ခေတ်အဆက်ဆက်ပြုပြင်မွန်းမံမှုများ
သီတင်းကျွတ်လပြည့်ကျော် (၈)ရက်နေ့ ဆံတော် ရှင် ဘုရားကို ထီးတင်တော်မူသည်။
တော်သလင်းလတွင် မြေငလျင် ကြီးစွာလှုပ်၍ ဆံတော်ရှင်ဘုရား ပြိုကျသည်။ တောင်ငူ ရွှေနန်း တည်မင်း ပြန်လည်တည်ဆောက်၍ ၉၅၂ ခုနှစ် တွင် ထီးတော်တင်သည်။
ဝါဆိုလအတွင်း မြေငလျင် ပြင်းထန်စွာလှုပ်၍ ဆံတော်ရှင်ဘုရား ပြိုကျပျက်စီး ပြန်သည်။ မင်း နှင့်တကွ အများပြည်သူတို ပြန်တည်ကြပြန် သည်။ ၉၅၅ ခုနှစ် ထီးတင်တော်မူသည်။
သက္ကရာဇ် (၁၁၁၉)ခုနှစ် နယုန်လပြည့်ကျော် (၃)ရက်နေ့ ငလျင် ပြင်းထန်စွာလှုပ်၍ ပျက်စီးပြန်သည်ကို လုပ်သား ပြည်သူတို မွမ်းမံ ပြင်ဆင်ကြသည်။
အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲတွင် စေတီတော်အား ဖြိုဖျက်ကာ စေတီတော်ကြီးကို အဝေးကြည့်မှန်ပြောင်းသဖွယ် အသုံးပြုခဲ့ကြသည်။ ထိုအခါ တောင်ငူမြို့ရှိ ဗုဒ္ဓဘာသာဝင်အပေါင်းတို့မှာ နာကြည်းခံခက်လှသော်လည်း အားမတန်မာန်လျှော့ကာဖြင့် ခေါင်းငုံံ့ခံခဲ့ရပါသည်။ တောင်ငူအခွန်ဝန်မင်း ဦးဖေသည် မြို့သူမြို့သားများနှင့် တိုင်ပင်ကာ အင်္ဂလိပ်အုပ်ချုပ်သူတို့ထံသို့ ဘုရားကြီးပြုပြင်ရေးကို တင်ပြခွင့်တောင်းခဲ့ပြီး အောင်မြင်စွာ ပြန်လည်တည်ဆောက်ခဲ့သည်။
သက္ကရာဇ် (၁၂၉၂) ခုနှစ်တွင် မြေငလျင်ကြီးစွာလှုပ်သောကြောင့် ဘုရားကြီး ပြိုအက်ပျက်စီးပြီး ငှက်မြတ်နားနှင့် စိန်ဖူးတော်တို့ တိမ်းစောင်းယိုယွင်းခဲ့ရသည်ကို မြို့သူမြို့သားတို့ ပြန်လည်ပြင်ဆင်ခဲ့ကြသည်။
သက္ကရာဇ် (၁၂၉၃)ခုနှစ်တွင် မြေငလျင်ကြီးစွာ လှုပ်ပြန်သဖြင့် ဘုရားကြီးပြိုအက်ပျက်စီးပြီး ငှက်မြတ်နားနှင့် စိန်ဖူးတော်တို့ မြေခခဲ့ပြန်၍ ထပ်မံပြင်ဆင်ခဲ့ကြရသည်။
သက္ကရာဇ် (၁၂၉၄) ခုနှစ်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ငှက်ပျောဖူးတော်ကြီး ပြိုကွဲပျက်စီးရပြန်ပါသည်။ ဤသည်ကိုလည်း ရိက္ခာတော်ရ နော်မံကျောင်းဆရာ ဦးမောင်ကြီးအမှူးပြု၍ မြို့နယ်လူထုအားဖြင့် ပြန်လည်တည်ဆောက်ပြီး သက္ကရာဇ် (၁၃၀၄)ခုနှစ် ထီးတော်တင်အံ့ဆဲဆဲ (ခရစ်နှစ် ၁၉၄၂ခု၊ မေ(၁)ရက်နေ့)တွင် အင်္ဂလိပ်မဟာမိတ် တရုတ်တပ်သားများက စေတီတော်မြတ်ကြီး၏ ဆံတော်ကိန်းဝပ်စံပယ်ရာ ဌာပနာတိုက်ကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးသောကြောင့် တတိယပစ္စယာတိုင် ပျက်စီးပြိုကျခဲ့ပြန်သည်။
ခရစ်နှစ် (၁၉၅၁)၊ မတ်လ (၂၂)ရက်နေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် ဘုရားကြီးကို အုတ်မြစ်တော်ချပေးခဲ့သည်။
သက္ကရာဇ် (၁၃၁၆)ခုနှစ် တန်ဆောင်မုန်းလဆန်း (၉) ရက် (ခရစ်နှစ်- ၁၉၅၄)ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနု ဦးစီးလျှက် ဝန်ကြီး၊ ခရိုင်ဝန်နှင့်၊ အစိုးရအဖွဲ့ တက်ရောက်လာကြပြီး ထီးတော်တင်လှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။