အမှတ်စဉ်(၁၂) နာရဒဘုရား

၁။

ဘုရားရှင်ဘွဲ့တော်

နာရဒ

၂။

ဘုရားပွင့်တော်မူသည့်အချိန်

ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်

၃။

ဘုရားပွင့်တော်မူသည့်ကမ္ဘာ

ဝရကမ္ဘာ (ဘုရားသုံးဆူမှ နောက်ဆုံးပွင့်သောဘုရား)

၄။

သက်တမ်း

ကိုးသောင်း

၅။

တိုင်းပြည်

ဓညဝတီ

၆။

ခမည်းတော်

သုဒေဝစကြာမင်း

၇။

မယ်တော်

အနောမာမိဖုရား

၈။

ဖွားမြင်ရာအရပ်

ဓနဉ္ဇယ ဥယျာဉ်တော်

၉။

ကြင်ယာတော်

ဝိဇိတသေနာမိဖုရား

၁၀။

သားတော်

နန္ဒုတ္တရမင်းသား

၁၁။

စည်းစိမ်ခံစားသည့်နှစ်

၉၀၀၀

၁၂။

စံနန်းတော်

ဇိတရွှေနန်းဆောင်၊ ဝိဇိတရွှေနန်းဆောင်၊ အဘိရာမရွှေနန်းဆောင်

၁၃။

မောင်းမအခြံအရံ

တစ်သိန်းနှစ်သောင်း

၁၄။

တောထွက်ယာဉ်

ခြေလျင် (မြို့အပြင်ရှိ ဓနဉ္ဇယမင်္ဂလာဥယျာဉ်တော်သို့)

၁၅။

အတူလိုက်ရဟန်းပြုသူ

တစ်သိန်း

၁၆။

ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့

ဃနာနို့ဆွမ်းအလှူရှင်

ဝိဇိတသေနာမိဖုရား (ကြင်ယာတော်)

၁၇။

ပလ္လင်တော်အတွက် မြက်အလှူရှင်

သုဒဿန ဥယျာဉ်မှူး

၁၈။

ဒုက္ကရစရိယာကျင့်သည့်ကာလ

ခုနှစ်ရက် (မင်္ဂလာဥယျာဉ်၌ ကျင့်သည်)

၁၉။

ပလ္လင်ပမာဏ

၅၇ တောင်

၂၀။

ဗောဓိပင်

ကြောင်လျှာနီ

၂၁။

အရပ်တော်

၈၈ တောင်

၂၂။

ပကတိရောင်ခြည်တော်

နေ့ညဆက်စပ် အကြားမလပ်အောင် တယူဇနာတိုင် ပျံ့နှံ့သည်

၂၃။

လက်ယာရံ အဂ္ဂသာဝက

ဘဒ္ဒသာလ မထေရ်

၂၄။

လက်ဝဲရံ အဂ္ဂသာဝက

ဝိဇိတမိတ္တ မထေရ်

၂၅။

အလုပ်အကျွေးရဟန်း

ဝါသေဌ မထေရ်

၂၆။

လက်ယာရံ အဂ္ဂသာဝိကာ

ဥတ္တရာထေရီမ

၂၇။

လက်ဝဲရံ အဂ္ဂသာဝိကာ

ဖဂ္ဂုနိထေရီမ

၂၈။

အလုပ်အကျွေးဒါယကာ

ဥဂ္ဂရိန္ဒသူဌေး နှင့် ဝသဘသူဌေး

၂၉။

အလုပ်အကျွေးဒါယိကာမ

ဣန္ဒာဝရီ ဥပါသိကာ နှင့် ဝဏ္ဍီ (ဂဏ္ဍီ) ဥပါသိကာ

၃၀။

ပရိနိဗ္ဗာန်ပြုရာအရပ်

သုဒဿနမြို့တော်

၃၁။

ဓာတ်တော်

မြို့၌တည်ထားသည့် ၄ယူဇနာရှိ အသမ္ဘိန္နဓါတ်တော်စေတီ

၃၂။

ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း

ဝင်သည့်တရားပွဲ

သုံးကြိမ်

၃၃။

သာဝကသန္နိပါတ

(သာဝကအစည်းအဝေး)

သုံးကြိမ်

၃၄။

ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း

ဟိမဝန္တာတောင်ယံနေ ရှင်ရသေ့

၃၅။

အထွေထွေမှတ်ချက်

ဘုရားလောင်းသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်သည်။