ကေတုမတီရွှေဆံတော်စေတီတော်မြတ်ကြီးဘုရားသမိုင်းအကျဥ်း
နံရံဆေးရေးပန်းချီများ
‘ကေတုမတီတောင်ငူသမိုင်းအကျဥ်း’-တောင်ငူသိုက်စာ ပုံ(၁)
ဘုရားလောင်းညီနောင်ကြက်မင်းဖြစ်စဉ်အခါက၊မြတ်စောညီနောင်တောင်တောင်ကုန်းပေါ်တွင်ညအိပ်ကာ၊ နေ့အခါတွင်ပဲခူးရိုးမတွင်ကျက်စားကာညနေတွင် အရှေ့သို့ပျံသန်းကာမြတ်စောညီနောင်တောင်ကုန်းတွင်အိပ်တန်းတက်သည်။
ကေတုမတီရွှေဆံတော်စေတီတော်မြတ်ကြီးဘုရားသမိုင်းအကျဥ်း ပုံ(၂)
သဝန်ညီနောင်မှစ၍နတ်ရှင်နောင်အထိတောင်ငူမင်းဆက် (၃၄) ဆက်မင်းပြုခဲ့ကြသည်။ သက္ကရာဇ် ၈၄၇ ခုနှစ်တွင်မင်းကြီးညိုတောင်ငူကြီးတွင်နန်းတက်သည်။ ၈၅၃ ခုနှစ်တွင်ဒွါရာဝတီ(မြိုကြီး)၊ ၈၇၂ ခုနှစ်တွင် ကေတုမတီ (ယခုတောင်ငူမြို့) ကိုတည်ထောင်၍ထီးနန်းစိုးစံသည်။ ကေတုမတီမင်းဆက်ကိုစတင်တည်ထောင်သည်။
ကေတုမတီရွှေဆံတော်စေတီတော်မြတ်ကြီးဘုရားသမိုင်းအကျဥ်း ပုံ(၃)
သက္ကရာဇ် ၉၁၂ ခုနှစ်တွင် မင်းတရားရွှေထီး လုပ်ကြံခံရသဖြင့် ယောက်ဖတော်ဘုရင့်နောင်တောင်ငူတွင်နန်းတက်သည်။ ၉၁၄ခုနှစ်တွင် ဟံသာဝတီ၌ဘိသိက်ခံယူသည်။ မြန်မာတစ်ပြည်လုံးနှင့်ယိုးဒယားကိုအောင်မြင်သည်။ ၉၃၈ ခုနှစ်တွင် သီဟိုဠ်မင်း ဓမ္မပါလဘ ဗုဒ္ဓ၏ဆံတော်ရှစ်ဆူကို ဆက်သပေးပိုသည်။ ဘုရင့်နောင်ကတောင်ငူ-ပြည်-အင်းဝ-မုတ္တမဘုရင်ခံညီတော်(၄)ပါးတိုကို ပူဇော်ရန် ဆံတော် ၂ဆူစီ ပေးသနားတော်မူသည်။
ကေတုမတီရွှေဆံတော်စေတီတော်မြတ်ကြီးဘုရားသမိုင်းအကျဥ်း ပုံ(၄)
တောင်ငူဘုရင်မင်းခေါင်သည် ဆံတော်မြတ်ကိုဌာပနာ၍ စေတီတည်ရန် နန်းတော်လက်ျာဖက်ရှိ ကုန်းမြင့်ကို မြေထပ်ဖို့စေပြီး၊ သက္ကရာဇ်(၉၃၂)ခုနှစ် တပေါင်းလပြည့်နေ့တွင် အုတ်မြစ်ချတည်ထားသည်။(၉၃၅)ခုနှစ်တွင် အထက်ပစ္စယံရောက်သည်။(၉၃၈)ခုနှစ်တွင် ငှာပနာတိုက်ဖွင့်ပေးထားပြီး (၉၃၉)ခုနှစ်တွင် ငှာပနာတိုက်ပိတ်၍ကြာမှောက်ကြာလန်သို့တက်သည်၊ သက္ကရာဇ်(၉၄၀)ပြည့်နှစ် သီတင်းကျွတ်လပြည့်ကျော် (၈)ရက်နေ့တွင် ထီးတော်အထွတ် လှူတော်မူသည်။
ကေတုမတီရွှေဆံတော်စေတီတော်မြတ်ကြီးဘုရားသမိုင်းအကျဥ်း ပုံ(၅)
သက္ကရာဇ်(၉၄၆)ခုနှစ်တွင်ရွှေဆံတော်စေတီတော်ဒါယကာတောင်ငူဘုရင်မင်းခေါင် (သီဟသူရမဟာဓမ္မရာဇာမင်း) နတ်ရွာစံသော်သားတော်မင်းရဲသီဟသူနန်းတက်သည်။ (၉၆၀)ခုနှစ်တွင် ရခိုင်ဘုရင် နှင့် ပူးပေါင်းကာ ဟံသာဝတီကိုတိုက်ခိုက်သိမ်းပိုက်သည်။တောင်ငူနန်းတော်အသစ်ထပ်မံတည်၍ “ရွှေနန်းတည်မင်း” ဟုခေါ်သည်။ သားတော်နတ်သျှင်နောင် ကို ဓါတုကလျာ နှင့် စုံဖက်၍ အိမ်ရှေ့စံပေးတော်မူသည်။
ကေတုမတီရွှေဆံတော်စေတီတော်မြတ်ကြီးဘုရားသမိုင်းအကျဥ်း ပုံ(၆)
သက္ကရာဇ် ( ၉၄၀ ) ခုနှစ် စေတီတော်မြတ်ကြီး ထီးတော်တင်လှူပြီးနောက် သက္ကရာဇ် ( ၉၅၀ )ခုနှစ်၊ သက္ကရာဇ်( ၉၅၃ )ခုနှစ်၊ သက္ကရာဇ်( ၁၁၁၉ )ခုနှစ် တို့တွင် ငလျင်အကြိမ်ကြိမ် လှုပ်၍ပြိုကျပျက်စီးခြင်းများကို မင်းနှင့်ပြည်သူအများပြန်လည်မွမ်းမံပြင်ဆင်တည်ထားခဲ့ကြပြီး သက္ကရာဇ်( ၁၂၉၄ ) ခုနှစ် ပဲခူးငလျင်ကြီးလှုပ်ရာတွင် ရွှေဆံတော်စေတီလည်းပျက်စီးပြိုကျခဲ့သည်။ ရဟန်းရှင်လူပြည်သူအများကပြန်လည်တည်ထောင်နေစဥ်ဒုတိယကမ္ဘာစစ်အတွင်းသက္ကရာဇ်(၁၃၁၃)ခုနှစ်တန်ဆောင်မုန်းလဆန်း ( ၃ )ရက်နေ့ တွင် တရုတ်စစ်တပ်၏ ဒိုင်းနမိုက်နှင့်ဖောက်ခွဲသဖြင့်စေတီတော်ကြီးပြိုကျပျက်စီးခဲ့ရသည်။
ကေတုမတီရွှေဆံတော်စေတီတော်မြတ်ကြီးဘုရားသမိုင်းအကျဥ်း ပုံ(၇)
(၁၃၁၃)ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု ကအုတ်မြစ်ချပြီး ကေတုမတီတောင်ငူမြို့သူမြို့သားများကပြန်လည်တည်ဆောက်ထားကြသည်။(၁၃၁၆)ခုနှစ်တန်ဆောင်မုန်းလဆန်း(၉)ရက်နေ့တွင်ထီးတော်တင်လှူအောင်မြင်ခဲ့သည်။(၁၉၅၄)ခုနှစ်မှ(၁၉၉၂)ခုနှစ်အထိ ဂေါပကအဆက်ဆက်မှ စေတီတော်ကြီးနှင့်တကွရင်ပြင်တော်ပေါ်ရှိ ဟောင်းနွမ်းဆွေးမြေ့လျှက်ရှိသော သာသနိကအဆောက်အဦးများ၊ဂန္ဓကုဋီတိုက်များ၊စောင်းတန်းများနှင့် အရံစေတီများကိုပြုပြင်မွမ်းမံတည်ဆောက်ခဲ့ကြပါသည်။
ကေတုမတီရွှေဆံတော်စေတီတော်မြတ်ကြီးဘုရားသမိုင်းအကျဥ်း ပုံ(၈)
(၁၉၁၉)ခုနှစ် မှ (၂၀၁၆)ခုနှစ် အထိ ဂေါပကများမှ အစဥ်အဆက်ထိန်းသိမ်းဆောင်ရွက်ခဲ့ကြရာစေတီတော်ကြီးငှက်ပျော်ဖူးတော်(၉)လက်မဘပတ်လည်ရွှေစင်ရွှေပြားများကပ်လှူခြင်း၊ ထီးတော်ကြီးအသစ်တင်လှူခြင်း၊ ရင်ပြင်တော်ပါ်ရှိအာရုံခံတန်ဆောင်း ( ၄ )ခုအသစ်ဆောက်လုပ်ခြင်း၊ စောင်းတန်းလေးသွယ်ဆောက်လုပ်ခြင်း၊ မဟာရံတံတိုင်းအသစ်ပြုပြင်၍ ရင်ပြင်ပတ်လည်ဗုဒ္ဓဝင်ပြခန်းများ၊အာရုံခံတန်ဆောင်းများတည်ဆောက်ပြုပြင်ခြင်း၊အရန်စေတီများပြုပြင်မွမ်းမံခြင်း၊ ရင်ပြင်တော်ပြည့်စကျင်ကျောက်ပြားခင်းခြင်းနှင့် စေတီတော်ကြီးကြံ့ခိုင်မှုရှိစေရန်သံကူကွန်ကရစ်များဖြင့်မွမ်းမံဆောင်ရွင်ခြင်း၊လုံးတော်ပြည့်ရွှေသင်္ကန်းများကပ်လှူခြင်းတို့ကိုမြို့သူမြို့သားစေတနာရှင်၊အလှူရှင်များ၏ကုသိုလ်ဒါန၊လုပ်အားဒါနအစုစုတို့ဖြင့်အသစ်ဆောက်လုပ်၍စေတီတော်မြတ်ကြီးကို သပ္ပါယ်စွာဖူးမျှော်ကြည်ညိုနိုင်ခဲ့ပါသည်။