အမှတ်စဉ်(၁၃) ပဒုမုတ္တရဘုရား

၁။

ဘုရားရှင်ဘွဲ့တော်

ပဒုမုတ္တရ

၂။

ဘုရားပွင့်တော်မူသည့်အချိန်

ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် ကမ္ဘာတစ်သိန်းထက်

၃။

ဘုရားပွင့်တော်မူသည့်ကမ္ဘာ

သာရကမ္ဘာ (ဘုရားတစ်ဆူတည်းပွင့်သည်)

၄။

သက်တမ်း

အနှစ်တစ်သိန်း

၅။

တိုင်းပြည်

ဟံသာဝတီ

၆။

ခမည်းတော်

အာနန္ဒမင်း

၇။

မယ်တော်

သုဇာတာမိဖုရား

၈။

ဖွားမြင်ရာအရပ်

ဟံသာဝတီမင်္ဂလာဥယျာဉ်တော်

၉။

ကြင်ယာတော်

ဝသုဒတ္တာမိဖုရား

၁၀။

သားတော်

ဥတ္တရမင်းသား

၁၁။

စည်းစိမ်ခံစားသည့်နှစ်

၁၀၀၀၀

၁၂။

စံနန်းတော်

နရဝါဟနရွှေနန်းဆောင်၊ ယသဝါဟနရွှေနန်းဆောင်၊ ဝသဝတ္တိရွှေနန်းဆောင်

၁၃။

မောင်းမအခြံအရံ

တစ်သိန်းနှစ်သောင်း

၁၄။

တောထွက်ယာဉ်

ဝသဝတ္တီရွှေနန်းပြဿဒ်ယာဉ်

၁၅။

အတူလိုက်ရဟန်းပြုသူ

တောထွက်ရာသို့လိုက်ပါသော ယောက်ျားအားလုံး

၁၆။

ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့

ဃနာနို့ဆွမ်းအလှူရှင်

ဥဇ္ဇေနီနိဂုံးနေ ရုစာနန္ဒ သူဌေးသမီး

၁၇။

ပလ္လင်တော်အတွက် မြက်အလှူရှင်

သုမိတ္တ တက္ကတွန်း

၁၈။

ဒုက္ကရစရိယာကျင့်သည့်ကာလ

ခုနှစ်ရက်

၁၉။

ပလ္လင်ပမာဏ

၃၈ တောင်

၂၀။

ဗောဓိပင်

ထင်းရှူး

၂၁။

အရပ်တော်

၅၈ တောင်

၂၂။

ပကတိရောင်ခြည်တော်

ထက်ဝန်းကျင် ၁၂ ယူဇနာ ပျံ့နှံ့သည်

၂၃။

လက်ယာရံ အဂ္ဂသာဝက

ဒေဝလမထေရ်

၂၄။

လက်ဝဲရံ အဂ္ဂသာဝက

သုဇာတ မထေရ်

၂၅။

အလုပ်အကျွေးရဟန်း

သုမန မထေရ်

၂၆။

လက်ယာရံ အဂ္ဂသာဝိကာ

အမိတာ ထေရီမ

၂၇။

လက်ဝဲရံ အဂ္ဂသာဝိကာ

အသမာ ထေရီမ

၂၈။

အလုပ်အကျွေးဒါယကာ

ဝိတိဏ္ဏသူဌေး နှင့် တိဿသူဌေး

၂၉။

အလုပ်အကျွေးဒါယိကာမ

ဟဌာဥပါသိကာ နှင့် ဝိစိတ္တာဥပါသိကာ

၃၀။

ပရိနိဗ္ဗာန်ပြုရာအရပ်

နန္ဒာရာမဥယျာဉ်တော်ကြီးအတွင်း

၃၁။

ဓာတ်တော်

နန္ဒာရာမဥယျာဉ်အတွင်းရှိ (၁၂) ယူဇနာမြင့်သော အသမ္ဘိန္နဓါတ်တော်စေတီ

၃၂။

ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း

ဝင်သည့်တရားပွဲ

သုံးကြိမ်

၃၃။

သာဝကသန္နိပါတ

(သာဝကအစည်းအဝေး)

သုံးကြိမ်

၃၄။

ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း

ဇဋိလတိုင်းကျပ်မင်း

၃၅။

ဆုတောင်း၍ဗျာဒိတ်ခံသည့်ရဟန်းပုဂ္ဂိုလ်

ဂေါတမဘုရား၏ဧတဒဂ်ရ ရဟန္တာအားလုံး(၄၁)ပါး ဆုပန်ဗျာဒိတ်ခံ၏

၃၆။

ဆုတောင်း၍ဗျာဒိတ်ခံသည့်ရဟန်းမ

ဂေါတမဘုရား၏ဧတဒဂ်ရ ရဟန္တာထေရီမ (၁၃)ပါး ဆုပန်ဗျာဒိတ်ခံ၏

၃၇။

ဆုတောင်း၍ဗျာဒိတ်ခံသည့်ဒါယကာ

ဂေါတမဘုရား၏ဧတဒဂ်ရ ဒါယကာ(၁၁)ဦးလုံး ဆုပန်ဗျာဒိတ်ခံ၏

၃၈။

ဆုတောင်း၍ဗျာဒိတ်ခံသည့်ဒါယိကာမ

ဂေါတမဘုရား၏ဧတဒဂ်ရ ဒါယိကာမ(၁၀)ဦးလုံး ဆုပန်ဗျာဒိတ်ခံ၏