အမှတ်စဉ်(၂၁) ဖုဿဘုရား
၁။ | ဘုရားရှင်ဘွဲ့တော် | – | ဖုဿ |
၂။ | ဘုရားပွင့်တော်မူသည့်အချိန် | – | ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် ၉၂ ကမ္ဘာထက် |
၃။ | ဘုရားပွင့်တော်မူသည့်ကမ္ဘာ | – | မဏ္ဍကမ္ဘာ (ဘုရားနှစ်ဆူမှ ဒုတိယပွင့်သည့်ဘုရား) |
၄။ | သက်တမ်း | – | ကိုးသောင်း |
၅။ | တိုင်းပြည် | – | ကာသိက |
၆။ | ခမည်းတော် | – | ဇယသေနမင်း |
၇။ | မယ်တော် | – | သီရိမာမိဖုရား |
၈။ | ဖွားမြင်ရာအရပ် | – | သီရိမာဥယျာဉ်တော် |
၉။ | ကြင်ယာတော် | – | ကိသာဂေါတမီမိဖုရား |
၁၀။ | သားတော် | – | အနုပမမင်းသား |
၁၁။ | စည်းစိမ်ခံစားသည့်နှစ် | – | ၉၀၀၀ |
၁၂။ | စံနန်းတော် | – | ဂရုဌပက္ခရွှေနန်းဆောင်၊ ဟံသရွှေနန်းဆောင်၊ သုဝဏ္ဏဘာရရွှေနန်းဆောင် |
၁၃။ | မောင်းမအခြံအရံ | – | ၃၀၀၀၀ |
၁၄။ | တောထွက်ယာဉ် | – | ဆင်ယာဉ် |
၁၅။ | အတူလိုက်ရဟန်းပြုသူ | – | တစ်ကုဋေ |
၁၆။ | ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့ ဃနာနို့ဆွမ်းအလှူရှင် | – | မထင်ရှားသောမြို့တစ်ခုမှ သူဌေးသမီး သိရိဝဎုာ |
၁၇။ | ပလ္လင်တော်အတွက် မြက်အလှူရှင် | – | သိရိဝဎုရသေ့ |
၁၈။ | ဒုက္ကရစရိယာကျင့်သည့်ကာလ | – | ခြောက်လ |
၁၉။ | ပလ္လင်ပမာဏ | – | ၃၈ တောင် |
၂၀။ | ဗောဓိပင် | – | ရှိရား |
၂၁။ | အရပ်တော် | – | ၅၈ တောင် |
၂၂။ | ပကတိရောင်ခြည်တော် | – | အမြဲမရှိ အလိုတော်ရှိသမျှထွန်းလင်းသည် |
၂၃။ | လက်ယာရံ အဂ္ဂသာဝက | – | သုရက္ခိတ မထေရ် |
၂၄။ | လက်ဝဲရံ အဂ္ဂသာဝက | – | ဓမ္မသေန မထေရ် |
၂၅။ | အလုပ်အကျွေးရဟန်း | – | သဘိယ မထေရ် |
၂၆။ | လက်ယာရံ အဂ္ဂသာဝိကာ | – | စာလာ ထေရီမ |
၂၇။ | လက်ဝဲရံ အဂ္ဂသာဝိကာ | – | ဥပစာလာ ထေရီမ |
၂၈။ | အလုပ်အကျွေးဒါယကာ | – | ဓနဥ္စယသူဌေး နှင့် ဝိသာခ သူဌေး |
၂၉။ | အလုပ်အကျွေးဒါယိကာမ | – | ပဒုမာ ဥပါသိကာနှင့် နာဂါဥပါသိကာ |
၃၀။ | ပရိနိဗ္ဗာန်ပြုရာအရပ် | – | သေနာအရာမ်ကြီး ကုသိနာရာပြည် |
၃၁။ | ဓာတ်တော် | – | အဓိဋ္ဌာန်ချက်အရဇမ္မူဒိပ်ကျွန်းတွင်အစိတ်စိတ်ကွဲပြားပျံ့နှံ့တည်သည် |
၃၂။ | ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း ဝင်သည့်တရားပွဲ | – | သုံးကြိမ် |
၃၃။ | သာဝကသန္နိပါတ (သာဝကအစည်းအဝေး) | – | သုံးကြိမ် |
၃၄။ | ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း | – | ဝိဇိတာဝီမင်း အရိမန္ဒမပြည် (ရဟန်းအဖြစ်ဖြင့် ဗျာဒိတ်ခံ၏) |
၃၅။ | အထွေထွေမှတ်ချက် | – | ဥရုဝေလကဿပမထေရ်လောင်းမင်းသားဘဝဖြင့် ဝါတွင်း(၃)လလုံး ဘုရားနှင့် သံဃာတို့အား လှူဒါန်းပူဇော်သည်။ |