သမိုင်းအကျဉ်း
ဘုရားရှင်သည် အဇပါလညောင်ပင်ရင်းမှ (၇)ရက်သီတင်းသုံးပြီးနောက် မဟာဗောဓိပင်၏ အရှေ့တောင်ဘက်အရပ် မုဉ္စလိန္ဒာကန်အနီး မန်ကျည်ပင်အောက်သို့ ကြွတော်ကာ (၇)ရက်ပတ်လုံး ဝိမုတ္တိသုခကို ခံစားလျက် သီတင်းသုံးတော်မူစဉ် မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ လေကြမ်းတိုက်ခတ် ခြင်းဖြစ်သဖြင့် မုဉ္စလိန္ဒာကန်၌ နေသော နဂါးမင်းက မြတ်စွာဘုရားအား မိုး၊လေ မထိစိမ့်သောငှာ မြတ်စွာဘုရား၏ ကိုယ်တော်ကို မိမိ၏ ခန္ဓာကိုယ်နှင့် (၇)ပတ် ရစ်ခွေထားလျက် ကျောင်းပြဿာဒ် သဖွယ် အုပ်မိုးထား၏။ ၎င်းကို ရည်ရွယ်၍ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာတွင် ထိုနေရာကို မုဉ္စလိန္ဒာဟု
အမည်ပေး၍ စေတီတစ်ဆူတည်ထားကိုးကွယ်ကြ၏။ ထိုနည်းအတူ ဟံသာဝတီမင်းနေပြည်၌လည်း ပဲခူးမြို့စား ယောဂရာဇ်အား မုဉ္စလိန္ဒာစေတီကို တည်စေတော်မူခဲ့ပါသည်။
ထိန်းသိမ်းမှု
ရွှေဂူကြီးအလှည့်ကျဂေါပကအဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။