မဟာမုနိကေလဇာတီဘုရားကို လာရောက်ဖူးမျှော်သူများအတွက် အဓိကဝင်ပေါက် (၃) ခုရှိပါသည်။ အရှေ့ဘက်မုခ်ဦးနှင့် အနောက်ဘက်မုခ်ဦး၊ အနောက်ဘက်ဘုရားတွင် ဝင်ပေါက်မုခ်ဦးတို့ ဖြစ်ပါသည်။

အရှေ့ဘက်မုခ်ဦးနှင့် အနောက်ဘက်မုခ်ဦးတို့ကို CB ဘဏ်ဥက္ကဌကြီးဦးခင်မောင်အေးမိသားစုမှ (၁၃၇၆)တွင်အသစ်တည်ဆောက်လှူဒါန်းခဲ့ပါသည်။

အနောက်ဘက်ဘုရားတွင်းအဝင်မုခ်ဦးကို ဦးစိုးငြိမ်း+ဒေါ်မျိုးမြင့်တင်မိသားစုတိုမှ တည်ဆောက်လှူဒါန်းခဲ့ပါသည်။

အရှေ့ဘက်မုခ်ဦးရှိ တောင်ဘက်မှခြင်္သေ့ကြီးကို လမ်းမတော်ရပ်နေ ကွယ်လွန်သူ အမတ်ဟောင်း ဦးဘိုးမျှင် ဇနီးဒေါ်စိန်မြ သားသမီး၊မြေးတိုက (၁၂၈၆) ခုနှစ်တွင် လှူဒါန်းခဲ့ကြပါသည်။

မြောက်ဘက်မှ ခြင်္သေ့ကြီးကို ကြည်တည်ရပ် ကွယ်လွန်သူ ရုံးစာရေးကြီး ဦးဘကြူး၊ဒေါ်ချစ် သားသမီး‌၊မြေးတိုက (၁၂၈၆)ခုနှစ်တွင် လှူဒါန်းခဲ့ကြပါသည်။

အရှေ့ဘက်မုခ်ဦး

အနောက်ဘက်ဘုရားကွင်းမုခ်ဦး