ရာဇာယတနစေတီ( သတ္တသတ္တာဟ)

သမိုင်းအကျဉ်း

မြတ်စွာဘုရားသည် မုဉ္စလိန္ဒာ၌ (၇)ရက် သီတင်းသုံးစံနေတော်မူပြီးနောက် အနောက်မြောက် ဘက်အရပ်သို့ မျက်နှာမူ၍ တောင်စူးစူးအရပ်၌ ရှိသော ရာဇာယတန အမည်ရသည့် လင်းလွန်းပင်သို့ ကြွတော်မူ၍ ဝိမုတ္တိသုခကို ခံစားလျက် သီတင်းသုံးတော်မူ၏။ လင်းလွန်းပင်ရင်းတွင် တည်ရှိသော ရာဇာယတနစေတီအတုယူကာ မိဖုရားကြီး နဲတကာသင်အား  ရာဇာယတနစေတီကို တည်စေတော် မူခဲ့ပါသည်။ဓမ္မာစေတီမင်းကြီးသည် မဟာဗောဓိအစ ရာဇာယတနသတ္တာဟအဆုံး (၇)ဌာနသော ဘုရားစေတီများနှင့်တကွ ကောင်းမှုကုသိုလ်တော်အစုစုကို သက္ကရာဇ်(၈၄၄)ခုနှစ်၊ ဝါဆိုလဆန်း (၅)ရက်၊ တနင်္ဂနွေနေ့တွင် ပွဲတိုင်မင်းဆရာတော်(၃၇)ပါးနှင့် မြို့နေသံဃာ(၁၃၀၀၀)၊ တောနေသံဃာ (၁၁)ဂိုဏ်း၊ စုစုပေါင်း(၃၀၀၀၀)ကျော်သော သံဃာတော်တို့ကို ပင့်ဖိတ်၍ လှူဖွယ်ဝတ္ထုများကို လှူဒါန်းပြီး ရွှေပိဿာ(၃၅၀)ကို ရေစက်သွန်းချ လှူဒါန်းတော်မူသည်။

ထိန်းသိမ်းမှု

ရွှေဂူကြီးအလှည့်ကျဂေါပကအဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။