အမှတ်စဉ်(၂၂) ဝိပဿီဘုရား
၁။ | ဘုရားရှင်ဘွဲ့တော် | – | ဝိပဿီ |
၂။ | ဘုရားပွင့်တော်မူသည့်အချိန် | – | ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် ၉၁ ကမ္ဘာထက် |
၃။ | ဘုရားပွင့်တော်မူသည့်ကမ္ဘာ | – | သာရကမ္ဘာ (ဘုရားတစ်ဆူတည်းပွင့်သည်) |
၄။ | သက်တမ်း | – | ရှစ်သောင်း |
၅။ | တိုင်းပြည် | – | ဗန္ဓုမတီ |
၆။ | ခမည်းတော် | – | ဗန္ဓုမမင်း |
၇။ | မယ်တော် | – | ဗန္ဓုမတီ မိဖုရား |
၈။ | ဖွားမြင်ရာအရပ် | – | ခေမမိဂဒါဝုန် ဥယျာဉ်တော် |
၉။ | ကြင်ယာတော် | – | သုဒဿနာဒေဝီ မိဖုရား (သုတနု မိဖုရား) |
၁၀။ | သားတော် | – | သမဝတ္တက္ခန္ဒ မင်းသား |
၁၁။ | စည်းစိမ်ခံစားသည့်နှစ် | – | ၈၀၀၀ |
၁၂။ | စံနန်းတော် | – | နန္ဒရွှေနန်းဆောင်၊ သုနန္ဒရွှေနန်းဆောင်၊ သီရိမာရွှေနန်းဆောင် |
၁၃။ | မောင်းမအခြံအရံ | – | တစ်သိန်းနှစ်သောင်း |
၁၄။ | တောထွက်ယာဉ် | – | အာဇာနည်မြင်းကသော ရထား |
၁၅။ | အတူလိုက်ရဟန်းပြုသူ | – | ၈၄၀၀၀ |
၁၆။ | ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့ ဃနာနို့ဆွမ်းအလှူရှင် | – | သုဒဿန သူဌေးသမီး |
၁၇။ | ပလ္လင်တော်အတွက် မြက်အလှူရှင် | – | သုဇာတ (မုယောခင်းစောင့်) |
၁၈။ | ဒုက္ကရစရိယာကျင့်သည့်ကာလ | – | (၈) လ |
၁၉။ | ပလ္လင်ပမာဏ | – | ၅၃ တောင် |
၂၀။ | ဗောဓိပင် | – | သခွတ် |
၂၁။ | အရပ်တော် | – | အတောင် ၈၀ |
၂၂။ | ပကတိရောင်ခြည်တော် | – | ထက်ဝန်းကျင် (၇) ယူဇနာတိုင် ကွန့်မြူးသည် |
၂၃။ | လက်ယာရံ အဂ္ဂသာဝက | – | ခဏ္ဍ မထေရ် |
၂၄။ | လက်ဝဲရံ အဂ္ဂသာဝက | – | တိဿ မထေရ် |
၂၅။ | အလုပ်အကျွေးရဟန်း | – | အသောက မထေရ် |
၂၆။ | လက်ယာရံ အဂ္ဂသာဝိကာ | – | စန္ဒာ ထေရီမ |
၂၇။ | လက်ဝဲရံ အဂ္ဂသာဝိကာ | – | စန္ဒမိတ္တာ ထေရီမ |
၂၈။ | အလုပ်အကျွေးဒါယကာ | – | ပနဗ္ဗသုမိတ္တ သူဌေး နှင့် နာဂ သူဌေး |
၂၉။ | အလုပ်အကျွေးဒါယိကာမ | – | သီရိမာ ဥပါသိကာနှင့် ဥတ္တရာ ဥပါသိကာ |
၃၀။ | ပရိနိဗ္ဗာန်ပြုရာအရပ် | – | သုမိတ္တအရာမ်ကြီးအတွင်း |
၃၁။ | ဓာတ်တော် | – | သုမိတ္တအရာမ်အတွင်း (၇)ယူဇနာမြင့်သည့် အသမ္ဘိန္နဓာတ်တော်စေတီ |
၃၂။ | ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း ဝင်သည့်တရားပွဲ | – | သုံးကြိမ် |
၃၃။ | သာဝကသန္နိပါတ (သာဝကအစည်းအဝေး) | – | သုံးကြိမ် |
၃၄။ | ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း | – | အတုလ နဂါးမင်း |
၃၅။ | ဆုတောင်း၍ဗျာဒိတ်ခံသည့်ရဟန်းပုဂ္ဂိုလ် | – | ဗန္ဓုမတီအနီဂရွာမှ ရှင်သီဝလိလောင်းရွာသား ပျားရည်နှင့်နို့ချဉ်လှူ၍ ဆုပန်သည်။ |
၃၆။ | ဆုတောင်း၍ဗျာဒိတ်ခံသည့်ရဟန်းမ | – | ဥပ္ပလဝဏ်ထေရီလောင်းအလှူပေး၍ဆုပန်သည်။ |
၃၇။ | ဆုတောင်း၍ဗျာဒိတ်ခံသည့်ဒါယကာ | – | ဇောတိကသူဌေးလောင်းကျောင်းလှူ၍ဆုပန်သည်။ |
၃၈။ | အထွေထွေမှတ်ချက် | – | အရှင်ကောဏ္ဍညလောင်း မဟာကာလသူကြွယ် ကိုးကြိမ်အဦးဒါနလှူ၊ အရှင်မဟာကဿပအလောင်း အပေါ်ရုံလှူသောဧကသာဋပုဏ္ဏား။ |