၍ အလှူရှင်များအား လှူဒါန်းစေခဲ့ပါသည်။
ဘုရားဖူးရဟန်းရှင်လူများ၊ မြန်မာနိုင်ငံအရပ်ရပ်ရှိ စေတီပုထိုးများကို တစ်နေရာတည်း တစ်စု တည်းဖူးမျှော်နိုင်စေရန် ရည်ရွယ်ပြီး မဟာမြတ်မုနိပုံစံတူ ကြေးသွန်းရုပ်ပွားတော်၊ ဆုတောင်းပြည့် ကြေးသွန်းရုပ်ပွားတော်၊ ရွှေတိဂုံပုံတူ စတီးရွှေရောင်စေတီ၊ စစ်ကိုင်းကောင်းမှုတော်ပုံစံတူ စေတီ၊ ကျိုက်ထီးရိုးစေတီတော်တို့ကိုလည်း အလှူရှင်များက လှူဒါန်းကြပါသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှလည်း မဟာဗောဓိစေတီတော်ကြီး၌ ရဟန်းရှင်လူ ပြည်သူအားလုံး ဖူးမျှော်ကြည်ညိုနိုင်စေရန်အတွက် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို ပေးပို့လှူဒါန်းကြပါသည်။ ထို့အပြင် မြတ်စွာဘုရားသည် နောက်ပါသံဃာတော်များခြံရံပြီး ကပ္ပလိ ဝတ်ပြည်သို့ ဆွမ်းခံဝင်ပုံနှင့် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များကိုလည်း အလှူရှင်များက လှူဒါန်း ပူဇော်ကြပါသည်။
ဗုဒ္ဓရုပ်ပွားတော်များ သီတင်းသုံးစမ္ပယ်သည့် ကျောင်းဆောင်တော်များ၊ စင်္ကြံလမ်းများကို ဆရာကြီးဦးလှိုင်ဝင်းနှင့်အဖွဲ့မှ တာဝန်ယူတည်ဆောက်ပေးပါသည်။ မဟာဗောဓိစေတီတော်ကြီး ရန်ပုံငွေရရှိရန် အတွက်လည်း ဈေးဆိုင်ခန်းများ ဆောက်လုပ်၍ ရန်ပုံငွေများ ရှာခဲ့ပါသည်။
ရွှေဂူကြီးစေတီတော်မြတ်ကြီး၏ထူးခြားချက်
ဓမ္မစေတီခေတ်တွင် အိန္ဒိယရှိ ဗုဒ္ဓဂါယာမှတိုင်းတာယူခဲ့သော သတ္တဌာန စံတော်မူရာ အထိမ်းအမှတ် စေတီတော်များဖြစ်ပါသည်။
ပဲခူးမြို့၊ ဟံသာဝတီဗုဒ္ဓဂယာ ရွှေဂူကြီးဘုရားနှင့် သတ္တဌာန စေတီများသည် သဘာဝဘေးဒဏ်၊ စစ်ဘေးဒဏ်တို့ကြောင့် အကြိမ်ကြိမ် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ မြန်မာသက္ကရာဇ်(၁၂၅၀)(အေဒီ ၁၈၈၈)ခုနှစ်တွင် ငလျင်ဘေးကြုံခဲ့သဖြင့် ရွှေဂူကြီးဘုရားနှင့်တကွ စေတီတော်အားလုံးလိုပင် ပျက်စီး ခဲ့ကြသဖြင့် (အေဒီ ၁၉၈၈)ခုနှစ်၊ နိုဝင်ဘာလတွင် သဒ္ဒါတရားထက်သန်ကြသော ကုသိုလ်ရှင် အပေါင်း တို့က ပြန်လည်ပြုပြင်ထိန်းသိမ်းခဲ့ကြပါသည်။ ထို့ကြောင့် ယနေ့အချိန်အခါတွင် မဟာဗောဓိရွှေဂူကြီး ဘုရား၊ အနိမိသစေတီ၊ ရတနာစင်္ကြံ၊ ရတနာဂယစေတီ၊ အဇပါလစေတီ၊ ရာဇာယတန စေတီတို့ကို ဖူးမြော်နိုင်ပြီ ဖြစ်ပါသည်။
ပဲခူးမြို့၊ ဟံသာဝတီဗုဒ္ဓဂယာ ဘုရားအနီးတွင် ကျောက်ဖျာကျောင်း၊ ကျောက်စာရုံတွင် သုပ္ပ တိဌ( ရွှေခွက်မျှော) စေတီကျောက်စာ၊ ဒိဝါဝိဟာရ စေတီကျောက်စာ၊ ဘူမစင်္ကမနစေတီ ကျောက်စာ၊ နဟာနစေတီကျောက်စာ၊ ပါဋိဟာရိယစေတီကျောက်စာတို့ကို ကြည့်ရှုလေ့လာ မှတ်သားနိုင်ပါသည်။
ရှေးဟောင်းသုတေသနဦးစီးဌာနမှလည်း (၁၉၆၉-၁၉၇၀)ခုနှစ်မှစတင်၍ ဟံသာဝတီမဟာ ဗောဓိရွှေဂူကြီး၊ သတ္တဌာနစေတီများနှင့် ကျောက်ဖျာကျောင်း၊ ကျောက်စာရုံတို့ကို ရှေးဟောင်း စာရင်းတွင် ထည့်သွင်းကာ ဘဏ္ဍာရေးနှစ်အလိုက် ပြုပြင်မွမ်းမံခဲ့ကြပါသည်။ ရွှေဂူကြီးဘုရား၏ မဟာရံ တံတိုင်းအပြင်ဘက်နံရံတွင် ကြီးမားသောစဉ့်ခွက်များကို ထည့်သွင်းကာရံထားပါသည်။ စဉ့်ခွက်များမှာ အချို့အစိမ်းရောင်၊ အချို့အညိုရောင် ဖြစ်သည့်အပြင် မာန်စစ်သည် ရုပ်ကြွပါ စဉ့်ခွက်များဖြစ်ပြီး လူကိုယ်နှင့်တိရစ္ဆာန်ဦးခေါင်းပေါင်းစပ်ထားပြီး လက်တစ်ဖက်စီတွင် လက်နက်ကိုယ်စီ ကိုင်စွဲထား ကြပါသည်။ ယင်းစဉ့်ခွက်များအနက်သဘာဝဘေးဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော စဉ့်ခွက်အချို့ကို ရှေးဟောင်းသုတေသနဦးစီးဌာနက ရှားပါးသော လက်ရာများအဖြစ် ထိန်းသိမ်းထားရှိပါသည်။ ယခု အခါ နိုင်ငံတော်၏ လမ်းညွှန်မှုဖြင့် ဟံသာဝတီဗုဒ္ဓဂယာရွှေဂူကြီးဘုရားကို ဘက်စုံမွမ်းမံပြုပြင်ခဲ့ပြီး ဖြစ်ပါသည်။
ဓမ္မစေတီမင်းကြီးစေတီမင်းကြီး၏ ကောင်းမှုတော်များအနက် မြန်မာတစ်နိုင်ငံလုံးတွင် တစ်ခု တည်းသာရှိသော ပဲခူးဟံသာဝတီ ဗုဒ္ဓဂယာရွှေဂူကြီးဘုရားနှင့် သတ္တဌာနစေတီများကို ဓမ္မာစေတီ မင်းကြီးလက်ထက်ကကဲ့သို့ အများပြည်သူတို့၏ လှူဒါန်းငွေများဖြင့် တတ်အားသရွေ့ ဘက်စုံမွမ်းမံ ပြုပြင်တည်ဆောက်လျက်ရှိရာ လုပ်ငန်းစဉ်များ တိုးတက်အောင်မြင်သည်နှင့်အမျှ ဗုဒ္ဓဘာသာဝင်သူတော်စင်များ သက်တော်ထင်ရှား မြတ်စွာဘုရားကို ကိုယ်တိုင်ကိုယ်ကျ ဖူးတွေ့နေရသကဲ့သို့ ကြည်ညိုသဒ္ဒါပွားများနိုင်ကြပြီ ဖြစ်ပါသည်။