အမှတ်စဉ်(၁၈) ဓမ္မဒဿီဘုရား
၁။ | ဘုရားရှင်ဘွဲ့တော် | – | ဓမ္မဒဿီ |
၂။ | ဘုရားပွင့်တော်မူသည့်အချိန် | – | ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် ကမ္ဘာပေါင်း ၁၈၀၀ ထက် |
၃။ | ဘုရားပွင့်တော်မူသည့်ကမ္ဘာ | – | ဝရကမ္ဘာ (ဘုရားသုံးဆူမှ နောက်ဆုံးပွင့်သည့်ဘုရား) |
၄။ | သက်တမ်း | – | တစ်သိန်း |
၅။ | တိုင်းပြည် | – | သရဏစ |
၆။ | ခမည်းတော် | – | သရဏမင်း |
၇။ | မယ်တော် | – | သုနန္ဒာဒေဝီမိဘုရား |
၈။ | ဖွားမြင်ရာအရပ် | – | သရဏမင်းဥယျာဉ် |
၉။ | ကြင်ယာတော် | – | ဝိစိကောဠိမိဘုရား |
၁၀။ | သားတော် | – | ပုညဝဌဎုနမင်းသား |
၁၁။ | စည်းစိမ်ခံစားသည့်နှစ် | – | ၈၀၀၀ |
၁၂။ | စံနန်းတော် | – | အရဇရွှနန်းဆောင်၊ ဝိရဇရွှေနန်းဆောင်၊ သုဒဿရွှေနန်းဆောင် |
၁၃။ | မောင်းမအခြံအရံ | – | ၄၃၀၀၀ |
၁၄။ | တောထွက်ယာဉ် | – | သုဒဿနရွှေနန်းပြဿာဒ်ယာဉ် |
၁၅။ | အတူလိုက်ရဟန်းပြုသူ | – | ကုဋေတစ်သိန်း |
၁၆။ | ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့ ဃနာနို့ဆွမ်းအလှူရှင် | – | ကြင်ယာတော်ဝိစိကောဠိ |
၁၇။ | ပလ္လင်တော်အတွက် မြက်အလှူရှင် | – | သီရိဝဎုန (မုယောခင်းဆောင့်) |
၁၈။ | ဒုက္ကရစရိယာကျင့်သည့်ကာလ | – | ခုနှစ်ရက် |
၁၉။ | ပလ္လင်ပမာဏ | – | ၅၃ တောင် |
၂၀။ | ဗောဓိပင် | – | မျက်နှာပန်းပင် (သံသတ်ပင်) |
၂၁။ | အရပ်တော် | – | အတောင် ၈၀ |
၂၂။ | ပကတိရောင်ခြည်တော် | – | အမြဲမရှိ အလိုတော်ရှိသမျှ ထွန်းလင်းသည် |
၂၃။ | လက်ယာရံ အဂ္ဂသာဝက | – | ပဒုမ မထေရ် |
၂၄။ | လက်ဝဲရံ အဂ္ဂသာဝက | – | ဖုဿဒေဝမထေရ် |
၂၅။ | အလုပ်အကျွေးရဟန်း | – | သုနေတ္တမထေရ် |
၂၆။ | လက်ယာရံ အဂ္ဂသာဝိကာ | – | ခေမာမထေရ် |
၂၇။ | လက်ဝဲရံ အဂ္ဂသာဝိကာ | – | သစ္စနာမာထေရီမ |
၂၈။ | အလုပ်အကျွေးဒါယကာ | – | သုဘဒ္ဒသူဌေးနှင့် ကဋိဿဟသူဌေး |
၂၉။ | အလုပ်အကျွေးဒါယိကာမ | – | သာဠိယာဥပါသိကာနှင့် ကဠိယာဥပါသိကာ |
၃၀။ | ပရိနိဗ္ဗာန်ပြုရာအရပ် | – | သာလာရာမ အရာမ်ကြီးအတွင်း သလဝတီမြို့ |
၃၁။ | ဓာတ်တော် | – | သာလာရာမအရာမ်အတွင်းရှိ (၃) ယူဇနာရှိ အသမ္ဘိန္နဓါတ်တော် စေတီတော် |
၃၂။ | ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း ဝင်သည့်တရားပွဲ | – | သုံးကြိမ် |
၃၃။ | သာဝကသန္နိပါတ (သာဝကအစည်းအဝေး) | – | သုံးကြိမ် |
၃၄။ | ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း | – | သိကြားမင်း |