အမှတ်စဉ်(၁၉) သိဒ္ဓတ္ထဘုရား
၁။ | ဘုရားရှင်ဘွဲ့တော် | – | သိဒ္ဓတ္ထ |
၂။ | ဘုရားပွင့်တော်မူသည့်အချိန် | – | ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် ၉၄ ကမ္ဘာထက် |
၃။ | ဘုရားပွင့်တော်မူသည့်ကမ္ဘာ | – | သာရကမ္ဘာ (ဘုရားတစ်ဆူတည်းပွင့်၏) |
၄။ | သက်တမ်း | – | တစ်သိန်း |
၅။ | တိုင်းပြည် | – | ဝေဘာရ |
၆။ | ခမည်းတော် | – | ဥဒေနမင်း |
၇။ | မယ်တော် | – | သုဖဿာမိဖုရား |
၈။ | ဖွားမြင်ရာအရပ် | – | ဝီရိဥယျာဉ် |
၉။ | ကြင်ယာတော် | – | သောမနဿဒေဝီမိဖုရား |
၁၀။ | သားတော် | – | အနုပမမင်းသား |
၁၁။ | စည်းစိမ်ခံစားသည့်နှစ် | – | ၁၀၀၀၀ |
၁၂။ | စံနန်းတော် | – | ကောကရွှေနန်းဆောင်၊ သုပ္ပရွှေနန်းဆောင်၊ ကောကနဒ ရွှေနန်းဆောင် |
၁၃။ | မောင်းမအခြံအရံ | – | ၄၈၀၀၀ |
၁၄။ | တောထွက်ယာဉ် | – | ရွှေထမ်းဆင် |
၁၅။ | အတူလိုက်ရဟန်းပြုသူ | – | ကုဋေတစ်သိန်း |
၁၆။ | ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့ ဃနာနို့ဆွမ်းအလှူရှင် | – | အသဒိသပုဏ္ဏားရွာနေ သုနေတ္တာပုဏ္ဏေးမ |
၁၇။ | ပလ္လင်တော်အတွက် မြက်အလှူရှင် | – | ဝရုဏ (မုယောခင်းဆောင့်) |
၁၈။ | ဒုက္ကရစရိယာကျင့်သည့်ကာလ | – | ဆယ်လ |
၁၉။ | ပလ္လင်ပမာဏ | – | အတောင် ၄၀ |
၂၀။ | ဗောဓိပင် | – | မဟာလှေကား |
၂၁။ | အရပ်တော် | – | အတောင် ၆၀ |
၂၂။ | ပကတိရောင်ခြည်တော် | – | အမြဲမရှိ အလိုတော်ရှိသမျှထွန်းလင်းသည် |
၂၃။ | လက်ယာရံ အဂ္ဂသာဝက | – | သဗ္ဗလ မထေရ် |
၂၄။ | လက်ဝဲရံ အဂ္ဂသာဝက | – | သုမိတ္တ မထေရ် |
၂၅။ | အလုပ်အကျွေးရဟန်း | – | ရေဝတ မထေရ် |
၂၆။ | လက်ယာရံ အဂ္ဂသာဝိကာ | – | သီဝလာ ထေရီမ |
၂၇။ | လက်ဝဲရံ အဂ္ဂသာဝိကာ | – | သုရာမာ ထေရီမ |
၂၈။ | အလုပ်အကျွေးဒါယကာ | – | သုပ္ပိယသူဌေးနှင့် သမုဒ္ဒသူဌေး |
၂၉။ | အလုပ်အကျွေးဒါယိကာမ | – | ရမ္မာဥပါသိကာနှင့် သုရမ္မာဥပါသိကာ |
၃၀။ | ပရိနိဗ္ဗာန်ပြုရာအရပ် | – | အနောမဥယျာဉ် ကဥ္စနဝေဠုမြို့အနီး |
၃၁။ | ဓာတ်တော် | – | အနောမဥယျာဉ်အတွင်းရှိ (၄)ယူဇနာြမင့်သည့် အသမ္ဘိန္နဓါတ်တော် စေတီတော် |
၃၂။ | ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း ဝင်သည့်တရားပွဲ | – | သုံးကြိမ် |
၃၃။ | သာဝကသန္နိပါတ (သာဝကအစည်းအဝေး) | – | သုံးကြိမ် |
၃၄။ | ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း | – | မင်္ဂလပုဏ္ဏား သုရသေနမြို့ (ရသေ့အဖြစ်ဖြင့် ဗျာဒိတ်ခံ၏) |