ဂန္ဓကုဋီတိုက်ရှေ့ရှိအာရုံခံတန်ဆောင်းကို လမ်းမတော်ရပ်နေကွယ်လွန်သူဦးသာမောင်+ဒေါ်ထွန်းမယ်တို့က (၃)ပင်သွပ်မိုးတန်ဆောင်းကို (၁၃၁၂)ခုနှစ်တွင်ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။
တောင်ဘက်ရှိ(၄)ပင်(၈)ပင်ပျဉ်ကျွတ်မိုးတန်ဆောင်းကြီးကိုကြက်တည်ရပ်နေသစ်ကုန်သည်ဦးမြတ်စံနှင့်ကွယ်လွန်သူဇနီးဒေါ်ခင်စိန် သားသမီးတစ်စုတို့က(၁၃၁၂)ခုနှစ်တွင်လှူဒါန်းခဲ့ကြပါသည်။(၁၃၇၁)ခုနှစ်တွင်မြို့သူမြို့သားများ၊နယ်သူနယ်သားများစုပေါင်း၍ အသစ်တစ်ဖန်ပြုပြင်လှူဒါန်းခဲ့ပါသည်။
ယိုးဒယားရပ်နေမြေပိုင်ရှင်ဒေါ်လှဝင်းနှင့်မြို့သူမြို့သားများမှ(၁၃၁၂)ခုနှစ်တွင်(၈)ပင်(၄)ပင်သွပ်မိုးတန်ဆောင်းကိုဆောက်လုပ်လှူဒါန်းခဲ့သည်။(၁၃၂၁)ခုနှစ်တွင်(၃)ပင်(၆)ပင်သွပ်မိုးတန်ဆောင်းအဖြစ်ဒိစကြိတ်ကောင်စီရုံးမှဝန်ထမ်းများ၊အ.ထ.က(၁)မှဆရာ/ဆရာမများနှင့်ကျောင်းသူ/ကျောင်းသားများ၊ဘုရားလမ်းနေဒေါ်မြသွေး (သမီး)မစိန်ပုနှင့်မြို့သူမြို့သားများမှပြုပြင်လှူဒါန်းခဲ့ပါသည်။ဦးတင်ထွန်း+ဒေါ်ခင်မြနွယ်(ညီမ)ဒေါ်တင်တင်မြနှင့်သားသမီးများ(ဦးတင်ထွန်း လက်ဖက်ခြောက်)မိသားစုမှ (၁၃၇၃)ခုနှစ်တွင်အသစ်တည်ဆောက်လှူဒါန်းခဲ့ပါသည်။