အမှတ်စဉ်(၁၀) အနောမဒဿီဘုရား
၁။ | ဘုရားရှင်ဘွဲ့တော် | – | အနောမဒဿီ |
၂။ | ဘုရားပွင့်တော်မူသည့်အချိန် | – | ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက် |
၃။ | ဘုရားပွင့်တော်မူသည့်ကမ္ဘာ | – | ဝရကမ္ဘာ (ဘုရားသုံးဆူပွင့်ရာ ပထမပွင့်တော်မူသည့်ဘုရား) |
၄။ | သက်တမ်း | – | အနှစ်တစ်သိန်း |
၅။ | တိုင်းပြည် | – | စန္ဒဝတီ |
၆။ | ခမည်းတော် | – | ယသဝါမင်း |
၇။ | မယ်တော် | – | ယသောဓရာမိဖုရား |
၈။ | ဖွားမြင်ရာအရပ် | – | သုစန္ဒနဥယျာဉ်တော် |
၉။ | ကြင်ယာတော် | – | သီရိမာမိဖုရား |
၁၀။ | သားတော် | – | ဥပဝါဏမင်းသား |
၁၁။ | စည်းစိမ်ခံစားသည့်နှစ် | – | ၁၀၀၀၀ |
၁၂။ | စံနန်းတော် | – | သီရိရွှေနန်းဆောင်၊ ဥပသီရိရွှေနန်းဆောင်၊ ဝဎုနရွှေနန်းဆောင် |
၁၃။ | မောင်းမအခြံအရံ | – | ၂၃၀၀၀ |
၁၄။ | တောထွက်ယာဉ် | – | ရွှေထမ်းစင် |
၁၅။ | အတူလိုက်ရဟန်းပြုသူ | – | သုံးကုဋေ |
၁၆။ | ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့ ဃနာနို့ဆွမ်းအလှူရှင် | – | အနုပမာရွာနေ အနောပမာ သူဌေးသမီး |
၁၇။ | ပလ္လင်တော်အတွက် မြက်အလှူရှင် | – | အနောမတက္ကတွန်း |
၁၈။ | ဒုက္ကရစရိယာကျင့်သည့်ကာလ | – | (၁၀)လ |
၁၉။ | ပလ္လင်ပမာဏ | – | ၃၈ တောင် |
၂၀။ | ဗောဓိပင် | – | ထောက်ကြံ့၊ ဖောက်ကြံ့ |
၂၁။ | အရပ်တော် | – | ၅၈ တောင် |
၂၂။ | ပကတိရောင်ခြည်တော် | – | ထက်ဝန်းကျင် တဆယ့်နှစ်ယူဇနာကွန့်မြူးသည်။ |
၂၃။ | လက်ယာရံ အဂ္ဂသာဝက | – | နိသဘ မထေရ် |
၂၄။ | လက်ဝဲရံ အဂ္ဂသာဝက | – | အနောမ မထေရ် |
၂၅။ | အလုပ်အကျွေးရဟန်း | – | ဝရုဏ မထေရ် |
၂၆။ | လက်ယာရံ အဂ္ဂသာဝိကာ | – | သုန္ဒရီ ထေရီမ |
၂၇။ | လက်ဝဲရံ အဂ္ဂသာဝိကာ | – | သုမနာ ထေရီမ |
၂၈။ | အလုပ်အကျွေးဒါယကာ | – | နန္ဒိဝဎုသူဌေး နှင့် သီရိဝဎုသူဌေး |
၂၉။ | အလုပ်အကျွေးဒါယိကာမ | – | ဥပ္ပလာဥပါသိကာ နှင့် ပဒုမာဥပါသိကာ |
၃၀။ | ပရိနိဗ္ဗာန်ပြုရာအရပ် | – | ဓမ္မာရာမ အရာမ်ကြီးအတွင်း |
၃၁။ | ဓာတ်တော် | – | ၂၅ ယူဇနာရှိ ဓမ္မာရာမအရာမ်အတွင်းရှိ အသမ္ဘိန္နဓါတ်တော်စေတီ |
၃၂။ | ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း ဝင်သည့်တရားပွဲ | – | သုံးကြိမ် |
၃၃။ | သာဝကသန္နိပါတ (သာဝကအစည်းအဝေး) | – | သုံးကြိမ် |
၃၄။ | ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း | – | ဘီလူးစစ်သူကြီး |
၃၅။ | ဆုတောင်း၍ဗျာဒိတ်ခံသည့်ရဟန်းပုဂ္ဂိုလ် | – | ဥရဒရသေ့၊ အရှင်သာရိပုတ္တရာလောင်း၊ သီရိဝဎုနသူဌေး၊ အရှင်မောဂ္ဂလန်လောင်း၊ အရှင်ဗာတုလလောင်း (ဆေးလှူဒါန်းသည်) |
၃၆။ | အထွေထွေမှတ်ချက် | – | သရဒရသေ့နှင့်သီရိဝဎုနသူဌေးတို့သည် အဂ္ဂသာဝကဆုပန်ကြသည်။ ဘုရားလောင်းသည် ၁၆ အသင်္ချေနှင့်ကမ္ဘာတစ်သိန်းပါရမီဖြည့်သည်။ |