တောင်ငူမြို့၏ ထင်ရှားသည့်ပွဲတော်များအနက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်သည် အထင်ရှားဆုံး ပွဲတော်ဖြစ်ပါသည်။ တောင်ငူမြို့သူ၊ မြို့သားများသာမက အခြားမြို့ရွာများနေသူများပါ လာရောက်ဆင်နွှဲကြသည့် ပွဲတော်ကြီးဖြစ်ပါသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို (၁၂၉၃)ခုနှစ်ခန့်တွင် စတင်ကျင်းပခဲ့သည်ဟု ဘိုးဘွား၊ မိဘ၊ ဆရာသမား တို့၏ စကားများအရမှတ်သားသိရှိခဲ့ရပါသည်။ ခေတ်ကာလအခြေအနေအရ ခမ်းနားပြီး ကြီးကျယ်စွာကျင်းပရန် မဖြစ်နိုင်သည့်နှစ်များတွင် အကျဉ်းချုံး၍ ကျင်းပခဲ့ကြသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကြီးကို နှစ်စဉ်မပြတ်အောင် ကျင်းပနိုင်ခဲ့သည်မှာလည်း မြို့သူ၊ မြို့သားများသားများအတွက် ဂုဏ်ယူစရာပင်ဖြစ်သည်။

နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်များကို သက်ဆိုင်ရာနေ့သင့်၊ နာမ်သင့် သစ်သားများဖြင့် ထုလုပ်ပူဇော်ခဲ့ကြသည်ဟု ရှေးလူကြီးများ၏ စကားများအရမှတ်သားထားခဲ့ရပါသည်။ မသမာသူများ၏ ခိုးယူမှုများကို ကြုံတွေ့ခဲ့ရသော်လည်း ဗုဒ္ဓရုပ်ပွားတော်များ၏ တန်ခိုးတော်အစွမ်းကြောင့် ပြန်လည်ရရှိပူဇော်နိုင်ခဲ့သည်။

ဒေသစာရီလှည့်လည်ပူဇော်ပွဲမတိုင်မီ ကျင်းပသောပွဲများ

သီတင်းကျွတ်လဆန်းရောက်သည်နှင့် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ကျင်းပရန်အတွက် အစည်းအဝေးများ စတင်ကျင်းပပါသည်။ ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာများဖြင့် ပူဇော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ကြပါသည်။ ဗုဒ္ဓရုပ်ပွားတော်များအား ရွှေဆိုင်း၊ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း၊အသံမဆဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပူဇော်ခြင်း များကို ဒေသစာရီလှည့်လည်ပွဲ မတိုင်မီ ကျင်းပပူဇော်ကြပါသည်။

ဗုဒ္ဓရုပ်ပွားတော်များအား ရွှေဆိုင်း၊ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်း

အသံမဆဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ နှင့် ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပူဇော်ပွဲအခမ်းအနားကျင်းပခြင်း

နှစ်ကျိပ်ရှစ်ဆူဘုရားများလှည့်လည်ပင့်ဆောင်ရန်ညှိနှိင်းအစည်းအဝေးပြုလုပ်နေခြင်းမှတ်တမ်းများ

နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲ

နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကြီးကို ဌာနဆိုင်ရာများ၏ ပံ့ပိုးကူညီမှု၊ စေတနာရှင်မြို့သူ၊ မြို့သားများ၏ လှူဒါန်းမှုတို့ဖြင့် ဂေါပကအဖွဲ့မှ ဦးဆောင်ကာလက်တွဲညီညာစွာဖြင့် စုပေါင်းကျင်းပခဲ့ကြပါသည်။ CB ဘဏ်ဥက္ကဌကြီး ဦးခင်မောင်အေး၏ ပံ့ပိုးမှုဖြင့်ကျင်းပသော ကေတုမတီမြို့တည်နန်းတည်နှစ် (၅၀၀)ပြည့်ပွဲတော် ကျင်းပချိန်မှစ၍ နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲသည်လည်း ပိုမို၍စည်ကားလာခဲ့ပါသည်။

တန်ဆောင်မုန်းလဆန်း (၁၃)ရက်နေ့ ညနေပိုင်းတွင် မြို့တွင်းသို့ ခမ်းနားစည်ကားစွာဖြင့် ဒေသစာရီလှည့်လည်အပူဇော်ခံပါသည်။ တန်ဆောင်မုန်းလပြည့် (၁၅) ရက်နေ့ နံနက်ပိုင်းတွင် မဟာမုနိကေလဇာတီဘုရားကြီး၌ ကိန်းဝပ်စံပါယ်နေသော ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်နှင့်အတူ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များသည် အာရုံခံဒေသစာရီ ကြွချီတော်မူခဲ့ပါသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားများဒေသစာရီလှည့်လည်ပူဇော်ခံပွဲအတွက်ဘုရားများအားပင့်ဆောင်ပူဇော်ခြင်း

ဒေသစာရီလှည့်လည်ပူဇော်ပွဲ

နှစ်ကျိပ်ရှစ်ဆူဘုရားများအား အာရုံခံဒေသစာရီလှည့်လည်ခြင်း