အမှတ်စဉ်(၁၃) ပဒုမုတ္တရဘုရား
၁။ | ဘုရားရှင်ဘွဲ့တော် | – | ပဒုမုတ္တရ |
၂။ | ဘုရားပွင့်တော်မူသည့်အချိန် | – | ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် ကမ္ဘာတစ်သိန်းထက် |
၃။ | ဘုရားပွင့်တော်မူသည့်ကမ္ဘာ | – | သာရကမ္ဘာ (ဘုရားတစ်ဆူတည်းပွင့်သည်) |
၄။ | သက်တမ်း | – | အနှစ်တစ်သိန်း |
၅။ | တိုင်းပြည် | – | ဟံသာဝတီ |
၆။ | ခမည်းတော် | – | အာနန္ဒမင်း |
၇။ | မယ်တော် | – | သုဇာတာမိဖုရား |
၈။ | ဖွားမြင်ရာအရပ် | – | ဟံသာဝတီမင်္ဂလာဥယျာဉ်တော် |
၉။ | ကြင်ယာတော် | – | ဝသုဒတ္တာမိဖုရား |
၁၀။ | သားတော် | – | ဥတ္တရမင်းသား |
၁၁။ | စည်းစိမ်ခံစားသည့်နှစ် | – | ၁၀၀၀၀ |
၁၂။ | စံနန်းတော် | – | နရဝါဟနရွှေနန်းဆောင်၊ ယသဝါဟနရွှေနန်းဆောင်၊ ဝသဝတ္တိရွှေနန်းဆောင် |
၁၃။ | မောင်းမအခြံအရံ | – | တစ်သိန်းနှစ်သောင်း |
၁၄။ | တောထွက်ယာဉ် | – | ဝသဝတ္တီရွှေနန်းပြဿဒ်ယာဉ် |
၁၅။ | အတူလိုက်ရဟန်းပြုသူ | – | တောထွက်ရာသို့လိုက်ပါသော ယောက်ျားအားလုံး |
၁၆။ | ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့ ဃနာနို့ဆွမ်းအလှူရှင် | – | ဥဇ္ဇေနီနိဂုံးနေ ရုစာနန္ဒ သူဌေးသမီး |
၁၇။ | ပလ္လင်တော်အတွက် မြက်အလှူရှင် | – | သုမိတ္တ တက္ကတွန်း |
၁၈။ | ဒုက္ကရစရိယာကျင့်သည့်ကာလ | – | ခုနှစ်ရက် |
၁၉။ | ပလ္လင်ပမာဏ | – | ၃၈ တောင် |
၂၀။ | ဗောဓိပင် | – | ထင်းရှူး |
၂၁။ | အရပ်တော် | – | ၅၈ တောင် |
၂၂။ | ပကတိရောင်ခြည်တော် | – | ထက်ဝန်းကျင် ၁၂ ယူဇနာ ပျံ့နှံ့သည် |
၂၃။ | လက်ယာရံ အဂ္ဂသာဝက | – | ဒေဝလမထေရ် |
၂၄။ | လက်ဝဲရံ အဂ္ဂသာဝက | – | သုဇာတ မထေရ် |
၂၅။ | အလုပ်အကျွေးရဟန်း | – | သုမန မထေရ် |
၂၆။ | လက်ယာရံ အဂ္ဂသာဝိကာ | – | အမိတာ ထေရီမ |
၂၇။ | လက်ဝဲရံ အဂ္ဂသာဝိကာ | – | အသမာ ထေရီမ |
၂၈။ | အလုပ်အကျွေးဒါယကာ | – | ဝိတိဏ္ဏသူဌေး နှင့် တိဿသူဌေး |
၂၉။ | အလုပ်အကျွေးဒါယိကာမ | – | ဟဌာဥပါသိကာ နှင့် ဝိစိတ္တာဥပါသိကာ |
၃၀။ | ပရိနိဗ္ဗာန်ပြုရာအရပ် | – | နန္ဒာရာမဥယျာဉ်တော်ကြီးအတွင်း |
၃၁။ | ဓာတ်တော် | – | နန္ဒာရာမဥယျာဉ်အတွင်းရှိ (၁၂) ယူဇနာမြင့်သော အသမ္ဘိန္နဓါတ်တော်စေတီ |
၃၂။ | ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း ဝင်သည့်တရားပွဲ | – | သုံးကြိမ် |
၃၃။ | သာဝကသန္နိပါတ (သာဝကအစည်းအဝေး) | – | သုံးကြိမ် |
၃၄။ | ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း | – | ဇဋိလတိုင်းကျပ်မင်း |
၃၅။ | ဆုတောင်း၍ဗျာဒိတ်ခံသည့်ရဟန်းပုဂ္ဂိုလ် | – | ဂေါတမဘုရား၏ဧတဒဂ်ရ ရဟန္တာအားလုံး(၄၁)ပါး ဆုပန်ဗျာဒိတ်ခံ၏ |
၃၆။ | ဆုတောင်း၍ဗျာဒိတ်ခံသည့်ရဟန်းမ | – | ဂေါတမဘုရား၏ဧတဒဂ်ရ ရဟန္တာထေရီမ (၁၃)ပါး ဆုပန်ဗျာဒိတ်ခံ၏ |
၃၇။ | ဆုတောင်း၍ဗျာဒိတ်ခံသည့်ဒါယကာ | – | ဂေါတမဘုရား၏ဧတဒဂ်ရ ဒါယကာ(၁၁)ဦးလုံး ဆုပန်ဗျာဒိတ်ခံ၏ |
၃၈။ | ဆုတောင်း၍ဗျာဒိတ်ခံသည့်ဒါယိကာမ | – | ဂေါတမဘုရား၏ဧတဒဂ်ရ ဒါယိကာမ(၁၀)ဦးလုံး ဆုပန်ဗျာဒိတ်ခံ၏ |