အမှတ်စဉ်(၁၄) သုမေဓဘုရား
၁။ | ဘုရားရှင်ဘွဲ့တော် | – | သုမေဓ |
၂။ | ဘုရားပွင့်တော်မူသည့်အချိန် | – | ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် ကမ္ဘာ၃၀၀၀၀ထက် |
၃။ | ဘုရားပွင့်တော်မူသည့်ကမ္ဘာ | – | မဏ္ဍကမ္ဘာ (ဘုရား၂ဆူမှ ပထမပွင့်သည့်ဘုရား) |
၄။ | သက်တမ်း | – | ကိုးသောင်း |
၅။ | တိုင်းပြည် | – | သုဒဿန |
၆။ | ခမည်းတော် | – | သုဒတ္တမင်း |
၇။ | မယ်တော် | – | သုဒတ္တာဒေဝီမိဖုရား |
၈။ | ဖွားမြင်ရာအရပ် | – | သုဒဿန မင်္ဂလာဥယျာဉ်တော် |
၉။ | ကြင်ယာတော် | – | သုမနာဒေဝီမိဖုရား |
၁၀။ | သားတော် | – | ပုနဗ္ဗသုမင်းသား |
၁၁။ | စည်းစိမ်ခံစားသည့်နှစ် | – | ၉၀၀၀ |
၁၂။ | စံနန်းတော် | – | သုစန္ဒနရွှေနန်းဆောင်၊ ကဉ္စနရွှေနန်းဆောင်၊ သီရိဝဎုနရွှေနန်းဆောင် |
၁၃။ | မောင်းမအခြံအရံ | – | ၄၈၀၀၀ |
၁၄။ | တောထွက်ယာဉ် | – | ဆင်ယာဉ် |
၁၅။ | အတူလိုက်ရဟန်းပြုသူ | – | ကုဋေတစ်ရာ |
၁၆။ | ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့ ဃနာနို့ဆွမ်းအလှူရှင် | – | နကုလနိဂုံးနေ နကုလာ သူဌေးသမီး |
၁၇။ | ပလ္လင်တော်အတွက် မြက်အလှူရှင် | – | သိရိဝဎု တက္ကတွန်း |
၁၈။ | ဒုက္ကရစရိယာကျင့်သည့်ကာလ | – | (သီဟိုဠ်ယူ ၈လ) တစ်ဆယ့်ငါးရက် |
၁၉။ | ပလ္လင်ပမာဏ | – | ၅၇ တောင် |
၂၀။ | ဗောဓိပင် | – | တမာကြီး (မကျည်း) |
၂၁။ | အရပ်တော် | – | ၈၈ တောင် |
၂၂။ | ပကတိရောင်ခြည်တော် | – | ထက်ဝန်းကျင် တစ်ယူဇနာအတွင်း ပျံ့နှံ့သည်။ |
၂၃။ | လက်ယာရံ အဂ္ဂသာဝက | – | သရဏ မထေရ် |
၂၄။ | လက်ဝဲရံ အဂ္ဂသာဝက | – | သဗ္ဗကာမ မထေရ် |
၂၅။ | အလုပ်အကျွေးရဟန်း | – | သာဂရ မထေရ် |
၂၆။ | လက်ယာရံ အဂ္ဂသာဝိကာ | – | ရာမာ ထေရီမ |
၂၇။ | လက်ဝဲရံ အဂ္ဂသာဝိကာ | – | သုရာမာ ထေရီမ |
၂၈။ | အလုပ်အကျွေးဒါယကာ | – | ဥရုဝေလသူဌေး နှင့် ယသဝါသူဌေး |
၂၉။ | အလုပ်အကျွေးဒါယိကာမ | – | ယသောဓရာဥပါသိကာ နှင့် သီရိမာဥပါသိကာ |
၃၀။ | ပရိနိဗ္ဗာန်ပြုရာအရပ် | – | မေဓါရာမဥယျာဉ်ကြီးအတွင်း |
၃၁။ | ဓာတ်တော် | – | အဓိဌာန်ချက်အရ ဇမ္ဗူဒိပ်ကျွန်းတွင် အစိတ်စိတ်ကွဲပြားပျံ့နှံ့တည်ရှိသည် |
၃၂။ | ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း ဝင်သည့်တရားပွဲ | – | သုံးကြိမ် |
၃၃။ | သာဝကသန္နိပါတ (သာဝကအစည်းအဝေး) | – | သုံးကြိမ် |
၃၄။ | ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း | – | ဥတ္တရပုဏ္ဏား (ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံ၏) |
၃၅။ | ဆုတောင်း၍ဗျာဒိတ်ခံသည့်ရဟန်းပုဂ္ဂိုလ် | – | အရှင်ပိလိန္ဒဝစ္ဆလောင်း (သံဃာနှင့်ဓါတုစေတီအား ပူဇော်ခဲ့သည်) |