အနိမိဿစေတီ( ဒုတိယသတ္တာဟ)

သမိုင်းအကျဉ်း

          မြတ်စွာဘရားသခင်သည် ဗောဓိပလ္လင်၌ (၇)ရက်သီတင်းသုံးပြီးနောက် ပလ္လင်၏ အရှေ့မြောက်အရပ်တော်တွင် ရပ်တော်မူလျှက် သဗ္ဗညုတဉာဏ်တော်ကို ရပေသည်ဟု ဆင်ခြင်တော်မူကာ မမှိတ်သောမျက်လုံးတော်ဖြင့် (၇)ရက်တိုင်တိုင် သီတင်းသုံးတော်မူသည်။ ထိုဟန်ကိုလည်း အိန္ဒိယ ဗုဒ္ဓဂါယာမှ ဟန်အတိုင်း ပတ်သကိုမြို့စား သမိင်ရာဇက တာ၀န်ယူ တည်ဆောက်ခဲ့သည်။

ထိန်းသိမ်းမှု

          ရွှေဂူကြီးဘုရားဂေါပကအဖွဲ့နှင့် ​ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။