အမှတ်စဉ်(၁၄) သုမေဓဘုရား

၁။

ဘုရားရှင်ဘွဲ့တော်

သုမေဓ

၂။

ဘုရားပွင့်တော်မူသည့်အချိန်

ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် ကမ္ဘာ၃၀၀၀၀ထက်

၃။

ဘုရားပွင့်တော်မူသည့်ကမ္ဘာ

မဏ္ဍကမ္ဘာ (ဘုရား၂ဆူမှ ပထမပွင့်သည့်ဘုရား)

၄။

သက်တမ်း

ကိုးသောင်း

၅။

တိုင်းပြည်

သုဒဿန

၆။

ခမည်းတော်

သုဒတ္တမင်း

၇။

မယ်တော်

သုဒတ္တာဒေဝီမိဖုရား

၈။

ဖွားမြင်ရာအရပ်

သုဒဿန မင်္ဂလာဥယျာဉ်တော်

၉။

ကြင်ယာတော်

သုမနာဒေဝီမိဖုရား

၁၀။

သားတော်

ပုနဗ္ဗသုမင်းသား

၁၁။

စည်းစိမ်ခံစားသည့်နှစ်

၉၀၀၀

၁၂။

စံနန်းတော်

သုစန္ဒနရွှေနန်းဆောင်၊ ကဉ္စနရွှေနန်းဆောင်၊ သီရိဝဎုနရွှေနန်းဆောင်

၁၃။

မောင်းမအခြံအရံ

၄၈၀၀၀

၁၄။

တောထွက်ယာဉ်

ဆင်ယာဉ်

၁၅။

အတူလိုက်ရဟန်းပြုသူ

ကုဋေတစ်ရာ

၁၆။

ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့

ဃနာနို့ဆွမ်းအလှူရှင်

နကုလနိဂုံးနေ နကုလာ သူဌေးသမီး

၁၇။

ပလ္လင်တော်အတွက် မြက်အလှူရှင်

သိရိဝဎု တက္ကတွန်း

၁၈။

ဒုက္ကရစရိယာကျင့်သည့်ကာလ

(သီဟိုဠ်ယူ ၈လ) တစ်ဆယ့်ငါးရက်

၁၉။

ပလ္လင်ပမာဏ

၅၇ တောင်

၂၀။

ဗောဓိပင်

တမာကြီး (မကျည်း)

၂၁။

အရပ်တော်

၈၈ တောင်

၂၂။

ပကတိရောင်ခြည်တော်

ထက်ဝန်းကျင် တစ်ယူဇနာအတွင်း ပျံ့နှံ့သည်။

၂၃။

လက်ယာရံ အဂ္ဂသာဝက

သရဏ မထေရ်

၂၄။

လက်ဝဲရံ အဂ္ဂသာဝက

သဗ္ဗကာမ မထေရ်

၂၅။

အလုပ်အကျွေးရဟန်း

သာဂရ မထေရ်

၂၆။

လက်ယာရံ အဂ္ဂသာဝိကာ

ရာမာ ထေရီမ

၂၇။

လက်ဝဲရံ အဂ္ဂသာဝိကာ

သုရာမာ ထေရီမ

၂၈။

အလုပ်အကျွေးဒါယကာ

ဥရုဝေလသူဌေး နှင့် ယသဝါသူဌေး

၂၉။

အလုပ်အကျွေးဒါယိကာမ

ယသောဓရာဥပါသိကာ နှင့် သီရိမာဥပါသိကာ

၃၀။

ပရိနိဗ္ဗာန်ပြုရာအရပ်

မေဓါရာမဥယျာဉ်ကြီးအတွင်း

၃၁။

ဓာတ်တော်

အဓိဌာန်ချက်အရ ဇမ္ဗူဒိပ်ကျွန်းတွင် အစိတ်စိတ်ကွဲပြားပျံ့နှံ့တည်ရှိသည်

၃၂။

ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း

ဝင်သည့်တရားပွဲ

သုံးကြိမ်

၃၃။

သာဝကသန္နိပါတ

(သာဝကအစည်းအဝေး)

သုံးကြိမ်

၃၄။

ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း

ဥတ္တရပုဏ္ဏား (ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံ၏)

၃၅။

ဆုတောင်း၍ဗျာဒိတ်ခံသည့်ရဟန်းပုဂ္ဂိုလ်

အရှင်ပိလိန္ဒဝစ္ဆလောင်း (သံဃာနှင့်ဓါတုစေတီအား ပူဇော်ခဲ့သည်)