အမှတ်စဉ်(၁၅) သုဇာတဘုရား

၁။

ဘုရားရှင်ဘွဲ့တော်

သုဇာတ

၂။

ဘုရားပွင့်တော်မူသည့်အချိန်

ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် ကမ္ဘာ၃၀၀၀၀ထက်

၃။

ဘုရားပွင့်တော်မူသည့်ကမ္ဘာ

မဏ္ဍကမ္ဘာ (ဘုရား၂ဆူမှ ဒုတိယပွင့်တော်မူသည့်ဘုရား)

၄။

သက်တမ်း

ကိုးသောင်း

၅။

တိုင်းပြည်

သုမင်္ဂလ

၆။

ခမည်းတော်

ဥဂ္ဂတမင်း

၇။

မယ်တော်

ပဘာဝတီမိဖုရား

၈။

ကြင်ယာတော်

သီရိနန္ဒာဒေဝီမိဖုရား

၉။

သားတော်

ဥပသေနမင်းသား

၁၀။

စည်းစိမ်ခံစားသည့်နှစ်

၉၀၀၀

၁၁။

စံနန်းတော်

သီရိရွှေနန်းဆောင်၊ ဥပသီရိရွှေနန်းဆောင်၊ နန္ဒရွှေနန်းဆောင်

၁၂။

မောင်းမအခြံအရံ

၂၃၀၀၀

၁၃။

တောထွက်ယာဉ်

ဟံသဝဟ မင်္ဂလာမြင်းတော်

၁၄။

အတူလိုက်ရဟန်းပြုသူ

တစ်ကုဋေ

၁၅။

ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့

ဃနာနို့ဆွမ်းအလှူရှင်

သီရိနန္ဒနမြို့ သီရိနန္ဒန သူဌေးသမီး

၁၆။

ပလ္လင်တော်အတွက် မြက်အလှူရှင်

သုနန္ဒ တက္ကတွန်း

၁၇။

ဒုက္ကရစရိယာကျင့်သည့်ကာလ

ကိုးလ

၁၈။

ပလ္လင်ပမာဏ

၃၃ တောင်

၁၉။

ဗောဓိပင်

ကြခတ်ဝါး

၂၀။

အရပ်တော်

အတောင် ၅၀

၂၁။

ပကတိရောင်ခြည်တော်

အမြဲမရှိ၊ အလိုတော်ရှိသမျှ ကွန့်မြူးသည်

၂၂။

လက်ယာရံ အဂ္ဂသာဝက

သုဒဿန မထေရ်

၂၃။

လက်ဝဲရံ အဂ္ဂသာဝက

သုဒေဝ မထေရ်

၂၄။

အလုပ်အကျွေးရဟန်း

နရဒ မထေရ်

၂၅။

လက်ယာရံ အဂ္ဂသာဝိကာ

နာဂါ ထေရီမ

၂၆။

လက်ဝဲရံ အဂ္ဂသာဝိကာ

နာဂသမာလာ ထေရီမ

၂၇။

အလုပ်အကျွေးဒါယကာ

သုဒတ္တသူဌေး နှင့် စိတ္တသူဌေး

၂၈။

အလုပ်အကျွေးဒါယိကာမ

သုဘဒ္ဒါဥပါသိကာ နှင့် ပဒုမာဥပါသိကာ

၂၉။

ပရိနိဗ္ဗာန်ပြုရာအရပ်

သိလာရာမ အရာမ်ကြီးအတွင်း

၃၀။

ဓာတ်တော်

သိလာရာမ အရာမ်ကြီးအတွင်းရှိ (၃)ဝါဂုဏ်အမြင့်ရှိ အသမ္ဘိန္နဓါတ်တော်စေတီ

၃၁။

ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း

ဝင်သည့်တရားပွဲ

သုံးကြိမ်

၃၂။

သာဝကသန္နိပါတ

(သာဝကအစည်းအဝေး)

သုံးကြိမ်

၃၃။

ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း

စကြာမင်း (ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံယူသည်)