အမှတ်စဉ်(၂၀) တိဿဘုရား
၁။ | ဘုရားရှင်ဘွဲ့တော် | – | တိဿ |
၂။ | ဘုရားပွင့်တော်မူသည့်အချိန် | – | ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် ၉၂ ကမ္ဘာထက် |
၃။ | ဘုရားပွင့်တော်မူသည့်ကမ္ဘာ | – | မဏ္ဍကမ္ဘာ (ဘုရားနှစ်ဆူမှ ပထမပွင့်သည့်ဘုရား) |
၄။ | သက်တမ်း | – | တစ်သိန်း |
၅။ | တိုင်းပြည် | – | ခေမက |
၆။ | ခမည်းတော် | – | ဇနသန္ဓမင်း |
၇။ | မယ်တော် | – | ပဒုမာဓေဝီမိဖုရား |
၈။ | ဖွားမြင်ရာအရပ် | – | အနောမဥယျာဉ်တော် |
၉။ | ကြင်ယာတော် | – | သုဘဒ္ဒါဒေဝီမိဖုရား |
၁၀။ | သားတော် | – | အာနန္ဒာမင်းသား |
၁၁။ | စည်းစိမ်ခံစားသည့်နှစ် | – | ၇၀၀၀ |
၁၂။ | စံနန်းတော် | – | ဂုဟာသေလရွှေနန်းဆောင်၊ နာရိသဃရွှေနန်းဆောင်၊ နိသဘရွှေနန်းဆောင် |
၁၃။ | မောင်းမအခြံအရံ | – | ၃၀၀၀၀ |
၁၄။ | တောထွက်ယာဉ် | – | သောနုတ္တရ အာဇာနည်မြင်းတော် |
၁၅။ | အတူလိုက်ရဟန်းပြုသူ | – | တစ်ကုဋေ |
၁၆။ | ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့ ဃနာနို့ဆွမ်းအလှူရှင် | – | ဝီရနိဂုံးနေ ဝီရသူဌေးသမီး |
၁၇။ | ပလ္လင်တော်အတွက် မြက်အလှူရှင် | – | ဝိဇိတသင်္ဂါမက (မုယောခင်းဆောင့်) |
၁၈။ | ဒုက္ကရစရိယာကျင့်သည့်ကာလ | – | ရှစ်လ |
၁၉။ | ပလ္လင်ပမာဏ | – | အတောင် ၄၀ |
၂၀။ | ဗောဓိပင် | – | ပိတောက် |
၂၁။ | အရပ်တော် | – | အတောင် ၆၀ |
၂၂။ | ပကတိရောင်ခြည်တော် | – | အမြဲမရှိ အလိုတော်ရှိသမျှထွန်းလင်းသည် |
၂၃။ | လက်ယာရံ အဂ္ဂသာဝက | – | ဗြဟ္မဒေဝီ မထေရ် |
၂၄။ | လက်ဝဲရံ အဂ္ဂသာဝက | – | ဥဒယ မထေရ် |
၂၅။ | အလုပ်အကျွေးရဟန်း | – | သမင်္ဂ မထေရ် |
၂၆။ | လက်ယာရံ အဂ္ဂသာဝိကာ | – | ဖုဿာ ထေရီမ |
၂၇။ | လက်ဝဲရံ အဂ္ဂသာဝိကာ | – | သုဒတ္တာ ထေရီမ |
၂၈။ | အလုပ်အကျွေးဒါယကာ | – | သမ္ဗလသူဌေးနှင့် သိရိမာသူဌေး |
၂၉။ | အလုပ်အကျွေးဒါယိကာမ | – | ကိသာဂေါတမီ ဥပါသိကာနှင့် ဥပသေနာဥပါသိကာ |
၃၀။ | ပရိနိဗ္ဗာန်ပြုရာအရပ် | – | နန္ဒာရာမအရာမ် သုနန္ဒဝတီမြို့အနီး |
၃၁။ | ဓာတ်တော် | – | နန္ဒာရာမဥယျာဉ်အတွင်းရှိ (၃) ယူဇနာမြင့်သည့် အသမ္ဘိန္န ဓါတ်တော် စေတီတော် |
၃၂။ | ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း ဝင်သည့်တရားပွဲ | – | သုံးကြိမ် |
၃၃။ | သာဝကသန္နိပါတ (သာဝကအစည်းအဝေး) | – | သုံးကြိမ် |
၃၄။ | ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း | – | သုဇာတမင်း ယသဝတီမြို့ (ရသေ့အဖြစ်ဖြင့် ဗျာဒိတ်ခံ၏) |