မဟာမုနိကေလဇာတီစေတီတော်မြတ်ကြီးသည် တောင်ငူမြို့အမှတ်(၅)ရပ်ကွက်၊ ဘုရားလမ်းနှင့်(၂)လမ်းထောင့်တွင် တည်ရှိပါသည်။

မဟာမုနိကေလဇာတီဘုရားတည်ထားတော်မူသော ကေလာသကုန်းတော်သည်ရှေးယခင် နှစ်ပေါင်းများစွာက တောင်ဖြစ်ခဲ့သည်၊၊

မဟာမုနိကေလဇာတီဘုရားကြီးကို ဆင်ဖြူရှင်ဘုရင့်နောင်နှင့် မိဖုရားသခင်ကြီးတို့မှ ကေလာသကုန်းတော်၌တည်ထားကိုးကွယ်ခဲ့ပြီးမြန်မာသက္ကရာဇ်(၉၁၄)ခုနှစ်၊တော်သလင်း လပြည့်နေ့တွင် ပြီးမြောက်အောင်မြင်ခဲ့ပါသည်။ မူလဘွဲ့တော်မှာ မဟာမုနိကေလဘုရား ဟုတွင်ခဲ့လေသည်။

သက္ကရာဇ်(၉၃၂)ခုနှစ်တွင် သီဟိုဠ်ဘုရင်ထံမှရရှိသောဓာတ်တော်များကို ကေတုမတီမြို့ဆီသို့ ခမ်းနားစွာပင့်ဆောင်လာပြီးဌာပနာတည်ကာဉာဏ်တော်(၇)တောင်မြင့်သောစေတီအဖြစ်ပြုပြင်တည်ထားတော်မူခဲ့ပါသည်။

မူလဘွဲ့တော်ဖြစ်သော မဟာမုနိကေလဘုရားမှ မဟာမုနိကေလစေတီ ဟူ၍ ပြောင်းလဲသမုတ်ခဲ့လေသည်။

 

ဉာဏ်တော်           ၈၁ ပေ

အမျိုးအစား         မြေပေါက် စေတီအမျိုးအစားဖြစ်ပါသည်။

ထိန်းသိမ်းမှု          အလှည့်ကျဂေါပကအဖွဲ့ဖြင့် ထိန်းသိမ်းစောင့်ရှောက်                                     လျက်ရှိပါသည်။

တည်နေရာ           အရှေ့-မက္ကမံလမ်း  အနောက်-ဘုရားလမ်း   

                               တောင်-ဦးပန်းဖြူလမ်း      မြောက်-နံပါတ်(၂)လမ်း