ပဲခူးမြို့၊ မဇင်းရပ်ကွက်တွင်တည်ရှိသည်။ အရှေ့ဘက်တွင် မျက်နှာတော်ကျောင်းတိုက်၊ အနောက်ဘက်တွင် မဟာစေတီ(၁) လမ်း၊ တောင်ဘက်တွင် ခေါင်းရင်းတော်ကျောင်းတိုက်၊ မြောက်ဘက်တွင် မိုးကုတ်ဝိပဿနာခြေတော်ရင်းကျောင်းတိုက်တို့ တည်ရှိပါသည်။

ပင်းယမင်း သီဟသူလက်ထက် ပဲခူးစားတတိယမိဂါဒိဗ္ဗမင်းက တည်ခဲ့သည်။ မူလအလျားမှာ အတောင်(၃၀) ဖြစ်သည်။ ရုပ်ပွားတော်ကြီးကို နေဒဏ်၊ ရေဒဏ်မခံရလေအောင် အလျား အတောင်(၅၀) အနံအတောင်(၂၀)ရှိသော သစ်သားတန်ဆောင်း ဆောက်လုပ်ပေးခဲ့သည်။

သက္ကရာဇ် (၆၉၀) တွင် သီဟသူ၏ သဘောတူညီချက်ဖြင့် ပုဂံမင်း စောမွန်နစ်သည် တန်ဆောင်းကို ရွှေချခဲ့သည်။ တိဿဘုရင်လက်ထက် သက္ကရာဇ် (၇၀၄)တွင် ရုပ်ပွားတော်အတွက် လယ်ပယ်(၂၀) လှူဒါန်းခဲ့သည်။

သက္ကရာဇ် (၇၁၈)ခုတွင် ဗညားဦးမင်းသည် ဘုရားတန်ဆောင်းကို ပြုပြင်မွမ်းမံပြီးပြသာဒ်ကို ရွှေချတော်မူခဲ့သည်။ရာဇဓိရာဇ်မင်းဖြစ်ပြီးနောက်တစ်နှစ် သက္ကရာဇ် (၇၄၇) တွင် ရုပ်ပွားတော်အား ရွှေသင်္ကန်း ကပ်ခဲ့သည်။ သက္ကရာဇ်(၈၂၈) ခုနှစ်တွင် ဘုရင်မရှင်စောပုသည် တန်ဆောင်းဟောင်းကိုဖျက်၍ တန်ဆောင်းသစ်ကို ဆောက်လုပ်ပေးခဲ့သည်။ ရွှေသင်္ကန်းလည်း ကပ်လှူခဲ့သည်။ သက္ကရာဇ်(၈၃၉) တွင်ဓမ္မစေတီမင်းသည် တန်ဆောင်းကြီးကို တောင်ဘက်နှင့် မြောက်ဘက်တွင် အဆောင် တစ်ခုစီဆက်၍ ဆောက်လုပ်တိုးချဲ့ပေးခဲ့သည်။သက္ကရာဇ်(၈၉၁) တွင် သုရှင်တကာရွတ်ပိမင်းမှ ရုပ်ပွားတော်ကို ရွှေသင်္ကန်းကပ်ခဲ့သည် သက္ကရာဇ်(၉၀၁)တွင် မင်းတရားရွှေထီးသည် ရုပ်ပွားတော်နှင့် တန်ဆောင်းကို ရွှေချကပ်လှူခဲ့သည်။

     

သမိုင်းကြောင်း

ဆက်လက်ကြည့်ရှုရန်

ရုပ်ပွားတော်အချက်အလက်များ

ဆက်လက်ကြည့်ရှုရန်

ပြုပြင်မွမ်းမံသည့်သမိုင်း

ဆက်လက်ကြည့်ရှုရန်

ဖူးမြှော်လေ့လာရန်နေရာများ

ဆက်လက်ကြည့်ရှုရန်

ပွဲတော်များ

ဆက်လက်ကြည့်ရှုရန်

ဓါတ်ပုံမှတ်တမ်းများ

ဆက်လက်ကြည့်ရှုရန်

အချက်အလက်များ

 

တည်နေရာ            

ဘာသာရေး နှီးနွယ်မှု

နိုင်ငံ

ပြီးစီး

ထိန်းသိမ်းမှု

 

ပဲခူးမြို့

ထေရဝါရဗုဒ္ဓဘာသာ

မြန်မာနိုင်ငံ

သက္ကရာဇ် (၆၃၈) ခုနှစ်

ရွှေသာလျောင်းဘုရားအလှည့်ကျဂေါပကအဖွဲ့မှ ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။