အမှတ်စဉ်(၁၆) ပိယဒဿီဘုရား
၁။ | ဘုရားရှင်ဘွဲ့တော် | – | ပိယဒဿီ |
၂။ | ဘုရားပွင့်တော်မူသည့်အချိန် | – | ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် ကမ္ဘာပေါင်း ၁၈၀၀ထက် |
၃။ | ဘုရားပွင့်တော်မူသည့်ကမ္ဘာ | – | ဝရကမ္ဘာ (ဘုရား၃ဆူမှ ပထမပွင့်တော်မူသည့်ဘုရား) |
၄။ | သက်တမ်း | – | ကိုးသောင်း |
၅။ | တိုင်းပြည် | – | သုဓညဝတီ |
၆။ | ခမည်းတော် | – | သုဒတ္တမင်း |
၇။ | မယ်တော် | – | စန္ဒာဒေဝီမိဖုရား |
၈။ | ဖွားမြင်ရာအရပ် | – | ဝရုဏဥယျာဉ်တော် |
၉။ | ကြင်ယာတော် | – | ဝိမလာဒေဝီမိဖုရား |
၁၀။ | သားတော် | – | ကဉ္စနာဝေဠမင်းသား |
၁၁။ | စည်းစိမ်ခံစားသည့်နှစ် | – | ၉၀၀၀ |
၁၂။ | စံနန်းတော် | – | သုနိမ္မလရွှေနန်းဆောင်၊ ဝိမလရွှေနန်းဆောင်၊ ဂိရိဂုဟာရွှေနန်းဆောင် |
၁၃။ | မောင်းမအခြံအရံ | – | ၃၃၀၀၀ |
၁၄။ | တောထွက်ယာဉ် | – | အာဇာနည်မြင်းကသော ရထား |
၁၅။ | အတူလိုက်ရဟန်းပြုသူ | – | တစ်ကုဋေ |
၁၆။ | ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့ ဃနာနို့ဆွမ်းအလှူရှင် | – | ဝရုဏပုဏ္ဏားရွာနေ ဝသဘပုဏ္ဏားသမီး |
၁၇။ | ပလ္လင်တော်အတွက် မြက်အလှူရှင် | – | သုဇာတ တက္ကတွန်း |
၁၈။ | ဒုက္ကရစရိယာကျင့်သည့်ကာလ | – | ခြောက်လ |
၁၉။ | ပလ္လင်ပမာဏ | – | ၅၃ တောင် |
၂၀။ | ဗောဓိပင် | – | ရေခံတက် |
၂၁။ | အရပ်တော် | – | အတောင် ၈၀ |
၂၂။ | ပကတိရောင်ခြည်တော် | – | အမြဲမရှိ၊ အလိုတော်ရှိသမျှ ကွန့်မြူးသည်။ |
၂၃။ | လက်ယာရံ အဂ္ဂသာဝက | – | ပါလိတ မထေရ် |
၂၄။ | လက်ဝဲရံ အဂ္ဂသာဝက | – | သဗ္ဗဒဿီ မထေရ် |
၂၅။ | အလုပ်အကျွေးရဟန်း | – | သောဘိတ မထေရ် |
၂၆။ | လက်ယာရံ အဂ္ဂသာဝိကာ | – | သုဇာတာ ထေရီမ |
၂၇။ | လက်ဝဲရံ အဂ္ဂသာဝိကာ | – | ဓမ္မဒိန္နာ ထေရီမ |
၂၈။ | အလုပ်အကျွေးဒါယကာ | – | သန္ဒကသူဌေး နှင့် ဓမ္မကသူဌေး |
၂၉။ | အလုပ်အကျွေးဒါယိကာမ | – | ဝိသာခါဥပါသိကာ နှင့် ဓမ္မဒိန္နဥပါသိကာ |
၃၀။ | ပရိနိဗ္ဗာန်ပြုရာအရပ် | – | အဿတ္ထအရာမ်(ညောင်ဗုဒ္ဓဟေအရာမ်)အတွင်း |
၃၁။ | ဓာတ်တော် | – | အဿတ္ထအရာမ်အတွင်းရှိ (၃)ယူဇနာအမြင့်ရှိ အသမ္ဘိန္နဓါတ်တော်စေတီ |
၃၂။ | ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း ဝင်သည့်တရားပွဲ | – | သုံးကြိမ် |
၃၃။ | သာဝကသန္နိပါတ (သာဝကအစည်းအဝေး) | – | သုံးကြိမ် |
၃၄။ | ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း | – | ကဿပပုဏ္ဏား |