သဝန်ကြီးမင်း၊ သက္ကရာဇ် ၆၄၄ ခုနှစ်မှ ၆၇၉ ခုနှစ်။
ညီသဝန်ငယ်၊ သက္ကရာဇ် ၆၇၉ ခုနှစ်မှ ၆၈၆ ခုနှစ်။
သဝန်ငယ်၊ သားစောနှစ်၊ ၆၈၆ ခုနှစ်မှ ၆၈၇ ခုနှစ်။
ထောင်မှူး ကရင်ဘ၊ သက္ကရာဇ် ၆၈၇ ခုနှစ်မှ ၇ဝ၄ ခုနှစ်။
ရင်ဘသမက် လက်ျာစကြာ၊ ၇ဝ၄ ခုနှစ်မှ ၇ဝ၆ ခုနှစ်။
လက်ျာစကြာမင်းညီ ထောက်လှေကား၊ ၇ဝ၆ ခုနှစ်မှ ၇ဝ၈ ခုနှစ်။
သိင်္ဂပါမင်း (မင်းရိုးမဟုတ်) ၇ဝ၈ ခုနှစ်မှ ၇၂ဝ ခုနှစ်။
သားတော်ပျံချီကြီး၊ ၇၂၉ ခုနှစ်မှ ၇၃၇ ခုနှစ်။
စောင့်တလိုင်းမစိန်၊ (တစ်ပါးမင်း) ၇၃၇ ခုနှစ်၊ ခုနှစ်လသာ။
ပျံချီကြီးသား ပျံချီငယ်၊ ၇၃၇ ခုနှစ်မှ ၇၄၁ ခုနှစ်။
ယောက်ဖတော် စုက္ကတေး၊ ၇၄၁ ခုနှစ်မှ ၇၄၅ ခုနှစ်
မင်းဖောင်းကား (တစ်ပါးမင်း) ၇၄၅ ခုနှစ်မှ ၇၅၉ ခုနှစ်
မင်းစောဦး၊ ၇၅၉ ခုနှစ်မှ ၇၆၁ ခုနှစ်
မင်းနေမိ (တစ်ပါးမင်း) ၇၆၁ ခုနှစ်မှ ၇၇ဝ ခုနှစ်။ (တောင်ငူတွင် မင်းတစ်နှစ် လပ်၏)။
မင်းလက်ျာ (တစ်ပါးမင်း)၊ ၇၇၁ ခုနှစ်မှ ၇၇၃ ခုနှစ်။ ၁၆။ စကုသင်္ခယာ၊ ၇၇၃ ခုနှစ်မှ ၇၇၇ ခုနှစ်။
သား သင်္ခယာငယ်၊ ၇၇၇ ခုနှစ်မှ ၇၈ဝ ခုနှစ်။ (ရှမ်းဖျက်၍ တောင်ငူမင်း တစ်နှစ်လပ်၏)။
ပန်းတောင်းမင်း၊ ၇၈၁ ခုနှစ်မှ ၇၈၃ ခုနှစ်။
စောလူးသင်္ခယာ၊ (မင်းရိုးမဟုတ်) ၇၈၃ ခုနှစ်မှ ၇၉၇ ခုနှစ်။
စောလူးသင်္ခယာ သား မင်းစောဦး၊ ၇၉၈ ခုနှစ်မှ ၈ဝ၄ ခုနှစ်။
မင်းတရဖျား (တစ်ပါးမင်း)၊ ၈ဝ၄ ခုနှစ်မှ ၈ဝ၇ ခုနှစ်။
သားမင်းခေါင်ငယ်၊ ၈ဝ၇ ခုနှစ်မှ ၈၁၃ ခုနှစ်။
မင်းငယ်ကျော်ထင်၊ (တစ်ပါးမင်း) ၈၁၃ ခုနှစ်မှ ၈၂၁ ခုနှစ်။
မင်းကြီး ဇေယျသူ၊ (တစ်ပါးမင်း) ၈၂၁ ခုနှစ်မှ ၈၂၈ ခုနှစ်။
အထိန်းသား၊ မြေထဲမင်းပွေးမင်း၊ ၈၂၈ ခုနှစ်မှ ၈၃၂ ခုနှစ်
စည်သူကျော်ထင် (တစ်ပါးမင်း)၊ ၈၃၂ ခုနှစ်မှ ၈၄၃ ခုနှစ်။
သားမင်းကြီးစည်သူ၊ ၈၄၃ ခုနှစ်မှ ၈၄၇ ခုနှစ်။
တူသမက် မင်းကြီးညို၊ ၈၄၇ ခုနှစ်မှ ၈၉၂ ခုနှစ်။
သား တပင်ရွှေထီး၊ ၈၉၂ ခုနှစ်မှ ၉ဝ၂ ခုနှစ်။
မင်းရဲသိင်္ခသူ (ဘုရင့်နောင်ခမည်း) ၉ဝ၂ ခုနှစ်မှ ၉၁ဝ ခုနှစ်။
သားဘုရင် မင်းခေါင်၊ ၉၁ဝ ခုနှစ်မှ ၉၄၆ ခုနှစ်။
သားမင်းရဲကျော်ထင်၊ (ရွှေနန်းတည်မင်း) ၉၄၆ ခုနှစ်မှ ၉၇၁ ခုနှစ်။
သား နတ်သျှင်နောင်၊ ၉၇၁ ခုနှစ်မှ ၉၇၄ ခုနှစ်။
ကေတုမတီ တောင်ငူပြည်ကို သက္ကရာဇ် ၉၇၄ ခုနှစ် ဝါခေါင်လတွင် သန်လျင်ကုလား ငဇင်ကာ လာရောက် တိုက်ခိုက်သိမ်းယူကာ နတ်သျှင်နောင်အား သန်လျင်သို့ ခေါ်ဆောင်သွားသည်။တောင်ငူကို မီးတိုက်ဖျက်ဆီးခဲ့သဖြင့် တောင်ငူပျက်သတည်း။