ဟံသာဝတီပြည့်ရှင်ဓမ္မစေတီမင်းကြီး၏ကောင်းမှုတော်ဖြစ်သည်။ သက္ကရာဇ်(၈၄၁)ခု၊ တန်ဆောင်မုန်း လဆန်း(၆)ရက် တနင်္လာနေ့တွင် ဘုရားရှင်၏ဓာတ်တော်များနှင့်တကွ များစွာသောရတနာပစ္စည်းတို့ကို ဌာပနာထား သည်။ ရွှေဂူကြီး(ခေါ်)မဟာဗောဓိဂန္ဓကုဋီစေတီတော်မြတ်ကြီးနှင့်အတူ ဗုဒ္ဓဝင်နေရာဌာန များ၊ သတ္တ ဌာနနေရာတော်များအား ရည်မှန်းကိုးကွယ်သော အရံစေတီများစွာတည်ထားရန် ရွှေပိဿာ (၃၅၀) လှူဒါန်းတော်မူသည်။ သလည်းကုန်းအရပ်၌ နေရဉ္ဇရာမြစ်နှင့်တကွ သတ္တဌာနစသော ဗုဒ္ဓဝင် စေတီ အပေါင်းကိုတည်စေပြီး သက္ကရာဇ်(၈၄၄)ခု၊ ဝါဆိုလဆန်း(၅)ရက်၊ တနင်္ဂနွေနေ့တွင် ရေစက်သွန်း ချတော် မူသည်။ “ဟံသာဝတီမဟာဗောဓိ” ဟု ဓမ္မစေတီမင်းကြီး ကိုယ်တော်တိုင် ကဗ္ဗည်းမော်ကွန်း သမုတ်တော် မူခဲ့သည်။
သာလွန်မင်းတရားလက်ထက် ဇိုင်ကနိုင်းမြို့စစ်တမ်းယူသော သက္ကရာဇ်- ၉၉၄-ခုထိ “ မဟာဗောဓိ” ဟူ၍ပင် ခေါ်ခဲ့သည်။ သက္ကရာဇ် – ၁၁၁၈-ခု၊ ဦးအောင်ဇေယျ(အလောင်းဘုရား)ဟံသာဝတီသို့ ရောက် လာသောအခါ “ ကျိုက်သလည်း”ဟု ခေါ်ကြောင်း လက်ဝဲနော်ရထာ မှတ်တမ်းအရ သိရသည်။ ဗြိတိသျှခေတ် သက္ကရာဇ်- ၁၂၄၆-ခု၊ လောက်တွင် ကျိုက်ပွန်ဘုန်းကြီး ဦးကဝိန္ဒက “ ရွှေဂူကြီး” ဟု ဘွဲ့အသစ်ပေးခဲ့ရာမှ ယခုတိုင် ရွှေဂူကြီးဟု ခေါ်ဝေါ်နေကြခြင်းဖြစ်ပါသည်။