သမိုင်းမှတ်တမ်းတင်သရုပ်ဖော်ပုံများ ဟံသာဝတီမင်း(၁၃)ဆက်မြောက် မိဂါဒိဗ္ဗမင်းငယ်လှသည် မိစ္ဆာအယူလွဲမှား အုပ်ချုပ်ခါ ယစ်ပူဇော်ရန် သားကောင်များရရှိရေးအတွက် သားတော်တစ်ပါးအား တောကစားထွက်ခိုင်းပုံ။ ခမည်းတော်စေခိုင်းချက်အရ ဘုရင့်သားတော်သည် နောက်တော်ပါများနှင့် တောကစားထွက်လာပုံ။ တောကစားထွက်ရာလမ်းခရီး သုဝဏ္ဏဘူမိအနီးရွာတစ်ရွာတွင် ဗုဒ္ဓဘာသာကိုးကွယ်သော မွန်အမျိုးသမီး ဒလထော်နှင့် တွေ့ဆုံမေတ္တာမျှကြပုံ။ သားတော်မင်းသားသည် ဒလထော်အမျိုးသမီးအား ဗုဒ္ဓဘာသာကိုးကွယ်ခွင့်ပြုပါမည် ဂတိဖြင့် သိမ်းပိုက်ကောက်ယူပြီး နန်းတော်သို့ခေါ်ဆောင်လာပုံ။ နန်းတော်သို့ပြန်ရောက်ပြီးနောက် ဒလထော်သည် မိစ္ဆာနတ်ရုပ်ကြီးကို မကိုးကွယ်ဘဲ မိမိအဆောင်တွင် ဗုဒ္ဓရုပ်ပွားတော်ကို ထားရှိကိုးကွယ်ပုံ။ ဒိဋ္ဌိလွှမ်းမိုးသောမှူးမတ်တို့၏ ဂုံးချောမှုကြောင့် ဒလထော်နှင့်တကွ အပေါင်းပါတို့အား ကွပ်မျက်ယစ်ပူဇော်ရန် ဘုရင်ကြီးက အမိန့်ချမှတ်နေပုံ။ ဘုရင်ကိုးကွယ်သော နတ်ရုပ်ကြီးရှေ့တွင် ဗုဒ္ဓဘာသာကိုးကွယ်သူတို့အား ကွပ်မျက် ယစ်ပူဇော်ပွဲကြီး၍ ဒလထော်မင်းသမီးက ရတနာသုံးဦးထိပ်ထားခါ သစ္စာဆိုလိုက်သည်နှင့် နတ်ရုပ်ကြီး အပိုင်းပိုင်းပြတ်ပြိုလဲသွားပုံ။ မိဂ္ဂါဒိဗ္ဗမင်းသည် ထိတ်လန့်တုန်လှုပ်ခါ မိမိအယူမှားသည်ကို နောင်တရပြီး သားတော်နှင့် ချွေးမတော်ကို အပြစ်မှလွတ်စေပြီး ဗုဒ္ဓရုပ်ပွားတော်တည်ထားပေးရန် မိန့်ကြားနေပုံ။ မင်းကြီး၏ မိန့်ကြားချက်အရ တစ်တိုင်းပြည်လုံး မိစ္ဆာအယူစွန့်ပြီး ဗုဒ္ဓဘာသာသို့ ကူးပြောင်းကြခါ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ဆောက်ကြပုံ။ မိဂ္ဂါဒိဗ္ဗမင်းတရားကြီး၏ သံဝေဂတရားဖြင့် တည်ဆောက်သော ဗုဒ္ဓရုပ်ပွားတော်ကြီးမှာ ကောဇာသက္ကရာဇ်(၃၅၆)ခုနှစ်တွင် လျောင်းတော်မူ ရွှေသာလျောင်း ရုပ်ပွားတော်ကြီး ဘွဲ့နာမဖြင့် ပြီးမြောက်အောင်မြင်သွားပုံ။