ပွဲတော်ကျင်းပပုံ
ဗုဒ္ဓပူဇနိယပွဲတော်တွင် ဈေးပွဲတော်၊ ပျော်ပွဲရွှင်ပွဲ၊ ဇာတ်သဘင်ပွဲများဖြင့် (၁၅) ရက်တိုင်တိုင်ကျင်းပပါသည်။ ကဆုန်လပြည့်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ ပင့်ဆောင်လာသော ဗုဒ္ဓမြတ်စွယ်တော်ပွား (၂)ဆူကို ဒေဝါဝင်း၊ ရာဇာဝင်းများခင်းကျင်း၍ ဆင်တော်မင်္ဂလာ မြင်းသည်တော်များ ခြံရံလျက် စေတီတော်ကြီးမှစ၍ မြို့တွင်းသို့ လှည့်လည်အပူဇော်ခံပါသည်။
ပါဝင်ဆောင်ရွက်သူများ
မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် မြို့တွင်းရှိ ပရဟိတအဖွဲ့များ၊ ဓမ္မစကြာဝတ်ရွတ်အသင်းများ၊ မြို့သူမြို့သားများပူးပေါင်းပါဝင်ပါသည်။
လှည့်လည်အပူဇော်ခံရာတွင် အကဲဖြတ်ဒိုင်များမှ ရပ်ကွက်အလိုက်အမှတ်ပေး၍ ဆုပေးပွဲများကိုလည်း ရွှေဆံတော်ဘုရားရင်ပြင်တော်ပေါ်တွင် ကျင်းပပြုလုပ်ပါသည်။