ရတနာစင်္ကြံ(တတိယသတ္တာဟ)

သမိုင်းအကျဉ်း

မြတ်စွာဘုရားရှင်သည် မျက်လုံးတော်ကို (၇)ရက်တိုင်တိုင် သီတင်းသုံးနေသည်ကို နတ်တို့မြင်သောအခါ ဘုရားမဖြစ်သေးသောကြောင့် ထိုသို့နေသည်ဟု ယုံမှတ်မှားကြသည်။ ထိုသို့ ယုံမှတ်မှားသည်ကို မြတ်စွာဘုရားသိသောကြောင့် ကောင်းကင်သို့ကြွ၍ နတ်တို့အား တန်ခိုးပြတော်မူသည်။ ထို့နောက် ကောင်းကင်မှ ပြန်လည်ဆင်းသက်တော်မူပြီးလျှင် အရှေ့မှသည် အနောက်သို့ အနောက်မှသည် အရှေ့သို့ (၇)ရက်တိုင်တိုင် စင်္ကြံကြွလျက်နေတော်မူသည်။

မဇ္စျိမဒေသတွင် အသောကမင်းအစရှိသော ရှေးမင်းတို့သည် စင်္ကြံနှင့်တကွ စင်္ကြံအဆုံးအစွန်များတွင် စေတီနှစ်ဆူကို တည်ထားခဲ့သည်။ ထို့အတူ သားတော်ဗညားရမ်က ရတနာစင်္ကြံနှင့်တကွ စေတီနှစ်ဆူကို တည်တော်မူခဲ့သည်။

ထိန်းသိမ်းမှု

ရွှေဂူကြီးအလှည့်ကျဂေါပကအဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီး ဌာနမှ တာ၀န်ယူထိန်းသိမ်းထားပါသည်။