သာသနိကအဆောက်အဦးများ

ကမ္ဗည်းမော်ကွန်း

ကိုးစန်းသိမ်တော်ကြီးသမုတ်ခြင်း

၁၃၂၂ ခုနှစ်တွင် တောင်ငူမြို့ပေါ်ရှိ အောင်မြင်ဇေယျုံစာသင်တိုက်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တတေဇိန္ဒအမှူးပြုသောသံဃာတော်အရှင်သူမြတ်တို့သည် ဥပုသ်.ပဝါရဏာ စသော သံဃကိစ္စတို့ကိုစုပေါင်းပြုနိုင်ရန်ရည်ရွယ်တော်မူကြလျက်အာဏာပိုင်များနှင့် ဒါယကာ ဒါယိကာမအပေါင်းတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူတော်မူကြ၍ ငါးကျောင်းဆရာတော် ဘဒ္ဒန္တသံဝရကိုသမ္မုတိတာဝန်ပေးဆောင်ရွက်စေပြီး ကိုးစန်း သိမ်တော်ကြီး ကို သမုတ်တော်မူခဲ့ကြပါသည်။ ထိုကိုးစန်းသိမ်တော်ကြီးသည်(၁၃၇၃)ခုနှစ် သို့ ရောက်သောအခါ နှစ်ပေါင် (၅၂)နှစ်ရှိပြီဖြစ်၍ သစ်သားများဆွေးမြေ့ခြင်းစသည်တို့ ဖြစ်ပေါ်လာခဲ့သဖြင့် ရွှေဆံတော်ဘုရားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က(၁၃၇ဝ၊ ပြည်နှစ်မှစတင်ကာ အသစ်တည်ဆောက်ခဲ့သော မဟာရာမ်အုတ်တံတိုင်းများ သာသနိကအဆောက်အဦ များနှင့်လိုက်ဖက်စေရန် အသစ်တည်ဆောက်လိုကြောင်း ဩဝါဒါစရိယဆရာတော်ကြီးတို့အား လျောက်ထားခဲ့ရာ ဩဝ ဒစရိယဆရာတော်ကြီးများက ခွင့်ပြုတော်မူခဲ့ကြပါသည်။

ဂန္ထဝင်ကို စန်းသိမ်တော်ကြီးသမုတ်ခြင်း -တောင်ငူမြို့တွင် သံဃာ့ထေရ်ဖြစ်တော်မူသော ဓမ္မာစရိယတက္ကသိုလ်စာသင်တိုက် ပဓာန ခန္တိသာရပထေရ်မြတ်ကြီးအမှူးပြုသော ဩဝါဒါစရိယဆရာတော်ကြီး တို့၏ဩဝါဒကိုခံယူတော်မူလျက် အောင်မြင်ဇေယျုံစာသင်တိုက်ဆရာတော်ဘဒ္ဒန္တဇဝန မရမ်းကျောင်းစာသင်တိုက်ဆရာတော်ဘဒ္ဒန္တတေဇောသာရ၊ မြသိန်းတန်ကျောင်း ဆရာတော် ဘဒ္ဒန္တပါမောက္ခ တို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် (၁၃၇၃)ခုနှစ် နတ်တော်လဆန်း(၃)ရက်(၂၈.၁၁.၂၀၁၁)တနင်္လာနေ့မှစ၍ သံဃာတော်(၈၅)ပါးတို့ဖြင် သိမ်ဟောင်းကို နှုတ်တော်မူကြပါသည်။ (၁၃၇၃)ခုနှစ်၊နတ်တော်လပြည်(၁၀.၁၂.၂၀၁၁) စနေနေ့၊ည(၈)နာရီ အချိန်တွင် တောင်ငူမြို့ ဓမ္မာစရိယတက္ကသိုလ်အသင်တိုက်ဆရာတော်ဘဒ္ဒန္တခန္တီသာရ၊မြစည်းခုံ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဏဝံသ၊စတုဘုမ္မိကမဂ္ဂင် ကျောင်း ဆရာတော် ဘဒ္ဒန္တသုန္ဒ၈၊ထန်းတပင်မြို့ မဟာဝိသုတာရာမကျောင်းကြီးတိုက် ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ အမှူးပြုသောသံဃာတော်(၁၅၇ ) ပါးတို့သည် ကာယသာမဂ္ဂီ၊စိတ္တသာမဂ္ဂီ ပေးတော်မူကြလျက် ဒေါ်ရှုအင်း မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရွှေ ဆတော် ဂေါပကအဖွဲ့ဝင်တို့၏ပံ့ပိုးကူညီမှုဖြင့် ဂန္တဝင်ကိုးခန်းသိမ်တော်ကြီး ကိုအောင်မြင်စွာသမုတ်တော်မူခဲ့ကြောင်းကို ကမ္ပည်းတင် မော်ကွန်းထိုးအပ်ပါသတည်း။

ဂန္ထဝင်ကို စန်းသိမ်တော် ကြီးအလှူရှင်မိသားစု ဗခင်ကြီးဦးလူဝါး(သား) ကိုသန်းဌေး(ခ)အဝှီးကိုတင်အေး(ခ)ကိုဝင်းဗိုလ် တို့အားရည်စူး၍ဒေါ်ရှုအင်း နှင့် သားသမီးများ “ဂန္ထဝင်”ခရီးသည်ပို့ဆောင်ရေးနှင့်ကုန်စည်ပို့ဆောင်ရေးမိသားစု  နတ်လူသာဓုခေါ်စေသော်။