၁။ | ဘုရားရှင်ဘွဲ့တော် | – | သိခိ |
၂။ | ဘုရားပွင့်တော်မူသည့်အချိန် | – | ဘဒ္ဒကမ္ဘာမှ ပြန်ရေသော် ၃၁ ကမ္ဘာထက် |
၃။ | ဘုရားပွင့်တော်မူသည့်ကမ္ဘာ | – | မဏ္ဍကမ္ဘာ (ဘုရားနှစ်ဆူမှ ပထမပွင့်သည့်ဘုရား) |
၄။ | သက်တမ်း | – | ခုနစ်သောင်း |
၅။ | တိုင်းပြည် | – | အရုဏဝတီ |
၆။ | ခမည်းတော် | – | အရုဏမင်း |
၇။ | မယ်တော် | – | ပဘာဝတီ မိဖုရား |
၈။ | ဖွားမြင်ရာအရပ် | – | နိသဘ ဥယျာဉ်တော် |
၉။ | ကြင်ယာတော် | – | သဗ္ဗကာမာဒေဝီ မိဖုရား |
၁၀။ | သားတော် | – | အတုလ မင်းသား |
၁၁။ | စည်းစိမ်ခံစားသည့်နှစ် | – | ၇၀၀၀ |
၁၂။ | စံနန်းတော် | – | သုစန္ဒကရွှေနန်းဆောင်၊ ဂီရိရွှေနန်းဆောင်၊ ဝသဘရွှေနန်းဆောင် |
၁၃။ | မောင်းမအခြံအရံ | – | ၂၄၀၀၀ |
၁၄။ | တောထွက်ယာဉ် | – | ဆင်ယာဉ် |
၁၅။ | အတူလိုက်ရဟန်းပြုသူ | – | ခုနစ်သန်း |
၁၆။ | ဘုရားဖြစ်မည့်ကဆုန်လပြည့်နေ့ ဃနာနို့ဆွမ်းအလှူရှင် | – | သုဒဿနနိဂုံးနေ ဝိယဒဿီ သူဌေးသမီး |
၁၇။ | ပလ္လင်တော်အတွက် မြက်အလှူရှင် | – | အနောမဒသီ ရသေ့ |
၁၈။ | ဒုက္ကရစရိယာကျင့်သည့်ကာလ | – | (၈) လ |
၁၉။ | ပလ္လင်ပမာဏ | – | ၃၂ တောင် |
၂၀။ | ဗောဓိပင် | – | သရက်ဖြူ |
၂၁။ | အရပ်တော် | – | အတောင် ၇၀ |
၂၂။ | ပကတိရောင်ခြည်တော် | – | နေ့ညဉ့်အကြားမလပ် (၃) ယူဇနာတိုင် ကွန့်မြူးသည် |
၂၃။ | လက်ယာရံ အဂ္ဂသာဝက | – | အဘိဘူ မထေရ် |
၂၄။ | လက်ဝဲရံ အဂ္ဂသာဝက | – | သမ္ဘဝ မထေရ် |
၂၅။ | အလုပ်အကျွေးရဟန်း | – | ခေမင်္ကရ မထေရ် |
၂၆။ | လက်ယာရံ အဂ္ဂသာဝိကာ | – | သခိလာ ထေရီမ |
၂၇။ | လက်ဝဲရံ အဂ္ဂသာဝိကာ | – | ပဒုမာ ထေရီမ |
၂၈။ | အလုပ်အကျွေးဒါယကာ | – | သီရိဝဎု သူဌေး နှင့် နန္ဒ သူဌေး |
၂၉။ | အလုပ်အကျွေးဒါယိကာမ | – | စိတ္တာ ဥပါသိကာနှင့် သုဂုတ္တာ ဥပါသိကာ |
၃၀။ | ပရိနိဗ္ဗာန်ပြုရာအရပ် | – | အဿအရာမ်သီလဝတီမြို့အနီး |
၃၁။ | ဓာတ်တော် | – | (၃)ယူဇနာမြင့်သည့် အသမ္ဘိန္န ဓာတ်တော်စေတီ |
၃၂။ | ဓမ္မဘိသမယ(လူနတ်ဗြဟ္မာကျွတ်တမ်း ဝင်သည့်တရားပွဲ | – | သုံးကြိမ် |
၃၃။ | သာဝကသန္နိပါတ (သာဝကအစည်းအဝေး) | – | သုံးကြိမ် |
၃၄။ | ဗျာဒိတ်ခံယူသည့်ဂေါတမဘုရားလောင်း | – | အရိန္ဒမမင်း ပရိဘုတ္တမြို့ |